အပိုင်း ၅

353 28 0
                                    

S.K။
    ပြန်ဝင်စားခြင်း သေဆုံးသော နတ်ဘုရား။
    အပိုင်း(၅)
   
    အခန်းတစ်ခုလုံးကို သန့်ရှင်းရေး လုပ်လိုက်ပါတယ် အပြင်ထွက်ပြီး အခန်းထဲကို ကြည့်ရှုတယ် သိပ်စိတ်တိုင်းမကျလို့ ခုံတွေသန့်ရှင်းရေး လုပ်ပြီး ညီညာအောင် တန်းစီကာ ထားလိုက်တယ်။
   
    အဲဒီအခါမှစိတ်ကျေနပ်သွားတယ် အခုတော့သူ ဘာလုပ်ရမလဲ ဒီတိုင်းကြီးအခန်းထဲမှာ ဖင်မြဲထိုင်နေတာကတော့ တပည့်တစ်ယောက်မှရမှာမဟုတ်ဘူး အဲဒါကြောင့် ကျောင်းတော် ထဲရှိတဲ့နေရာတိုင်းကို သွားစူးစမ်းဖို့သူ စိတ်ကူးရလိုက်သည်။
   
    အဲဒါကြောင့် ချန်ပေ အဝတ်စားကို သပ်ရပ်အောင်ပြင်ဆင်ပြီး ဆရာနာမည်နဲ့လိုက်အောင် ကိုယ်ကိုမတ်ရင်ကော့ကာ အပြင်ဖက်သို့ထွက်လာခဲ့တော့သည်။
   
    သူရဲ့စာသင်ခန်းနှင့်ဘေးခြင်းကပ် စာသင်ခန်းကို အရင်ဆုံး စူးစမ်းဖို့စဉ်းစားမိလိုက်တယ် မနှေးမမြန်ခြေလှမ်းနဲ့ လျှောက်လိုက်တာ အဲအခန်းဝကိုရောက်ရှိလာတာပဲ E.01 တဲ့အခန်းနာမည်က ချန်ပေ အထဲကိုနားစွင့်ကြည့်လိုက်တယ်။
   
    အထဲမှာတော့ အသံပေါင်းစုံက ဆူညံနေတာပဲ ကြည့်ရတာ အတန်းပိုင်ဆရာ မရှိဘူးနဲ့တူတယ် အဲဒါကြောင့်အခြေနေကို သိရဖို့ သူ အခန်းတံခါးကို တိုးတိုးလေးနဲ့ သခိုးပမာဖွင့်လိုက်တယ်။
   
    ဖြစ်ချင်တော့တံခါးဖွင့်သံက အသောလေးကိုကျယ်သွားတယ်.. သူ တံခါးအဟလေးကနေ ခေါင်းပြူးကာ အတန်းတွင်းကို စူးစမ်းကြည့်လိုက်တယ်။
   
    ရုတ်ချည်း ယခင်က ဆူညံနေတဲ့ အသံကကြက်ပျောက်ငှက်ပျောက် ကုန်ပါတယ် အားလုံးက သူဆီကို အကြည့်ရောက်ရှိလာတယ် ခေါင်းသာအထဲဝင်ပြီး ကိုယ်ကအပြင်ဖက်မှာဆိုတော့ အတော့ကို ထူးဆန်းတဲ့ဟာဖြစ်သွားပါတယ်။
   
    "..ဟေ့လူ.. ခင်ဗျား ကဘာလဲ ဘာလို့ကျုပ်တို့ အတန်းကိုဒီလို လာခိုးကြည့်နေတာလဲ ခင်ဗျား မဟုတ်တာတစ်ခုခု ကြံစည်နေတာလားး?"
   
