အပိုင်း (၂၀)

Start from the beginning
                                    

အဖေကျိုးနဲ့ အဖေ ချီ တို့ အပြင် အန်း မိသားစု ကလည်း ကျိုးချီ တစ်ယောက် မင်္ဂလာ အချိန်မှီ မရောက်မှာ စိုးရိမ်နေ ခဲ့ ကြတယ်။

မင်္ဂလာဆောင်ခါနီး လူကိုမှ နိုင်ငံအဆင့် လျှို့ဝှက်ပရောဂျက် ထဲ ဖိတ်သွားတာကြောင့် စိုးရိမ်မိသလို ဂုဏ်လည်း ယူမိလေတယ်။

ဖေဖေကျိူး ကတော့ ' နိုင်ငံ အဆင့် လျှို့ဝှက်ပရောဂျက် ' ဆိုတာ ကို ကြားရုံနဲ့ တင် ဒေါသ ထွက်တက်လေတယ်။ ဘာလို့လဲ ဆိုတော့ ချီရွေ့ ထိခိုက်ခဲ့လို့ပဲ ဖြစ်တယ်။ ဒါပေမယ့် ဘုရင်ကိုယ်တိုင်က တောင်းပန်စာလွှာ ပို့ပြီးတော့ မင်္ဂလာ ပွဲ မတိုင်ခင် ကျိူး အိမ်တော်ကို ပြန်ပို့ ပေးပါ့မယ် ဆိုလို့သာ သဘောတူလိုက်ရတာ ဖြစ်လေတယ်။

မနက်ဖြန်ဆို မင်္ဂလာပွဲ နေ့မလို့ အကုန်လုံး စိတ်လှုပ်ရှားနေပေမယ့် မနက်ဖြန် အစောထပြီးတော့ အလှပြင် ရမယ့် သတို့သား အိုမီဂါအန်း ကတော့ အစောကြီး အိပ်ယာဝင် သွားခဲ့ ပါပြီ။

သူ့ကလေးလေး က အချိန်မှီ ရောက်လာမယ် ဆိုတာ သူယုံပြီးသား ပဲ ဖြစ်လေတယ်။ သူ့ကလေးလေး က သူ့အတွက် လက်ထပ်လက်စွပ် ပြင်ထား ပြီးသား ဆိုတာ ကိုလည်း သိလေတယ်။

ဒါကြောင့် လုံးဝ စိတ်ပူပန်ခြင်း မရှိပဲ မနက်ဖြန် တစ်ချိန်လုံး တက်ကြွ နိုင်အောင်သာ အစောအိပ်ယာ ဝင်ခဲ့တာ ပဲ ဖြစ်လေတယ်။

ည ၁၁ နာရီ ကျတော့ ကျိူးချီ က ကိုယ်ပိုင်လေယာဥ်နဲ့ ကျွန်းကို ရောက်လာခဲ့တယ်။ သူများတွေ ကလည်း အိပ်နေပြီ ဖြစ်တာကြောင့် ကျိုးချီ လည်း အနှောင့်အယှက် မပေးတော့ပဲ သူအိပ်ရမယ့် အခန်းကိုသာ မေးလိုက်ရလေတယ်။

သူများတွေက အယ်ဖာ သတို့သားလေး က အခုလို ညကြီးရောက်ချ လာမယ်လို့ ကျိူးအိမ်တော်က ပါလာတဲ့ အလုပ်သမားတွေက ဘယ်ထင်ခဲ့ပါ့မလဲ။

သူတို့က သူတို့သခင်လေး အတွက် အခန်းကို သီးသန့် မပြင်ထားမိခဲ့ပေ။ ဒါ​ပေမယ့် သူတို့ သခင်လေး ကို ကြည့်ရတာ အရမ်းပင်ပန်း လာတဲ့ ပုံပေါ် လေတော့ အလုပ်သမားတစ်ယောက်က သတို့သား အိုမီဂါ အခန်းထဲကို ပဲ ပို့လိုက်ဖို့ ဆုံးဖြတ်ခဲ့လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now