၅၆ မှ ၆၀

169 14 0
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၅၆)

"ဟာ... ဟားဟားး.. ဒီခံစားချက်က ကောင်းလိုက်တာဟေ့..!!"

အဲဒါက ချန်ပေ ပြန်အသက်ရှင်ပြီးနောက် ပထမ ဆုံးပြောဆိုမိတဲ့့ စကားပါပဲ ပြီးတော့ နောက်ဆုံးစကားပါ?..

ထိုချိန်..

စုစု က ချန်ပေ ကိုသူမချုပ်ထားတဲ့ အသစ်ဆတ်ဆတ် အဝတ်စားကို ဝတ်ပေးဖို့ သူကိုယ်ပေါ်က အဝတ်စားတို့ကို ချွတ်ယူနေတာပါ..

ဒါပေမယ့် သူမ ချန်ပေ အဝတ်စကို ထိမိခိုက်ပဲ သူက ရုပ်တရက် ထရယ်လိုက်တော့..သူမသောက်ရမ်းလန့်သွားပါတယ် သူမ မျက်လုံးတို့တောင် ပြူးကျယ်လာပြီး..

ထိတ်လန့်တကြားနဲ့ သူ့ရင်ဘက်ကို.. အားပြင်းစွာ ရိုက်ထည့် မိလိုက်တော့၏..

ဘမ်းး!!!

"သေစမ်းး သွားပြီ.."ဟု

သူမက ယောင်ရမ်းမိသွား၏..

ဘာဖြစ်တာလဲ မသိလိုက်ဘူး ချန်ပေ မျက်လုံးတောင် မဖွင့်ရသေးဘူး.. ရုတ်ချည်းင်ဘက်က ဆောင့်တက်လာတဲ့ နာကျင်မှုတွေကြောင့် သွေးများစွာကို အန်ထုတ်ရင်း..

သူကား မျက်လုံးတောင် မဖွင့်လိုက်ရဘူးး..

နောက်တစ်ဖန် အမှောင်ထုနယ်မြေထဲကို ရောက်ရှိသွားပြန်ပါတယ်..

ချန်ပေ။
"...?!!"
...

"ဒီတစ်ခါတော့.. သူတကယ်သေပြီလားး?"

လိုဏ်ဂူထဲမှာတော့ စုစု ကခပ်လန့်လန့်လေးနဲ့ သူမ ကြမ်းပြင်မှာ အသေကောင်လို..သွေးအိုင်မှာလဲနေသော ချန်ပေ ဆီကိုသွားလိုက်ပါတယ်..

သူ့ကိုတော့သူမကမထိရဲပါဘူးး..မသောလို့ဟိုက ပြန်ထလာရင်သူမ၌ ဘာလုပ်မိလို့လုပ်မိမယ် ဆိုတာမသိတော့တဲ့အတွက်ကြောင့်ပါ..သူမက ချန်ပေ အလောင်းကို အတန်ကြာအောင်..

ကြည့်ပြီးနောက် သူကမလှုပ်လာတာကြောင့်..သူတကယ်သေပြီလို့သူမတွေးမိသွားသည်.. အဲဒီအခါမှသူမက သက်ပြင်းတို့ကို ချနိုင်ပါတယ်..

အဲဒီနောက်တော့ မရဲတရဲဖြင့် ခြေဒေါက်တစ်ဖက်နဲ့ သူ့ကိုတို့ကြည့်ပါတယ်..ရေခဲတုံးလိုအေးစက်တောင့်ခဲနေတော့ သူကတကယ် သေလောက်ပါပြီ..

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now