၂၆ မှ ၃၀

213 23 0
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၂၆)

လူတိုင်း ထိုနတ်မင်း ဝူးချွန်း ၏အကြည့်တစ်ချက်ကြောင့် အသတ်ခံရတာကိုမြင်တော့ စိတ်ထိတ်လန့်သွားကြကုန်ပါတယ်။

[အံမလေး ကြောက်ဖို့ကောင်းလိုက်တာ လူသတ်တာ(နတ်သတ်တာလို့ကြတော့ဖတ်ရတာထောက်နေမှာစိုးလို့)လက်တစ်ချောင်းတောင် မလှုပ်ဘူး အကြည့်တစ်ချက်နဲ့ လူသတ်နိုင်တယ် ဂလု..။]

နတ်မင်းတိုင်းတွေးမိသွားသည် ထိုစဉ် ခွန်ပေ မျက်နာအလွန်ပျက်နေပါတယ် သူ့ရှေ့တင် စွန်းဝူးချွန်း ကမလေးမခန့် လူသတ်လိုက်တာမလား။

ထိုစဉ်။

စွန်းဝူးချွန်း ကကြောက်စရာကောင်းစွာ လွပမာ သွားတွေပေါ်တဲ့အထိ ပြုံးပြလိုက်ပါတယ်။

"နောက်ထက် ဘယ်သူသေချင်သေးလဲ သေချင်ရင်ပြော ဒီသခင်ကြီးက အလကားသတ်ပေးမယ် အားနာစရာမလိုဘူး "ဟု

သူက နတ်မင်း တိုင်းကိုအေးအေးစက်စက်ဝေ့ကြည့်ကာ ပြောလိုက်သည် သူ့စကားကြောင့် နတ်မင်း တိုင်းကျောချမ်းသွားပါတယ်။

နောက်ဆုံးမှာ ခွန်ပေ သည်းမခံနိုင်တော့ဘူးသူက အားကောင်းတဲ့ အော်ရာတို့ကို ထုတ်လွတ်လိုက်ကာ ဝူးချွန်း ကိုစိုက်ကြည့်လိုက်ပါတယ်။

"မင်းဘာလိုချင်တာလဲ ဘာလို့ဒီကောင်းကင်ဘုံ ကိုလာကျူးကျော်နေတာလဲ စွန်း..ဝူး..ချွန်း... "

ကောင်းကင်အရှင်က သူ့ကိုကြမ်းကြုတ်စွာ စိုက်ကြည့်၍ ခြိမ်းခြောက်သည့်ပမာ သူ့နာမည်တွေကို တစ်လုံးခြင်းဆီ ပြောလိုက်တော့ ဝူးချွန်း အလွန်ရယ်မော လိုက်ပါတယ် သူက..

"ငါလိုချင်တာလားး... ဟိဟိ မသိဘူး ငါလုပ်ချင်လို့လုပ်တာပဲ ဒီကောင်းကင်ဘုံကို ပျက်ဆီးချင်တာက ငါလုပ်ချင်လို့လုပ်တာပဲ တခြားအကြောင်းပြချက်မရှိဘူး.."

ဝူးချွန်း အဖြေကြောင့်ထိုနေရာရှိ နတ်မင်းတိုင်း အလွန်အမင်းကို ခံပြင်းဒေါသထွက်ကုန်ပါတယ် အဘယ့်ကြောင့်ဆို စွန်းဝူးချွန်း ကအကြောင်းပြချက်ရယ်ရယ်ရာရာမရှိပဲ လောကကြီးကို သူ့စိတ်ကြိုက်ပျက်ဆီးနေတာမလား။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now