    အတန်းထဲက သူနဲ့အနီးဆုံးမှာရှိတဲ့ ကောင်လေးတစ်ယောက်က ပြောဆိုလိုက်တယ် သူ့စကားကြောင့် အတန်းတစ်ခုလုံးရှိ ကျောင်းသားတိုင်း သံသယမျက်လုံးတွေနဲ့ စိုက်ကြည့်ကြကုန်တယ်။
   
    ရှက်ဖို့ကောင်းတာကွာ ခိုးကြည့်ပါတယ် ဆိုကာမှလူမိလိုက်ရတယ်လို့ ချန်ပေ တော်တော်ရှက်သွားတယ် သူ လုပ်ရပ်ကဆရာ ရဲ့ ဂုဏ်သိက္ခာ ကိုကျဆင်းစေနိုင်တယ်မလား။
   
    အဲဒါကြောင့်ကိုယ့်ကို အိနြေ္ဒဆယ်ပြီး ခပ်တည်တည်ပဲ တံခါးကိုဖွင့်ကာ အတန်းထဲလျှောက်ဝင်လာတယ် ပြီးတော့ကျောက်တင်ပုံးရှေ့ ဝင်ရပ်လိုက်တယ် သူကချောလဲရောထိုင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ မလုပ်ရင် အရှက်တွေ ကွဲကုန်မှာပါ။
   
    "..အဟမ်း..ဟမ်း.. ငါကနာမည်က  ချန်ပေ.. ဆရာ တစ်ယောက်ပဲ ငါမင်းတို့ ဆရာ မရှိချိန်အတန်းထဲမှာ ဘာတွေမဟုတ်ကဟုတ်က လုပ်နေတာလဲဆိုတာ သိချင်လို့လာကြည့်တာပါ ရှင်းပြီလားး"
   
    သူဟန်ဆောင်ပန်ဆောင် ပြောလိုက်တယ် စိတ်ထဲမှာတော့ တော်တော်လေးလန့်နေမိတုန်းပဲ အတန်းသားတိုင်း ကအခုထိ သံသယ မကင်းသေးဘူး သူတို့ကစူးကြည့်နေတုန်းပဲ။
   
    "..ဟေ့လူ ခင်ဗျား က ဆရာ လို့ပြောတိုင်း ကျုပ်တို့က ယုံရမှာလားး ကျုပ်တို့ကိုသူငယ်နှပ်စားထင်နေတာလား ပြောမှန်မှန်ပြောစမ်း ခင်ဗျား ဆရာဖြစ်ကြောင်း တံဆိပ်ပြားကို ပြအဲဒါဆိုရင်။ ခင်ဗျား ဆရာဖြစ်တယ်ဆိုတာ ကျုပ်တို့ယုံလိုက်မယ် မဟုတ်ရင်တော့ ခင်ဗျား ကမဟုတ်တရုပ် အကြံစည်တွေနဲ့ ဒီအတန်းကို လာချောင်းနေတာပဲ.."
   
    ကျောင်းသားတစ်ယောက်က ပြောဆိုလိုက်တယ် သူ့စကားကြောင့် ချန်ပေ ကြောင်လိုက်တယ် ဆရာတံဆိပ်ဟုတ်လား အဲဒါကဘာလဲ သူမှာမရှိဘူး ကပ်ပါးမကလဲ သူကို ဘာမှပေးမသွားဘူး အခက်ကြုံရပြီ သူဘာဆက်လုပ်ရမှာတုန်း။
   
    "အာ.. ဟားဟား တံဆိပ် လားးငါအခန်းထဲမှာ မေ့ကျန်ခဲ့တယ် အခုမှပြန်သတိမိတယ်..ငါယူမလာမိဘူး.. ထင်တယ်.."
   
