၁၁၆ - ၁၂၀

106 10 0
                                    


  
    အပိုင်း(၁၁၆)
   
    ချန်ပေ ခေါင်းအသောကို ကိုက်နေသည်၊အဲဒီထူးဆန်းတဲ့ ကြက်ခြေအမှတ် ရဲ့ကြယ်အလင်းစက် လက်ညိုးနဲ့ ထိသွားပြီးနောက် သူအမြင်အာရုံက အမှောင်ဖုံးသွားခဲ့ပါတယ်။
   
    သူအမြင်အာရုံပြန်ရပြီး မျက်စိပြန်ဖွင့်သည့်အခါ နောက်ထက် သူနဲ့ စိမ်းသော နေရာတစ်ခုကို ထက်မှန်ရောက်လာပြန်ပါတယ်။

    သူက မျက်စိဖွင့်ပြီးနောက် အရင်ဆုံးလုပ်မိတာက ပတ်ဝန်းကျင်ကြီးကို သေသေချာချာ အကဲခတ်ကြည့်တာပါ။
   
    လေ့လာကြည့်သလောက် သူက တောအုပ်တစ်ခုထဲကို ရောက်နေတာပါ။အမှန်ဆုံးပြောရရင် သူက ရွှံပွက်အိုင် တစ်ခုထဲမှာရပ်နေတာပါ။
   
    သူခြေဒေါက်ဆီကနေ ပူနွေးတဲ့ခံစားချက်တို့ကို ခံစားမိသည် မဟုတ်ပါလား ထူးဆန်းတာက အမှန်ဆိုရင် ရွံအိုင်ထဲက ရေတွေက အေးရမှာပါ အခုတော့မအေးပဲ နွေးနေပါတယ်။
   
    ဒါကသဘာဝတရားကို လွန်ဆန်နေတာပါ။သူကပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အနီရောင် ထူးဆန်းသော အပင်တွေ အများကြီးကို မြင်နေတော့သည် ထို အပင်တွေကလဲ ထူးထူးဆန်းဆန်း ကိုအသက်ရှိနေသလို သူခံစားရသည်။
   
    ပြီးနောက် သူအကြည့်က ကောင်းကင်ဆီသို့ ဆက်လက်၍ ရောက်ရှိသွားပါတယ်။ထိုအခါ သူမြင်လိုက်ရတာက သွေးကဲ့သို့ ရဲရဲနီတောက်နေသော နေအကြီးကြီးသုံးလုံးဖြစ်ပါတယ်။
   
    ထို နေသုံးလုံး ဆီကနေမှ ပူပြင်းသော အပူချိန်တို့ကို သူခံစားနေမိသည်။ချန်ပေ သူရဲ့ နားလည်နိုင်စွမ်းထက် ပိုသောအဖြစ်ပျက်တို့ကို ဆက်တိုက် ကြုံနေရတာကြောင့် သူရူးများတာလားတောင် ထင်မိသွားသည်။
   
    "ငါ..ငါ.. ရူးသွားတာလားး.. ဟမ့်!? ငါ့အသံက။"
   
    သူစိတ်ထဲက ခံစားနေရတာကို အသံထွက်ရေရွတ်မိသွားသည်။ယင်းအခါသူအသံက မူရင်းသူအသံမဟုတ်ပဲ တုန်လှုပ်စရာကောင်းစွာ ကလေးတစ်ယောက်၏ အသံဖြစ်နေပါတယ်။
   
    အဲချိန်။
   
    ချန်ပေ နှင့်ဝေးကွာသော သွေးနေပင် တောအုပ်ထဲက သစ်ပင်တွေကြားမှာ လျင်မြန်ဖျတ်လတ်သော ပုံရိပ်တစ်ခုက ပြေးလွှားလာနေပါတယ်။
   
    ၎င်းက အလျင်မြန်ပြေးလာပါတယ် မကြာပါဘူး ၎င်းရဲ့အမြင်အာရုံထဲမှာ ခပ်လှမ်းလှမ်းက ရွံပွက်အိုင်ထဲက ချန်ပေ ကိုမြင်လိုက်တာကြောင့်၎င်းအသောကို ဝမ်းသာမိသွားသည်။
   
    "မင်းသာလေးး.."
   
