၆၁ - ၆၅

155 15 0
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၆၁)

စုစု ကဘာမှတောင် ခုခံလို့မရတော့ပဲ သူမ ထူးဆန်းတဲ့ ကုဗတုံး ထဲဝင်ရောက်သွားတာကို ချန်ပေ ကိုယ့်မျက်လုံးကိုတောင် မယုံကြည်ချင်အထိ ကြည့်နေရသည် အဲဒီမြင်ကွင်း၏ ထိတ်လန့်မှုကြောင့်ပဲ ပါးစပ်ကပါ ယောင်ရမ်း၍ ရေရွတ်မိသွားတယ်..

"သောက်ကျိုးနည်း! ဒါက ဘယ်လိုဖြစ်သွားတာလဲဟ?!.. ဟေ့ စနစ် ကောင်မင်းငါကို ပေးလိုက်တဲ့ အဲအတုံးလေးက ဘာလဲကွ အဲဒါက ဘယ်လိုလုပ်ပြီး သူမလို မွန်းစတားကြီးကိုတောင် ဖမ်းနိုင်သွားတာလဲ!"

သူ လုံးဝကို သိချင်သွားပါပြီ အဲဒါကြောင့် ထုတ်ဖော် မေးမြန်းလိုက်ပါတယ်..

"ဒင်။
အဲဒါက အဲဒီလိုရှိတယ် အရှင်။"

"ဘယ်လိုရှိတာလဲ ငါ့ကို လူလိုနားလည်အောင် ပြော.."

"ဒင်။
ဟုတ်ကဲ့ အရှင်.. အဲဒါကို သားရဲဖမ်းကြယ်ဓတ်လုံး လို့ခေါ်ပါတယ် အရှင်။"

စနစ် ကပြောလိုက်ပါတယ် သူ နှုတ်ခမ်းမဲ့မိသွားပါတယ်..

"ဟေ့ကောင် မင်းငါ့ကို နောက်နေတာလား! ဘယ်ကသာ ဓတ်လုံးရမှာလည်း အဲဒါက လေးထောင့်လေ.."ဟု

မျက်နာသေကြီးနဲ့ ပြောမိပါတယ် .. ချန်ပေ ကြောင့် စနစ် စိတ်မရှည်တော့ပါဘူး..

"ဒင်။
့အရှင် ကျေးဇူးပြုပြီး စနစ် စကားကို ဖြတ်မပြောပါနဲ့လားး အဲဒါဆိုရင် အဲဒီဟာအကြောင်း အားလုံးကို သေသေချာချာ ရှင်းပြပေးမယ်။"

လို့ စနစ် ကသတိပေး စကားသံထွက်လာပါတယ် သူပြောတော့မှ သူက စိတ်လောပြီး သူ့ပြောတာကို ဖြတ်ဖြတ်ပြောမိတာကို သတိရမိသည်..

"အာ.. ဟုတ်သားပဲ.. ဆောရီး.. ဆက်ပြောပါ.. ဆက်ပြော.."

"ဒင်။
ကျေးဇူးပါပဲ အရှင်။
အဲဒါကို သားရဲဖမ်းကြယ်ဓတ်လုံး လုိ့ခေါ်ပြီး သားရဲတွေကို ဖမ်းဖို့အတွက် အထူးတီထွင်ထားတဲ့ ဘောလုံးပါ အရှင်။"

လို့က အစချီရှင်းပြပါတယ် သူ့စကားကြောင့်..

ချန်ပေ ကတော့ မေးချင်နေတာ လျာကိုယားနေတာပဲ ဒါပေမယ့် စနစ် ရှင်းပြမှုကိုတော့ အဆုံးထိသူ စိတ်ရှည်လက်ရှည် နားထောင်လိုက်သည်..

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now