အပိုင်း ၇

295 24 0
                                    

S.K။
    ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
    အပိုင်း(၇)
   
    "ပြစိ. .ပြစိ..?? "
   
    သူမပြောဆိုလိုက်တဲ့စကားသံပါ ချန်ပေ ဖြင့်တစ်လုံးမှ နားမလည်နိုင်ပါဘူး။
   
    သူလက်ကိုအမြန်ပြန်ရုတ် လိုက်ပါတယ် ထိုအခါ သူမကိုယ်တစ်ချက်ခါ သွားသည်။သူမ မျက်လုံးထဲက သိချင်စွာ ကလေးငယ်ငယ် တစ်ယောက်လိုရိုးသားစင်ကြယ်သောအကြည့်နဲ့ သူကိုငေးကြည့်နေတယ်။
   
    "ပြစိ..ပြစိ..?"
   
    သူမက ထက်ပြောပြန်ပါပြီ သူမပြောနေတာ သူတကယ် နားမလည်ပါဘူး ..
   
    "အာ.. မင်းဘာတွေပြောနေတာလဲ ငါတကယ် နားမလည်ဘူးး !!"
   
    သူက ထိုသို့ပြောတော့ သူမ မျက်လုံးထဲမကျေနပ်တဲ့ အရိပ်ယောင်ပေါ်လာခဲ့တယ် သူမက လက်သီးကိုဆုပ်ပြီး သူဆီအတင်းပဲကပ်လာခဲ့တော့တယ်။
   
    သူမက ပွစိပွစိ လို့ထက်ပြောတယ် ချန်ပေ ခေါင်းသာခါမိလိုက်တယ် ထိုအခါ သူမအတော့ကို စိတ်တိုင်းမကျသည့် ဟန် ဖြစ်လာခဲ့ပါတယ်။
   
    အဲဒီနောက်တော့။
   
    သူမသူကို စိုက်ကြည့်လိုက်တော့တယ် လျက်တပြက် သူမကလျင်မြန်စွာ တစ်ချက်လှုပ်ရှားခဲ့သည် ချန်ပေ ခုခံချိန်တောင်မရလိုက်ဘူး နူးညံ့တဲ့နှုတ်ခမ်းတစ်စုံက သူရဲ့ နှုတ်ခမ်းကိုလာ ဖိနမ်းလိုက်ပါတယ်။
   
    မျက်လုံးတို့အသကုန်ပြူးကျယ်သွားခဲ့ရ၏ သူရဲ့ဘဝပေါင်း ၁၀၀၀၀ တိုင်တိုင်ထိန်းသိမ်းလာတဲ့ ပထမ ဆုံးအနမ်းကထိုသို့ဖြင့် အဆွတ်ခူးခံလိုက်ရပြီ။
   
    သူမသူကိုနမ်းပြီးနောက် သို့ဆုတ်ခွာလိုက်ပါတယ်..
   
    "ကျင်ကျ.. ကျင်ကျ.. ကျင်ကျ.."ဟု
   
    သူမကတတွတ်တွတ်ပြောဆိုနေပါတယ် အခုတော့ သူမပြောတာကိုနားလည် လိုက်ပါပြီသူမပြောနေတာက ကျင်ကျ တဲ့အဲဒါကဘာကိုဆိုလိုတာလဲဆိုတာ နားမလည်ပြန်ဘူးဖြစ်နေတယ်။
   
    "အာ ဘာပြောတယ် ကျင်ကျ ဟုတ်လားး !"
   
    "ဝူး..ဝူး.. ကျင်ကျ ကျင်ကျ.. "ဟု
   
    သူမကားတက်ကြွစွာ ခေါင်းတစ်ငြိမ့်ငြိမ့်လှုပ်ယမ်း၍ ဆိုလိုက်သည် ဘာကြောင့်မှန်းမသိဘူး သူမအပြုမူက အရမ်းကို ချစ်စရာကောင်းလှလေသည်။
   
    တစ်ချက်ကလွဲရင်ပေါ့ အဲဒါကသူမက ကိုယ်လုံးတီးနဲ့ သူရှေ့မှာရေကူးနေတာပဲ ကြည်လင် နေတဲ့ရေထဲမှာ သူမရဲ့ခန္ဓာကိုယ် ကိုအတိုင်းသား မြင်နေရပါတယ်။
   
    အပြာရောင်ရှိတဲ့ အကြေးခွံ တွေနဲ့ နို့နှစ်ရောင်ရှိတဲ့ အသားရေတို့က အလွန်အမင်းကိုဝင်းပလင်းလက်လှသည် သူမ၏ရင်သားနှစ်ဖက် ကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။
   
    အဲဒါက မကြီးမသေးအရွယ်စား ပါ ကျင်ကျ က သူရှေ့မှာကိုယ်လုံးတီးနှင့် ရပ်နေပေမယ့် သူမက နည်းနည်းလေးတောင် ရှက်သည်ဟန်မရှိပါ သူမအမူရာနဲ့အပြုမူတွေက အင်မတန်ကိုမှဖြူစင်ရိုးသားသော ကလေးပမာနှင့်ဆင်တူလှသည်။
   
