အပိုင်း (၈)

Start from the beginning
                                    

သူ့အယ်ဖာ ကို တစ်ခြားသူတွေ သားရေ ကျတာ မခံနိုင်ပေ။

ကျိုးချီ ကတော့ သူ့ရဲ့ ဇီရှို့ကောကော ကို မတွေ့ရလို့ မျက်မှောင်ကြုတ် ထားမိရာကနေ အပြုံးတွေ ဖူးပွင့်လာခဲ့လေတယ်။

'' ရှောင်ချီ လေး ကောကောကို မတွေ့လို့ စိတ်ဆိုး သွားတာလား ''

'' ဟင့်အင်း ကျွန်တော် စိတ်မဆိုးပါဘူး စိတ်ပူ သွားတာပါ''

'' သွားကြစို့ ကောကော ကို မင်းပြောစရာ ရှိတယ် မဟုတ်လား ''

'' ဟုတ် သွားကြမယ်။ ကြွပါခမျာ ''

ကျိုးချီက ကားတံခါးကို လူကြီး လူကောင်း ဆန်ဆန် ဖွင့်ပေးကာ ခါးလေး ကိုင်းပြီးတော့ ပြုံးကာ ပြောလိုက်တယ်။

အန်းဇီရှို့ ကလည်း ခါးကိုင်းပြီး အရိုအသေ ပေးလိုက်ကာ ကားထဲကို ဝင်သွားလေတယ်။ နောက်တော့ ကားလေး က အရှိန်နဲ့ ပြေးထွက်သွား တော့တယ် ။

လူတိုင်းက အစောလေး တင်က စိတ်ကူးယဥ် ဆန်ဆန် မြင်ကွင်းလေး ထဲမှာ နစ်မြုပ်နေကြဆဲ ဖြစ်လေတယ်။ ထိုဟာကို စတင် ဖြိုခွဲလိုက် သူ ကတော့ အိုမီဂါတစ်ယောက် ဖြစ်ပြီး သူက အလန့်တကြား အော်လိုက်တယ်။

'' အိုက်ယား သူက ထိပ်တန်း သုတေသီ ကျိူးချီ မဟုတ်လား ။ သူက ဘာလို့ အဲ့ အိုမီဂါကို ခေါ်သွား ရတာလဲ ''

နောက်တော့ လူတိုင်း က တီးတိုး တီးတိုး သဖန်းပိုး လုပ်နေကြပြီးတော့ မသိတဲ့ တစ်ချို့ ကလည်း ကျိူးချီ က ဘယ်သူလဲ ဆိုတာ ကို ကြယ်ကွန်ရက် မှာ သွားပြီးတော့ ရှာကြည့်ကြလေတယ်။

ဟုတ်တာပေါ့။

ကျိုးချီကို မသိတဲ့လူ ဆိုတာကဘီတာ တွေပဲ ဖြစ်လေတယ်။ အယ်ဖာတိုင်း နဲ့ အိုမီဂါ တိုင်း ကတော့ ကျိူးချီ ဆိုတဲ့ သုတေသီ ကို ကောင်းကောင်း သိနေကြလေတယ်။

'' အဲ့တာ က အန်းဇီရှို့ မဟုတ်ဘူးလား။ သူနဲ့ ကျိူးချီ က ဘာတွေလဲ ''

'' ငါရှာတွေ့ပြီ ။ အန်းဇီရှို့နဲ့ ကျိူးချီ ရဲ့ ထိပ်တန်း ပယ်ရိုမုန်း တွေက ၉၈ ရာခိုင်းနှုန်းတောင် လိုက်ဖက် တာတဲ့ကွ ။ ကြည့်လိုက် ဗဟို စင်တာ ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဖိုရမ်မှာ တင်ထားတာလေ ''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now