၅၁ မှ ၅၅

175 14 0
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၅၁)

ချန်ပေ ဓားမြောင်ကိုခုတ်ရမ်းကစားကြည့်ရင်း အဲဒါကိုအသာလေးကြိုက်နှစ်သက် မိသွားသည်။

အဲဒါကပေါ့ပါး တာကြောင့်အသာလေးပင် ခုတ်လို့ရပါတယ်။

ထိုတင်မကပါဘူး ဓားသွားတွေကလဲ ထင်မထားလောက်အောင် ထက်မြက်နေသေးသည်။

ပြီးတော့ပုံပန်းသဏ္ဍာန် တို့ကလည်း လက်ရာမြောက်ပြီးအနီးကပ်တိုက်ပွဲမှာ သေချာပေါက်ကို အစွမ်းပြနိုင်မည်လက်နက်တစ်ခုပါ။

ချွမ်းဝှစ်ဝှစ်....
လေတိုးသံနဲ့အတူ။

ဓားချက်တိုင်းကပုံစံကိုတောင် ထင်ခြားစွာမမြင်ရတော့တဲ့ အထိကိုလျင်မြန်လာခဲ့သည်။

သူကအဲဒါကိုသုံးလေးကြိမ်လောက် ကစားပြီးနောက်ပြန်သိမ်းလိုက်ပါတယ်။

စနစ်ကဓားအိမ်ကိုပါတစ်ခါတည်းပေးထားတယ် ဓားအိမ်ကလည်း အသောကို လက်ရာမြောက်ပါတယ်။

ဒီဓားကိုဘယ်သူက ထုဆစ်လုပ်ထားလည်း ဆိုတာမသိပေမယ့် သူ့ကိုတော့ သူတကယ်ကိုလေးစားမိပါတယ်။

ဓားကို စနစ် သိုလှောင်မှု အကန့်ထဲမှာ ပြန်သိမ်းဆည်း ပြီးနောက် ချန်ပေ ကကျင်ကျ ကိုခေါ်လိုက်ပါတယ်။

"ကျင်အာ.. ဆရာ ဆီလာပါအုံးး.."

ချန်ကေ စကားကြားတော့ သူမ ထိုင်ခုံကနေ ထရပ်လိုက်တယ် ပြီးတော့ သူဆီရောက်လာပါတယ် သူမအနားရောက်တော့ ချန်ပေ ကိုကြည့်လိုက်ကာ..

"ကျင်ကျ?.. ဝူ.!!"

သူမက ပြောဆိုလိုက်ပါတယ် သူမ ပြောတာကို သာမန်လူတွေက ဘယ်လိုမှ နားမလည်နိုင်ပေမယ့်။

သူကတော့ နားလည်ပါတယ် အဲဒါကြောင့် သူမကို ပြုံးပြလိုက်တယ်။

သူမက သူ ကိုကြည့်ပြီး ဘာကိစ္စရှိလို့လည်း ဟု အကြည့်ဖြင့်ကြည့် နေပါတယ်။

"ကျင်အာ.. ဆရာပြောတာ သေချာနားထောင်နော် အခု ဆရာ ကမင်းကို အရမ်းအံ့သြစရာကောင်းတဲ့ ဟာပြမယ် မင်းသေသေချာချာ ကြည့်နေနော်"ဟု

သူက အသံကို အချိုသာဆုံး ပြောင်းလဲပြီးတော့ သူမကို စိတ်ပါဝင်စားအောင် ပြောဆိုလိုက်သည်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now