    ထိုစဉ်။
   
    [ဒင်။
    အမည်မသိ တစ်စုံတစ်ဦး ကားစတင် စကန်ဖတ်ပါသည်။
    ၁..၅..၁၀..၅၈..၈၈..၁၀၀ စကန်ဖတ်ပြီးပါပြီ။
   
    မျိုးနွယ် = ရေသူမမျိူးနွယ်။
    အမည် ... ။
    အသက် ... ။
    စွမ်းအား = မော်ပင်လယ်လှိုင်းလုံး။
    စံနှုန်း ကြယ် ၉ ပွင့် အနက် ကြယ် ၇ ပွင့်အဆင့်ရသည်။
    မှတ်ချက် = တပည့်ဖြစ်လို့ အထူးသင့်သောသည်။]
   
    ချန်ပေ နားထဲမှ စက်ရုပ်ဆန်ဆန်အသံ ကြားလိုက်ရပါတယ် တခဏ အတွင်းပဲ မျက်စိရှေ့မှာထိုစာအကြောင်းရာတို့ကို ဖော်ပြထားတဲ့ အဖြူရောင် ဖန်သားပြင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
   
    "ဘာလဲဟ ဒီစာကြောင်းတွေက "
   
    သူက ရုပ်တရက် ဗြုန်းစားကြီး ပေါ်လာတဲ့ ဖန်သားပုံရိပ်ကြောင့် အံ့သြတကြီး ရေရွတ်မိလိုက်သည် ထိုအခါ ကျင်ကျ က သူကိုနားမလည်စွာခေါင်းလေး ကိုစောင်းပြီး ချစ်စရာကောင်းစွာ ကြည့်လိုက်ပါတယ်။
   
    "အာ အဲဒါကို နောက်မှကြည့်မယ်ကွာ အခုတော့ သူမကိုဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ အရင်စဉ်းစားရမယ် ငါဒီတိုင်းကြီးကမ်းပေါ် တက်လို့ကလဲမဖြစ်ဘူး အောက်မှာ ဘာမှမပါဘူးး စဉ်းစားစမ်းး!"
   
    သူတကယ်အခက်ကြုံနေပါပြီ အဝတ်စားကလည်း ခြုံပင်မှာရှိနေတော့ ကမ်းပေါ်တက်ပြီး ယူမှရမယ် ဒါပေမယ့်သူမရှေ့မှာ ဒီတိုင်းလဲ ထသွားလို့ကလည်း မဖြစ်ဘူး။
   
    တော်တော် ကိုအခက်တွေ့ နေပါတယ်ခေါင်းကိုသာ သုံးပြီးသူမကို ဘယ်လိုအာရုံလွဲရမလဲဆိုတာကို စဉ်းစားလိုက်ရသည်။
   
    အတန်ကြာတော့ သူရဲ့ခေါင်းထဲမှာ အကြံတချို့ကို ရလိုက်ပါတယ် အဲဒါကအသုံးဝင်လားမဝင်ဘူးလားဆိုတာတော့ မသိပါဘူး အဲဒါကြောင့်စမ်းသပ်ဖို့ လုပ်လိုက်ရပါတယ်။
   
    သူအသက်ကိုဝအောင် ရှူလိုက်ပြီးရေထဲကို ငုံ့ဆင်းလိုက်ပါတယ် ကျင်ကျ ကချက်ချင်းပဲလိုက်လုပ်တော့တယ်။ ရေအနက်ပိုင်းထိကို ဆင်းသက်ပြီးနောက် ချန်ပေ ၌.အလျင်အမြန်ပဲ ကမ်းပေါ်ကူးတက် ၍ ပြေးလိုက်သည်။
   
    ကံဆိုးချင်တော့ သူမက အရမ်းလျင်နေတာပဲ ချန်ပေ မြေပြင်ပေါ်ခြေတစ်ဖက်ချတာနဲ့ သူမ ကလိုက်လာပါတယ် ထိုနောက် မှာတော့သူမက သူကို အတုခိုးပြီးကမ်းပေါ်တက်လာခဲ့တော့တယ်။
   
    သူမ ကမ်းပေါ်ကိုတက်တာနှင့် အမြှီးတို့ကဆန်းကြယ်စွာ အရောင်တောက် လာခဲ့ကာ တခဏ အတွင်းပဲ ဖွေးဥနေသော ခြေနှစ်ချောင်း အသွင်ပြောင်းလဲ သွားပါတယ်။
   
    ရှပ်..ရှပ်..
   
    ရုပ်တရက် ပဲ ကြားလိုက်ရတဲ့ ခြေသံကြောင့် ချန်ပေ နောက်သို့လည့်မိလိုက်တယ် အခါမှာတော့ ရင်ဘက်ကြီး တစ်ခုလုံးကို ဗလာင်းဗလဲ ဆူကြွစေသော မြင်ကွင်းကိုမြင်လိုက်ရသည်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now