အပိုင်း ၃

555 41 0
                                    


    အပိုင်း(၃)
   
    "ဟာကွာ.. ဒီဟာက သောက်အဓိပ္ပါယ်ကို မရှိတာဟေ့။ဘာလို့ငါက အဲ့မှာ အကျယ်ချုပ်ခံရမှာလဲ... သေတောင်မလုပ်ဘူးကွာ.."
   
    "အောင်မာ.. နင့်လို အကျဉ်းသားကများ လာပြီး စောဒကတက် ချင်နေသေးတယ်။နင့်ကို ငါ ဒီလိုလုပ်ဆို လုပ်လိုက် ဒါမှမဟုတ်ရင် ငါ့အဆိုးမဆိုနဲ့.. "
   
    "မင်း..မင်းး ဟန်မူရာ။ဒါကမင်း ငါ့ကို သက်သက် အနိုင်ကျင့်တာပဲကွာ။ ဒါကလုံးဝမတရားဘူး!"
   
    "ဟီးဟီး.. နင်ထင်ချင်သလို ထင်လို့ရနိုင်တယ်။အဓိက က နင် ဒီစာချုပ်မှာ လက်မှတ်ထိုးရုံပဲ။ကဲ...ကြာတယ်။နင် လုပ်မှာလား မလုပ်ဘူးလားး...!!"
   
    "ဟာ... ချီးမှပဲ.. ကောင်းပြီ ငါလုပ်မယ်.. ပေးစာချုပ်.. !!"
   
    "ဟီးဟီး.. ဒီလိုမှပေါ့. ရော့ဒီမှာယူလိုက်။ပြီးရင် အောက်ဆုံးမှာ လက်မှတ်ထိုးလိုက်။ အဲဒါဆိုရင် နင် လွတ်လပ်ပြီ.. ဟိဟိ."
   
    ချန်ပေ သူမပေးတဲ့စာချုပ်ကို ဆောင့်ကြီးအောင့်ကြီး လက်မှတ်ထိုးလိုက်ရတယ် .. အဲဒီစာချုပ်က သောက်ရေးမပါတဲ့ စာချုပ်ကြီးပါကွာ။
   
    သူမက သူ့ကိုသူမ ကျောင်းတော်ကိုလာပြီး သူတော်စင် လာလုပ်ခိုင်းနေပါတယ်။အဲ...ပြောရအုံးမယ်။ သူတော်စင် ဆိုတာက ဆရာ လိုမျိုးပဲ။ ပညာမစုံသေးတဲ့ ကျောင်းသူကျောင်းသား တွေကိုပညာသင်ပေးရမှာပါ။
   
    "..ချီးကို လွတ်လပ်ပါလား။ ဒါကငါ့ကို သံကြိုးကြီးနဲ့ ချုပ်နှောင်လိုက်တာနဲ့ အတူတူပဲကွ.!"
   
    ပြောပြပါရစေ...ဒီတစ်ခေါက် ချန်ပေ ဝင်စားတဲ့ ကမ္ဘာက မြင့်မြတ်သော သားရဲဘုံလို့ခေါ်တယ် တဲ့ ။ဤလောကက ဒဏ္ဍာရီထဲက သားရဲတွေနေထိုင်တဲ့ လောကကြီးပါ။
   
    ဥပမာ ဖီးနှစ်ငှက် ၊ နှစ်တစ်ထောင်မြေခွေး ၊ နတ်သူငယ် ၊ မိစ္ဆာမျိုးနွယ် ၊တောင်ပံမျိူးနွယ်၊ ဟန်မူရာ လို နဂါးမျိုးနွယ် လိုမျိုးအစရှိတဲ့ ဒဏ္ဍာရီထဲက သားရဲတွေ နေထိုင်တဲ့လောကပေါ့။
   
