၉၁ - ၉၅

110 12 0
                                    

S.K။
    ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
    အပိုင်း(၉၁)
   
    "နောက်ဆုံးတော့ ပြီးသွားပြီ ဟူ။"
    နန်းနန်း နဖုံးက ကချွေးတို့ကို သုတ်ပြီးတော့ သက်ပြင်းချကာ ပြောဆိုလိုက်သည်။
   
    "ဖန်းဖန်း နင်ကသူတို့ကို ဘယ်လိုများ ရန်စပြီးများခေါ်လိုက်တာလဲ သူတို့တစ်မျိုးတောင် ထွက်လာသလားတောင် အောင်းမေ့ရတယ်။"
    နန်းနန်း က ဖန်းဖန်း ကိုစိုက်ကြည့်ကာ မေးလိုက်ပါတယ်။
   
    "ငါလည်းမသိဘူးလေ ငါကဒီတိုင်းပဲ သူတို့ကိုများခေါ်တာပဲ သူတို့ကဒီလောက်ထိ အများကြီးလိုက်လာမယ်လို့ ငါလည်းထင်မထားပါဘူး။"
    သူမက ဘာဆိုဘာလား အမူရာ နဲ့ ပုခုံးတွန့်ပြကာ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
   
    ဖန်းဖန်း ရဲ့ဖြေရှင်းချက်ကြောင့် နန်းနန်း ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားပါတယ် သူမခေါင်းကိုသာခါလိုက်ကာ။
   
    "ထားလိုက်ပါတော့ အခုသူတို့တွေလည်း အကုန်သေပြီဆိုတော့ ကျောင်းတော်ကို အကြောင်းကြားလိုက်တော့။"
    သူမကသေဆုံးနေသော သတ္တဝါအလောင်း ပင်လယ်ကို ရွံရှာစွာ ကြည့်ကာပြောဆိုလိုက်သည်။
   
    "ဟုတ်။"
    အဲဒီနောက် ဖန်းဖန်း ကဖုန်းကိုထုတ်လိုက်ကာ ကျောင်းတော်ကို တာဝန်ပြီးပြီ ဖြစ်ကြောင်း အသိပေးလိုက်သည် သူမတို့ တာဝန်က ထိုနေရာတင် ပြီးသွားပြီ ဖြစ်ပါတယ်။
   
    ကျန်တာကတော့ စစ်ဆေးရေးအဖွဲ့က ဆက်လုပ်သွားမှာပါ။
    အဲဒီနောက် သူမတို့နှစ်ယောက်က ကိုယ်ပိုင်ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းလိုက်ကာ ထိုနေရာကနေ ထွက်သွားလိုက်ပါတယ်။
   
    "နန်းနန်း စိတ်ဆိုးနေတာလား။"
    ဖန်းဖန်း က နန်းနန်း လက်မောင်းကို ကိုင်ဖက်ပြီးတော့ မေးလိုက်ပါတယ်။
   
    "No.. စိတ်မဆိုးပါဘူး။"
    နန်းနန်း ကအေးတိအေးစက် နဲ့ပြန်ဖြေလေသည် ဒါပေမယ့်သူမ မျက်နာထား ကတော့ အသောကို အေးစက်နေပါတယ်။
   
    "မဟုတ်ဘူး ညာတာ နင် စိတ်မဆိုးရင် အသံက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အေးစက်မှာလဲ.. နန်းနန်း ငါ့ကိုစိတ်မဆိုးပါနဲ့နော် ဒီလိုလုပ်ပါလား ကျောင်းတော်ကို ပြန်ရောက်ရင် ငါနင်ကိုညစာကြွေးမယ်လေ စိတ်မဆိုးပါနဲ့တော့နာ်။"
    ဖန်းဖန်း ကစိတ်ဆိုးနေသော နန်းနန်း ၏မျက်နာထားကိုကြည့်ရင်း သူမက ကလေးလေး တစ်ယောက်လို ချစ်ဖို့ကောင်းသော အသံအပြုမူလေးတွေနဲ့ ချစ်စရာကောင်းစွာ ပြောဆိုလိုက်သည်။
   
    ဖန်းဖန်း ၏လုပ်ရပ်က အလုပ်ဖြစ်သွားပါတယ် သူမစကားကြားလိုက်ရတော့ နနိးနန်း ရဲ့အေးစက်စက် မျက်နာထားက အရည်ပျော်သွားပါတယ်။
   
    ထို့နောက် သူမမျက်နာထားက ဆွဲဆောင်မှုကောင်းသော အပြုံးလေးနဲ့ လှချင်တိုင်းလှ နေတော့သည် နန်းနန်း စိတ်မဆိုးတော့တာကို မြင်မှ ဖန်းဖန်း ကပြုံးနိုင်ပါတော့တယ်။ သူမတို့နှစ်ယောက်က အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ပါတယ်။
   
   
    အခုသူမတို့က ကျောင်းတော်ကနေ တာဝန်ပေးထားတဲ့ တာဝန်ကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ် အခု တာဝန်ကလည်း အောင်မြင်သွားပြီဆိုတော့ နှစ်ယောက်သားက ကျောင်းတော်ဆီကို ပြန်သွားနေသည်။
   
    ....
   