    "မင်းသားလေး.. ကဒီကိုရောက်နေတာကို.. ကျုပ်ထင်းသားပဲ။"
   
    ၎င်းက အသံထွက်၍ အော်ပြောလိုက်လေသည်။ချန်ပေ ရုပ်တရက် တစ်စုံတစ်ယောက် ၏ အသံကိုကြားလိုက်ရတာကြောင့် သူက အသံထွက်ရာကို လည့်ကြည့်လိုက်ပါတယ်။
   
    ထိုအခါအနီရောင် ရဲရဲတောင်နေသော စစ်သူကြီး ချပ်ဝတ်တန်ဆာ နဲ့ နတ်ဆိုးဆိုးဆန်ဆန် ပုံရိပ်တစ်ခုက သူအမြင်အာရုံကို ဖမ်းစားလိုက်သည် သူကချက်ချင်းပဲ ကျောရိုးပါ ချမ်းလာမိပါတယ်။
   
    ယင်း ပုံရိပ်က အနီရောင် အသားရေရှိကာ၊ခေါင်းကဆံပင်ကလဲ အဖြူရောင်ရှိ၍၊ အနီရောင်ရှိသော ကျိုနှစ်ချောင်း ကလဲဆံပင်ဖြူဖြူကြားမှာ အထင်းသား ကိုပေါ်နေသည်။
   
    ၎င်းပုံစံသွင်ပြင်တို့က အသောကိုကြောက်ဖို့ကောင်းလှသည်။အမှတ်တမဲ့ ကြည့်မိရင်တောင် အိမ်မက်ဆိုးမက် နိုင်တဲ့အထိ ကိုကြောက်ဖို့ကောင်းလေသည်။
   
    "အိုး.. သောက်ကျိုးနည်းပဲ ဘာကောင်ကြီးလဲဟ။"
   
    ချန်ပေ ၎င်းနတ်ဆိုး ကိုမြင်လိုက်ရတော့ စိတ်ထဲရှော့အကြီးကြီးရသွားကာ ပါးစပ်ကနေမှ ထိတ်လန့်တကြား လွတ်ခနဲ့ အော်ဟစ်မိသွားသည်။
   
    "ဟမ့်.. မင်းသားလေး ဘာကောင်ကို တွေ့လိုက်လို့ ဒီအစေခံအိုကြီးကို ပြောပြလို့ရပါတယ်။"
   
    ချန်ပေ ၏ ရုပ်တရက် ထိတ်လန့်တကြား အော်လိုက်တဲ့အသံကြောင့် ထိုသူမျက်နာထက် လေးနက်သော အရိပ်ယောင်တွေပေါ်လာပါတော့တယ်။
   
    ၎င်းကခြေလှမ်းတို့ကို မရပ်တန့်ပဲ ချန်ပေ ဆီကိုအလျင်မြန်ဆုံးရောက်လာပါတယ်။၎င်း ချန်ပေ အနားကိုရောက်တာနဲ့ ချက်ချင်းကိုပဲ မျက်နာအမူရာ ကပြောင်းလဲ၍ မျက်မှောင်ကြုတ်သွားပါတယ်။
   
    ပြီးတော့ ချန်ပေ ကိုသေသေချာချာ စိုက်ကြည့်လိုက်ပါတယ်။မကြာပါဘူး ငရဲကနေတက်လာတဲ့ အေးစက်းစက် လေသံနဲ့..
   
    "မင်းဘယ်သူလဲကွ .. မင်းက မင်းသားလေး ချန်ခေး မဟုတ်ဘူး ပြောစမ်းမင်းက ဘယ်သူလဲ ရာရာစစ ငါတို့ မင်းသားလေး ကိုယ်ကိုဝင်စီးရဲတယ်ပေါ့ ဟုတ်လား မင်းဝိညာဉ် ငရဲမိုးကြီုး ၁၀၈ ခုစီရင်ပစ်မယ်ကွ.. အခုချက်ချင်း မင်းသားကိုယ်ထဲကနေထွက်သွားစမ်း။"
   
    အစေခံနတ်ဆိုးအိုကြီး ကကျယ်လောင်စွာ ပြောဆိုလိုက်သည်။၎င်းပြောဆို နေရင်းကနေ ၎င်း၏ ကိုယ်ထဲကနေ ကောင်းကင်တမျှ ပြင်းထန်လွန်းသော ဖိအားတို့က ဆက်တိုက်မြက့်တက် ပေါ်ထွက်လာတော့သည်။
   
    ထိုထွက်ပေါ်လာသော ဖိအားတို့ကြောင့် ချန်ပေ တောင်အသက်ရှူလို့မဝသလို မွန်းကြပ်လွန်းစွာ ခံစားလိုက်ရသည်။
   