    အဲ...ပြောရမယ်ဆိုရင် ချန်ပေ ကလူသားမျိုးနွယ်စုကပါ။ဒီလောကရဲ့ အားအနည်းဆုံးလူသားမျိုးနွယ်စုက လူသားတစ်ယောက်ပေါ့။အခုတော့ ကပ်ပါးမ ရဲ့အတင်းအကြပ်စေခိုင်းမှုကြောင့် သူမကျောင်းတော်မှာ သွားပြီး သူက သူတော်စင် သွားလုပ်ရမှာဖြစ်ပါတယ်။အဲဒါကတကယ်ကို သောက်ကျိုးနည်းပါ။ သူက ကိုယ့်ကိုတောင် ပြန်ကာကွယ်ဖို့စွမ်းအား မရှိတာကို ဒဏ္ဍာရီလာ သားရဲတွေကိုပညာသင်ပေးရမယ်တဲ့လား။ အဲဒါက သက်သက်မဲ့ သူမက သူ့ထက် အင်အားကြီးတယ်ဆိုပြီး အနိုင်ကျင့်နေတာပဲ။
   
    ပြီးတော့ သူက အဲဒီ ကျောင်းတော်ကနေ လုံးဝကိုထွက်သွားခွင့်မရှိဘူးတဲ့။သူ အဲ့ထဲကနေထွက်သွားရင် အစားခံရမယ်တဲ့။ သူမကစာချုပ်နဲ့ သူ့ကိုခြိမ်းခြောက်ပြီး ကျောင်းတော်ထဲမှာ အကျဥ်းချမှာ သူကြိုပြီးသိနေပါပြီ။
   
    ဒါပေမယ့် ငြင်းလို့လဲမရနိုင်တော့တာကြောင့် သူက အောင့်သက်သက်ကြီးနဲ့ပဲ လက်မှတ်ထိုးလိုက်ရသည်။ ဘာလိုလိုနဲ့ ချန်ပေ ကဒဏ္ဍာရီလာ သားရဲကျောင်းသား များ၏ဆရာတစ်ယောက် ဖြစ်ဖို့အကြောင်းဖန်လာခဲ့ တော့သည်။
   
    ".. ဟေ့ဟေ့ ...ခေါ်နေတာတောင် မကြားရအောင် ဘာတွေများ အတွေးလွန်နေတာလဲ.. လာသွားမယ်.. အဲ..နေအုံးး.. အရင်ဆုံး နင် အဝတ်စားအရင်လဲ ရအုံးမယ်။ နင်သာအခုလိုမျိူးနဲ့ သွားရင် သေချာပေါက်ကို မောင်းထုတ်ခံရမှာ.. ဟိဟိ."
   
    "ချီးပဲ"
   
    ချန်ပေ တော်တော် ဒေါသ ထွက်လာပါတယ်။သူမက သူ့ကို လာလှောင်နေတယ်မလား။ဘယ်သူကြောင့် သူအခုလို ဖြစ်နေရတာလဲ။
   
    ဒါပေမယ့် သူမပြောမယ်ဆိုရင်လဲ ပြောစရာကိုး။သူ့ကိုယ်ပေါ်မှာက ဆင်စွယ်ရောင်ဟောင်းနွမ်းနေတဲ့ အဝတ်စုတ်လေးကိုပဲ ဝတ်ဆင်ထားတာကို။အဲဒါထက် ပိုကြီးသော ပြသနာက သူရဲ့အောက်ပိုင်းက ဗလာကျင်းကာ သူရဲ့ ဟိုဟာလေးတောင် အတိုင်းသားမြင်နေရတယ် မလား။
   
    "ဟိဟိ.. နင့် ပဲမြစ်လေးက သေးသေးလေးပဲ.. ဟီးဟီးး.~"
   
    ဟန်မူရာ သူရဲ့ဖွားတော်ဖက်လေးကိုကြည့်ပြီး ပါးစပ် အုပ်ကာခန္ဓာကိုယ်တသိမ့်သိမ့်ခါသည်အထိရယ်နေပါတယ်။အဲ့အပြုမူကအရမ်းရိုင်းတာကွာ။ သူမရဲ့အပြစ်ကင်းစင် ပြီး အဖြူထည် နလုံးသားပိုင်ရှင်ပမာရုပ်ကိုမှအားမနာ လုပ်ရက်တယ်။
   
    "ချီးပဲကွာ.. မကြည့်နဲ့.. ပေး.. အဝတ်စားး. ပေးး!!"
   
