၄၆ မှ ၅၀

188 21 0
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၄၆)

ဗစ်တိုးရီးယား ရဲ့သနားကမား အမူရာကြောင့်ပတ်ဝန်းကျင်ရှိပုရိသတိုင်းက အသည်းတေနာလာကုန်တော့သည်။

သူတို့ကသူမကို အသက်နဲ့ရင်းပြီးကာကွယ်ချင်သော စိတ်တွေတဖွားဖွားပေါ်လာကုန်တော့တယ် ချန်ပေ တောင်ဘာပြောရမှန်းမသိတော့ဘူး။

သူမကိုအပြစ်တင် ရမှာတောင် တွန့်ဆုတ်မိတော့တယ်။

"တော်တော်လိုက်တော့.. မင်းအဲလိုလုပ်လည်း.. မင်းကိုအပြစ်မပေးဘူးလို့.. မထင်နဲ့။"ဟု

သူ ပြောလိုက်တဲ့စကားကိုကြားတော့ ဗစ်တိုးရီးယား ကပို၍တောင်သနားစရာကောင်းအောင်ပြုမူနေပါတော့တယ်။

သူမအဲလိုလုပ်လိုက်တော့ သူ တောင်မခံစားနိုင်တော့ဘူး တကယ်တော့ သူမတို့က သူ ရဲ့အချစ်ဆုံးလေးတေမလား။

ဗစ်တိုးရီးယား က ချန်ပေ ကိုအားကိုးသကြီးမော့ကြည့်နေပါတယ်။

သူမ၏အကြည့်တို့ကြောင့် ပတ်ဝန်းကျင်ရှိအမျိုးသားတေတင်မကဘူး အမျိုးသမီးတွေတောင်သူမကိုချစ်ပင်ချစ်ခင်သွားကုန်တော့သည်။

သူမကိုအပြစ်ပေးဖို့လုပ်နေတဲ့ စုပန် ပန်မု တို့တောင် သူမကိုအပြစ်မပေးဝံ့တော့ပေ သူမတို့တောင် ဗစ်တိုးရီးယား ၏သရုပ်ဆောင်မှုအောက် ကျရှုံးသွားရခဲ့ပါ၏။

"ထားလိုက်တော့ကွာ.. လာမင်းတို့နှစ်ယောက်.. ငါနဲ့ပြန်လိုက်ခဲ့။"ဟု
ချန်ပေ နှုတ်ခမ်းကနေ အဲဒီစကားတွေထွက်လာမိတော့သည်။

ချန်ပေ စကားကိုကြားတော့မှာ ဗစ်တိုးရီးယား အလွန်ကိုပျော်ရွင်သွားပါတယ် နောက်ဆုံးတော့သူမရဲ့လုပ်ဆောင်မှုတို့က။

အကျိုးရှိသွားသည် မဟုတ်ပါလား။

"ဟုတ်ကဲ့ဆရာ."ဟု

သူမကတက်ကြွစွာဆိုရင်း ကျင့်ကျ အနားကိုသွားလိုက်ကာ ချန်ပေ နောက်ကိုလိမ္မာစွာ လိုက်လာခဲ့တော့သည်။

"ဟိဟိ.. အားလုံးပဲ.. နှုတ်ဆက်ပါနော်.. နောက်မှတွေ့မယ်.."ဟု

ဗစ်တိုးရီးယား ကအဲဒီစကားတို့ကိုပုရိသတိုင်းကိုရောဂါဖြစ်စေသော အပြုံးသေနတ်ဖြင့်ပစ်ခတ်၍ ပြောဆိုခဲ့တော့သည်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now