၁၁ မှ ၁၅

276 18 2
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၁၁)

"ကဒင်။
အမည် = ကျင်ကျ။
ရင်းနှီးမှု = ၅၅ မှတ်။(ဖော်ရွေသည်)။"

ဖန်သားပြင်က စာကြောင်းတွေကို ဖတ်ရင်း ချန်ပေ အသောလေးအံ့အားသင့်မိပါတယ်။

ကျင်ကျ ကတော့ပျော်ရွင်စွာ ကစားနေပါတယ် သူမကအပြင်လောကကို မရောက်ဖူးသေးတဲ့ ကလေးငယ်လိုပဲ အရာရာတိုင်း က သူမအတွက် ဆန်းသစ် နေလေသည်။

ထိုနောက်တော့။

"လာ ကျင်ကျ သွားကျမယ် "

ချန်ပေ သူမကိုခေါ်ပြီး ထိုနေရာကနေ ထွက်သွားလိုက်ပါတယ်။သူကဆရာတံဆိပ်ပြားကို ဟိုကပ်ပါးမ ဆီမှာ သွားတောင်းဖို့ဆုံးဖြတ်လိုက်သည်။

အဲဒီနေရာကနေထွက်လာတော့ သူက ထူးဆန်းတဲ့ လမ်းကြောင်းတစ်ခုကို မြင်လိုက်ရသည် အောက်ခံကိုရောင်စုံကာလာကျောက်တုံး တွေနဲ့ ခင်းကျင်းထားတဲ့ အံဖွယ်လမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။

သူများအမြင်မှားနေတာလားထင်မိခဲ့တယ် အစောပိုင်း အူးယားဖားယား ပြေးလာတုန်းက ဤလမ်းကို သူ မတွေ့ခဲ့ပါဘူး။

"ဘာလဲဟ ဒီလမ်းကြောင်းက ငါပြေးလာတုန်းက မရှိပါဘူး နေပါအုံး ဒီလမ်းက တစ်နေရာရာကို ဦးတည်နေတာဖြစ်မယ် "

စိတ်ထဲမှာ စူးစမ်းချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပြီ အဲဒါကြောင့် ကျင်ကျ ကိုခေါ်ကာ လမ်းကြောင်း အတိုင်း လျှောက်လှမ်းသွားခဲ့မိတော့သည် ။

အတန်ကြာလျှောက်လှမ်းပြီးနောက် မှာတော့ သူ မြင်ကွင်းထဲကို ထူးဆန်းလှတဲ့ အဆောက်ဦး တစ်ခုပုံရိပ်ကဖမ်းစားသွားပါတယ် အဲဒါကို..

အဝေးကနေကြည့်ရတာ ဘုရားကျောင်းနဲ့တူညီ နေပါတယ် အထူးသဖြင့် အဆောက်ဦး ထိပ်ပိုင်းက လက်ဝါးတိုင် လိုတည်ရှိနေတဲ့ ကျောက်တိုင် ကြီးဖြစ်ပါတယ်။

"ဘာ အဆောက်ဦးကြီးလဲ မသိဘူး ငါသွားကြည့်ရင် ကောင်းမလား .. ဟုတ်ပြီ သွားကြည့်မယ် "လို့

သူ ဆုံးဖြတ်ချက်ချ လိုက်ပါတယ် အဲဒီနောက် ပတ်ဝန်းကျင် ကိုငေးကြောင်ကြောင်လုပ်နေတဲ့ ကျင်ကျ လက်ကိုဆွဲကိုင်ပြီး ထိုအဆောက်ဦး ထဲသို့ ဦးတည်ကာ ထွက်သွားခဲ့တော့သည်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now