    "..အာ...ပေးပါ့မယ်။ နင် ကလဲ..ဘယ်လိုဖြစ်နေတာလဲ မသိဘူး။ စိတ်ကိုမရှည်ဘူးး။ နင်သိလား ...နင်ကဒီလိုကျမှ ပိုပြီးချောသယောင်လို့ ငါခံစားရတယ်. ဟိဟိ.."
   
    ချန်ပေ တော်တော်ပေါက်ကွဲချင် သွားတယ်။သူမ သူ့ကိုစနောက်ရတာ အရမ်းပျော်နေတဲ့ပုံပဲ။ သူကတော့ဒေါဖောင်းတာပဲသိတယ်။ မကျေနပ်စိတ်ကြောင့် နှုတ်ခမ်းကို ကျက်သရေတုံးစွာ ထော်မိလိုက်တယ်။
   
    အဲ ..ခဏအကြာတော့ သူမလက်စွပ်ထဲက အဝတ်စားတစ်စုံ ထုတ်ယူလိုက်တယ်လေ။ အနက်ရောင်ရှိတဲ့ အဝတ်စားပါ။အစွန်းမှာ ရွှေရောင်ကွတ် ထားပြီး တာအိုဘိုးတော်ကြီးတွေရဲ့ အဝတ်စားနဲ့ခပ်ဆင်ဆင်ပါပဲ။
   
    ဝတ်ကြည့်တော့နေလို့အကောင်းသား သူ တစ်ကိုယ်လုံးပိုပြီး ပေါ့ပါးသွားသလို ခံစားမိတယ် လှုပ်ရှားမှုတိုင်းကလဲ ပိုပြီးသွက်လက်လာသလို ခံစားရတယ် ဘယ်လိုဖြစ်ဖြစ်ပါလေ ဒီဝတ်စုံကသူ နဲ့အလွန်ကိုက်ညီပါတယ်။
   
    "ကောင်းပြီ နင် အဝတ်စားလဲ ပြီးပြီ ဆိုတော့ သွားကြစို့.. "
   
    သူမကပြောဆိုပြီး သူကိုလည်ဂုတ်ကနေခွေးတစ်ကောင်လို သယ်ကာ ကောင်းကင် အလွန်က မိုးထိတောင်ပေါ်သို့ တက်လှမ်းလိုက်တော့တယ်။
   
    အဲဒီတောင်ထိပ်မှာအလွန်ကြီးမားတဲ့ ကျောင်းတော်ကြီး တစ်ခုရှိနေတယ် ကျောင်းတော်အဆောက်ဦး က အမဟားတရားကို ကြီးမားလှပြီး အဝင်တံခါးနဲ့တင် ပေ ၁၀၀ ကျော်လောက်တယ် ပြီးတော့ အဝင်တံခါးဝ၏ဘေး နှစ်ဖက်မှာလည်း ကြီးမားခန့်ညာတဲ့ရုပ်ထုကြီးနှစ်ခုကလည်း တည်ရှိနေလျက်။
   
    အဲဒီရုပ်ထုကြီးနှစ်ခုက အချိန်မရွေးအသက်ဝင်လာတော့မယ့်အလား အရမ်းကိုအသက်ဝင်လေတယ် ဝဲဖက်ရုပ်ထုက သိုးတစ်ကောင်ပါ ကြွက်သားဗလအပြည့်နဲ့သိုးကြီး ဖြစ်၍ ယာဖက်ရုပ်ထုကတော့ နွားလားကြီးပါ  သူက ပုဆိန်ကြီးတစ်လက် ကိုကိုင်ဆောင်ထားပါတယ် အဲကောင်က သိုးရုပ်ထုထက်တောင် ပိုကြောက်စရာကောင်းသေးတယ်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now