   သူခေါင်းကုတ်ပြီးအတည်ပေါက် မျက်နာပေးနဲ့ ပြောလိုက်တယ် ဟိုကောင်တွေ မျက်နာထားက ချက်ချင်းမဲ့ ကုန်တော့တယ် ရုတ်ချည်း ရှေ့ဆုံးတစ်ယောက်က ငေါက်ကနဲ့ ထရပ်ပြီး သူ့ကိုလက်ညိုးထားကာ ကျယ်လောင်စွာ ပြောဆိုလိုက်တယ်။
   
    ".ဟေ့ကောင်တွေ.. ဒီကောင်က လူလိမ်ပဲ... ဝိုင်းရိုက်ဟေ့.. ဒီကောင်ပုံစံကလူကောင်း ဖြစ်မယ်ပုံ မဟုတ်ဘူးး ငါတို့သူ့ကိုဖမ်းပြီး စစ်ဆေးရမယ်.."
   
    "သောက်ကျိူးနည်း ပြီပြေးဟ.. "
   
    ချန်ပေ ကမန်းကတမ်း အတန်းထဲကနေ ပြေးထွက်ခဲ့ရတော့တယ် ဒါပေမယ့်အဲကောင်တွေက ဇွဲမလျော့ဘူး သူနောက်ကိုလိုက်လာတယ် စည်းလုံးချက်ကတော့ တစ်တန်းလုံးထွက်လာတာပဲ ချန်ပေ အသောကို သေချင်စော်နံလာတယ်။
   
    "..ခွေးမ.. ဟန်မူရာ.. ဒင်းကိုမကျေဘူးကွ..ချီးပဲကွာ..!! အားး.. သားတို့. ဆရာက တကယ့် ဆရာ ပါကွာ.."
   
    ".အောင်မှာ သခိုးကောင် ခင်ဗျား ပြောတာကိုကျုပ်တို့ယုံမယ် ထင်နေတာလား.. ဆုတောင်းလိုက်.. ဟေ့ကောင် ချီတိုက်ကွက် သုံးလိုက်.. "
   
    "ဟားဟား.. စိတ်ကြိုက်ပဲဟေ့ ငါပျင်းနေတာနဲ့ အသောဟေ့အရှေ့က သခိုးကောင် ခင်ဗျား တစ်ခါတည်းကန့် မသွားဖို့ ပြင်ဆင်ထားလိုက်.. ငိငိ လာစမ်းး {သစ်အနွယ်ဆူးကြိုးး}.."
   
    ရုပ်တရက် ကျောင်းသားထဲက တစ်ယောက်အော်ပြောလိုက်တယ် သူ့စကားကြောင့် ချန်ပေ ကြက်သီးတောင်ထလာမိတယ် မကြာဘူး အဲကောင်က ဘာလုပ်လိုက်တာလဲမသိ သူ့လက်ကနေ အစိမ်းရောင်နွယ်ကြိုးရှည်ကြီး တစ်ချောင်းက သူဆီကိုပြးလာတယ်။
   
    "..ချီးမှပဲကွာ. ဘာကြီးလဲဟ..~~"
   
    ချန်ပေ မျက်လုံးပြူး၍ ပါးစပ်မှ လွတ်ခနဲ့ အော်ဟစ်မိသွားတယ် နွယ်ကြိုးကအရမ်းနီးကပ်လာခဲ့ပြီ ရွေးချယ်စရာမရှိဘူး သူ ပျာပျာရာရာ နဲ့ ဘယ်ဖက်ကို လိမ့်ခုန်ကာရှောင်တိမ်းလိုက်တယ်။
   
    ဝေါကနဲ့ နွယ်ကြိုးကလေအေးကို သယ်ဆောင်ပြီး သူနားလေးကနေကျော်ဖြတ်သွားပါတယ် ချန်ပေ ကျောချမ်းသွားမိတယ် အဲဒါသာ သူကိုထိလိုက်ရင်ဘယ်လိုဖြစ်မလဲဆိုတာ တွေးတောင်မတွေးရဲဘူး။
   
    သူရဲ့ဆရာ ပထမဆုံးနေ့ကတော့ ကျောင်းသားများ ဝိုင်းလိုက်ခံခဲ့ရတာပဲ တော်တော်ကို ဆိုးရွားလေသည်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now