၈၆ - ၉၀

126 8 0
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၈၆)

ချန်ပေ ဆေးခန်းကနေ ထွကိလာပြီးနောက် စာသင်ခန်းကို ပြန်သွားဖို့ လုပ်လိုက်တယ်။
ဒါပေမယ့် သူ လမ်းကို တစ်စုံတစ်ယောက် ကပိတ်ထားပါတယ်။

သူက တခြားသူမဟုတ်ပါဘူး ကပ်ပါးမ ပါ..
သူမကို သူ မြင်လိုက်ရတော့ လက်ပြနှုတ်ဆက် လိုက်ပါတယ်။

"ကပ်ပါးမ.."

သူမကိုတွေ့ပြီး သူ စကားပြောမလို့ ပါးစပ်ဟရုံရှိသေး သူမက ကြောက်စရာ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး မာထန်တဲ့လေသံနဲ့ သူ့ စကားကို ဖြတ်ပြောလိုက်ပါတယ်။

"တိတ်စမ်းး.. နင် ဘာမှမပြောနဲ့.. ငါ့နောက်ကနေ ပါးစပ်ပိတ်ပြီးလိုက်နဲ့.. နင် နဲ့ပြောစရာရှိတယ်.."

လို့တစ်ဖက်သတ် ပြောဆိုလိုက်ပါတယ်။
ချန်ပေ ပါးစပ်သာ မဲ့ရွဲ့မိသွားပါတယ်။

[ရန်လိုလိုက်တာကွာ.. သူမဘာဖြစ်နေတာလဲ.. ရာသီလာနေတာလား?]

သူမ ရဲ့စကားကို တုန့်ပြန်ချင်ပေမယ့် သူမရဲ့ အကြည့်စူးစူးတွေက ရောက်လာတော့ မတုန့်ပြန်နိုင်တော့ဘူး အဲဒီနောက် သူမနောက် ကိုသာ တိတ်တိတ် လေး ရေငုံနှုတ်ဆိတ်ပြီး လိုက်သွားပါတယ်။

...
ရုံးခန်းထဲ။

မယုံနိုင်စရာကောင်းတဲ့ ဖိအားတွေကို ချန်ပေ အတိုင်းသား ခံစားနေရတယ် ခြေတေလက်တေပါ ထုံကျင်ချင်လာသလိုပဲ ဟန်မူရာ က ဘာမှလဲမပြောဘူး ဒီတိုင်း အိနြေ္ဒရှိစွာ လက်ဖက်ရည် ထိုင်သောက်ရင်း စိုက်ကြည့်နေပါတယ်။

မရတော့ဘူး သူ သည်းမခံနိုင်တော့ဘူး အဲဒါကြောင့် မျက်လုံးလန်ကြည့်ရင်း သူမကို စကားပြောလိုက်ပါတယ်။

"ကပ်ပါးမ မင်းဘယ်လောက်ထိ ငါ့ကိုစိုက်ကြည့်နေအုံးမှာလည်း တစ်ခုခုတော့ ပြောလိုက်ကွာ ဒီတိုင်းငါကို စိုက်ကြည့်နေတာတော့ မဟုတ်သေးဘူး.."

ဒီအခန်းကို ရောက်နေတာ နာရီဝက်ပင် ကြာခဲ့ပြီပါပြီ နာရီဝက်တိတိကို သူမက သူ့ ကိုစိုက်ကြည့်နေပါတယ် ဘာမှလဲမပြောဘူးအဲဒါက အသောကို ဖိအားဖြစ်စေသည်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now