    ကြောက်စရာကောင်းလွန်းတယ်! ဟုတ်ပါသည်။ထို နတ်ဆိုးအိုကြီးလောက် ကြောက်စရာကောင်းတဲ့ သူကိုသူ၌ တစ်ခါမှမမြင်ဖူးသေးပါဘုး။
   
    ကိုသေမင်း တောင်မှထိုသူနှင့်ယှဉ် ကြောက်စရာမကောင်းတော့ပေ။ကိုသေမင်း ဆိုတာက သူတွေ့ဖူးသမျှ အသန်မာဆုံးသူ ဖြစ်ပါတယ်။
   
    "ဟမ့်.. ခွေးကောင်မင်းငါပြောတာကို အဖက်မလုပ်ဘူးပေါ့ ဟုတ်လား။မင်းတွေ့မယ် ရာရာစစ ငါတို့ မင်းသားလေး ကိုယ်ထဲကို ဝင်စီးရဲတဲ့ကောင် မင်းမွေးဖွားလာတာကို နောင်တ ရစေရမယ်ကွာ ထွက်သွားခဲ့စမ်း {ငရဲဝိညာဉ်ဖျက်ဆီးခြင်း}.."ဟု
   
    ထို နတ်ဆိုးအစေခံက ကျယ်လောင်စွာ မာန်သွင်း ပြောဆိုလိုက်ကာ ယင်းနောက် အနီရောင် အလင်းစက်တွေ စုစည်းလာတဲ့ လက်ဝါးနဲ့အတူ ချန်ပေ ၏ခေါင်းကို ရိုက်ထည့် လိုက်ပါတော့တယ်။
   
    နီရဲနေသော လက်ဝါးကသူ၏ နောက်ဆုံးမြင်ရတဲ့ အရာဖြစ်ပါတယ်။ထိုနောက်သူ အမြင်အာရုံတို့က ချက်ချင်းပဲအမှောင်တိကျကာ သူဝိညာဉ်ကလဲ အမှောင်ကမ္ဘာ ထဲကို တစ်ဖန်ပြန်ရောက်ရှိ သွားတော့သည်။
   
    "ဒင်။
    သင် အကြိမ် ၁၀၀၀ သေဆုံးသွားပါသည်။
    ဝိညာဉ် အပိုင်းစ ၁၀ ပုံ ၉ ပုံလောက် ပျက်ဆီးသွားပါသည်။
    ပြင်ဆင်ချိန် ၄၈ နာရီ။"ဟု
   
    ရုပ်တရက် ပျောက်ကွယ်နေတဲ့ စနစ် ၏အသိပေးသံကား ထွက်လာခဲ့တော့သည်။
   
    ချန်ပေ။
    "...."
   
    [ငါနားကြားမှားသွားတာလားး.. ဟေ့စနစ် စောနကပဲငါ အကြိမ် ၁၀၀၀ လောက်သေသွားတယ်လို့ မင်း ပြောလိုက်တာလား။]
   
    အမှောင်ကမ္ဘာမှာ သူက ကျယ်လောင်စွာ တွေးတောမိတော့သည်။
   
    [ဒင်။
    အရှင် နားကြားမမှားပါဘူး အရှင်။
    စောနကပဲ အရှင် အကြိမ် ၁၀၀၀ လောက်သေဆုံးခဲ့ပါတယ်။
    ပြီးတော့ ရှေးဟောင်းနတ်ဆိုးအို(ရှေးဟောင်းနတ်ဘုရား နဲ့ တစ်ဆင့်တည်းပါ။)ရဲ့ ဝိညာဉ်တိုက်ခိုက်မှု ကြောင့် အရှင် ရဲ့ ဝိညာဉ် ၁၀ ပုံ ၉ ပုံ လောက်က ပျက်ဆီး သွားပါတယ်။]ဟု
   
    စနစ် ကအတွေးစကားကနေ တစ်ဆင့်ရှင်းပြလေသည်။ချန်ပေ ကတော့ ဘာပြောရမှန်းကို မသိတော့ပါဘူး ရှေးဟောင်းနတ်ဆိုးအို တဲ့လား။ပြီးတော့ ဝိညာဉ်ပျက်ဆီးမှု တကယ်ကိုစိတ်ညစ်စရာပဲ။ဤနေ့တော့သူ တကယ်ကို နားမလည်နိုင်တဲ့ စကားတွေကိုသူ ကြားရတာအသောကို များလှနေပြီဟေ့။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now