၇၆ - ၈၀

122 14 0
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၇၆)
အကြံသုံးခု။

"ဘာတွေ.. ဖြစ်ကုန်တာလဲဟ??!!!"

ချန်ပေ တကယ်ဘာတွေ ဖြစ်ကုန်တာလဲ ဆိုတာ နားမလည် တော့ပါဘူး စိတ်တွေက အရမ်းကို ရှုပ်ထွေးနေမိသည်။

အဲဒီနောက် တုံးလုံးလဲနေတဲ့ ဆရာမ ချောချောနားကိုသာ လာမိတယ် သူကအကြည့်တွေကို သက်နိုင်သမျှ လွဲထားပါတယ်။

ဒါပေမယ့် မျက်လုံးထောင့်ကနေတော့ သူမအလှတို့ကို ခိုးကြည့်မိသေးသည် သူမက တကယ်ကို လှပလွန်းတဲ့သူပဲ ဖြစ်ပါတယ်။

သူမအသားရေတို့က နို့နှစ်ရောင်ပမာ ဖြူဖွေးနေ၏ ပြီးတော့ အရမ်းလည်းလှပလွန်းတဲ့ နတ်ဘုရား ဖန်ဆင်းထားတဲ့ ခန္ဓာကိုယ်အလားတောင် ထင်ရသည်။

သူမက ကိတ်လည်းကိတ်ပါတယ် တပ်မက်စရာလည်းကောင်းပါတယ် သူမအလှကို သူ တကယ် မဖော်ပြချင်ပါဘူး သူမကိုတစ်ချက်လောက်ပဲ ခိုးကြည့်မိပါတယ်။

သွေးကဆူလာမိတော့တာပဲ အဲဒါကြောင့် အလျှင်မြန်ပဲ ဘေးကိုအကြည့်လွဲ လိုက်ရတယ် အသောကို စိတ်လှုပ်ရှားမိတာကြောင့်လည်း ပါပါတယ်။

ဘယ်ယောက်ျားမဆို ကိုယ်ရှေ့မှာ အဝတ်ဗလာနဲ့ မိန်းကလေးကို မြင်ရင် စိတ်မလှုပ်ရှားပဲ နေမလဲ သူကလည်း ယောက်ျား တစ်ယောက်ပဲလေ။

အဲဒါကြောင့် အတွေးတွေမညစ်ညမ်း သွားအောင်အကြည့်တွေကို လွဲလိုက်တာပါ ဒါတောင် သူမရဲ့ ပုံရိပ်တို့ကို သူ့စိတ်ကူးထဲမှာ တွေးမိနေတုန်းပဲ။

"ချီးး သွားစမ်းကွာ.. ဒီသုံးစားမရတဲ့.. အတွေးတေ.."

ခေါင်းကိုသာ ခါလိုက်ပါတယ် အဲဒီနောက် သူမကိုဘယ်လိုမျိုး လုပ်ရင်ကောင်းမလည်း ဆိုတာစဉ်းစားမိတော့သည်။

"သူမကိုဘယ်လိုလုပ်ရင်.. ကောင်းမလဲဟေ့.. သူမကိုတော့ အလွတ်ပေးလို့မဖြစ်ဘူး.. သူမကိုသာအလွတ်ပေးရင် ဘယ်လိုပြသနာမျိုး ဖြစ်လာမယ်ဆိုတာ ငါတွေးတောင်မတွေးချင်တော့ဘူး ဘယ်လိုဖြစ်ဖြစ်ကွာ ငါအရင်ဆုံး ဒီနေရာကနေ ထွက်သွားမှပဲ.."ဟု

သူဆုံးဖြတ်လိုက်သည် အဲဒီနောက် လက်စွပ်ထဲကနေ အဝတ်တစ်စုံကို ထုတ်ယူပြီး သူမအပေါ်ဖုံးအုပ်ပေးလိုက်ပါတယ်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Wo Geschichten leben. Entdecke jetzt