    နည်းနည်းတော့ ကြာနေပါပြီ ချန်ပေ အတန်းထဲမှာ ကျင့်ကြံနေတာ ၃ နာရီတောင်ရှိသွားပြီ အဲဒါတောင်အခုထိ အဲဒီ ပြသနာမလေးတွေ ပြန်ရောက်မလာသေးဘူး။
   
    အစတုန်းကသူမတို့ကို မရှာဖို့တွေးထားပေမယ့် သောသောကြာနေတာတောင် သူမတို့က ပြန်မလာသေးတော့ သွားရှာကြည့်ဖို့ သူတွေးမိသွားသည်။
   
    "ကောင်မစုတ်လေးတွေ .. နင်တို့ကတော့လေ ငါကိုတောင် ကျင့်ကြံရတာ စိတ်ဖြောင့်ဖြောင့် မကျင့်စေနိုင်ဘူးး ဟူးး စိတ်လေပါတယ်ကွာ.. ကိုင်းး.. ဘယ်ကိုရောက်နေကျတာလဲဟေ့။"
    ချန်ပေ စိတ်ပျက်လက်ပျက် ရေရွတ်မိရင်း အတန်းထဲကနေ ထွက်လာခဲ့မိတယ်။
   
    ပြီးနောက် ကျောင်းဝန်းကိုသွားလိုက်ပြီး သူမတို့နှစ်ယောက်ကို လိုက်ရှာကြည့်တယ် မတွေ့ပါဘူး ဘယ်နေရာကိုရောက်နေကျတာလဲ မသိပါဘူး။
   
    "စာသင်ခန်းကော ကန်တင်းရော စာကြည့်တိုက်ရော တစ်နေရာမှ မရှိပါဘူး ဖြစ်နိုင်တာက ကျောင်းသား အဆောင်မှာများ ရှိနေမလားး သွားကြည့်မယ်ကွာ။"
   
    သူက ကျောင်းသားတွေနေတဲ့ အဆောင်ဆီကို သွားလိုက်ပါတယ် ဤကျောင်းတော် မှာရှိတဲ့အဆောင်တွေက အသောကို သပ်ရပ်ကျပါတယ်။
   
    အဆောင်မှာ ၅ မျိုးတိတိရှိပါတယ် ပါရမှီရှင်အဆောင် ဆရာလောင်းလျာအဆောင် သာမန်တပည့်အဆောင် အထူးတပည့်အဆောင် နဲ့ တော်ဝင်အဆောင် ဆိုပြီးတော့ ၅ ဆောင်ရှိပါတယ်။
   
    အဆောင်တစ်ခုတိုင်းမှာ နေကျတဲ့ ကျောင်းသား၊သူ တွေကသူတို့၏ အဆင့်အလိုက် ရှိကျလေသည်။
   
    ဥပမာ ပါရမှီရှင်အဆောင် ဆိုရင် ပါရမှီရှင်တွေသာ နေနိုင်တဲ့အဆောင်ဖြစ်ပါတယ်။
   
    ဆရာလောင်းလျာအဆောင် ကတော့အနာဂတ်မှာ ကျောင်းတော်ပြီးသွားလျင် ကျောင်းတော်မှာ ဆရာအဖြစ် လုပ်ကိုင်မယ်သူတွေ နေတဲ့အဆောင်ဖြစ်ပါတယ်။
   
    သာမန်တပည့်အဆောင် ကတော့ ကျောင်းတော်ထဲက သာမန်ကျောင်းသားတွေ နေတဲ့အဆောင်ဖြစ်ပါတယ်။
   
    အထူးတပည့်အဆောင် က စီဂျိုနီယာမျိုးဆက် ကျောင်းသားတွေ နေထိုင်တဲ့ အဆောင်ဖြစ်ပါတယ်။
   
    နောက်ဆုံး အဆောင်ဖြစ်တဲ့ တော်ဝင်အဆောင် ကတော့ တော်ဝင်သားရဲကျောင်းသားတွေ ဥပမာ တော်နဂါးမျိုးနွယ် ၊ တော်ဝင်ဖီးနှစ်မျိုးနွယ် ၊ တော်ဝင်မီးကျားမျိုးနွယ် ၊ ဟုအစရှိတဲ့ သားရဲလောကရဲ့ တော်ဝင်မျိုးနွယ်တွေ နေတဲ့အဆောင်ဖြစ်ပါတယ်။
   
    အဆောင် ၅ ဆောင်ထဲမှာ ဆရာလောင်းလျာ အဆောင်နေထိုင်သူတွေက ကျောင်းတော်ကနေ အရင်းမြစ်အများဆုံးရကာ။တော်ဝင်အဆောင် ကဒုတိယအများရသည်။ပြီးတော့ အထူးပါရမှရှင်အဆောင် ကတတိယအများနဲ့ အထူးတပည့်နဲ့ရိုးရိုးတပည့်တွေကတော့ ကြယ်စာရင်းအဆင့်ပေါ်တည်ကာ ရရှိကျလေသည်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now