၁၀၆ - ၁၁၀

97 10 0
                                    

S.K။
    ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
    အပိုင်း(၁၀၆)
   
    "ဒါဆိုသူက..နင်အတွက်အဖိုးမဖြတ်နိုင်တဲ့သူပေါ့။"
   
    ဗစ်တိုးရီးယား ကဘာမှပြန်မပြောဘူး ထိုအစားသူမက စုစု ကိုစူးစူးစိုက်ကြည့်လိုက်ကာ။
   
    "နင်ဘယ်လိုလုပ်ပြီး..လွတ်လာတာလဲ..ပြီးတော့ဘာလို့ဒီကိုရောက်နေတာလဲ။"
   
    သူမအသံက စောနကထက်ပိုအေးစက် ရုံတင်မကသူမကိုယ်တစ်ဝိုက်မှာလဲ အနက်ရောင်မြူခိုးတွေက စတင်ရစ်ဝိုင်းလာပါတယ်။
   
    ဗစ်တိုးရီးယား အချိန်မရွေးတိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားလိုက်တော့သည် သူမက {ကြင်နာမှုရောင်ခြည်ကျင့်စင်} အဆင့် ၁ ကိုအောင်မြင်ဖို့ သိပ်မလိုတော့တာကြောင့်။
   
    သူမရဲ့စွမ်းအားအချို့ကိုတော့ ပြန်လည်ထိန်းချုပ်နိုင်သေးသည် ထိုစွမ်းအားတို့က အနည်းငယ်လေးသာ ဆိုပေမယ့် ချီပင်လယ်တည်ခြင်း အဆင့်ရှိ ကျင့်ကြံသူလောက်တော့ ရှိလေသည်။
   
    ချီပင်လယ်တည်ခြင်း အဆင့်ဆိုတာက အဆင့်နိမ့်ကျင့်ကြံမှု အဆင့်ထဲမှာ ဒုတိယ အမြင့်ဆုံးဖြစ်နေတာကြောင့် အရမ်းကိုမစွမ်းရင်တောင် လျော့တွတ်လို့တော့ မနိုင်ပါဘူး။
   
    ပြီးတော့ စုစု ကလည်းချိတ်ပိတ်ထားရာကနေ လွတ်မြောက်သွားတာ မကြာသေးဘူးဆိုတော့ သူမအစွမ်းတွေလည်း ပြန်မရနိုင်သေးဘူးဆိုတာ ဗစ်တိုးရီးယား ခတ်မှန်းမိလေ၏။
   
    ထိုကြောင့်ပဲသူမက မကြောက်မရွံ ၎င်းကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာပါ ဗစ်တိုးရီးယား ၏စကားကြောင့် စုစု ကဆန်းကြယ်စွာ ပြုံးလိုက်ပြီ။
   
    "ငါကဘာမှမသိဘူးလို့ပြောရင်..နင် ယုံမလားငါဘယ်လိုလုပ်ပြီး..ချိတ်ပိတ်ရာကနေလွတ်မြောက်ပြီး..ဒီနေရာကိုရောက်လာတာလဲ..ဆိုတာကို ငါကိုယ်တိုင်တောင်..မသိဘူး။"
   
    စုစု ၏စကားကြောင့် ဗစ်တိုးရီးယား အကြည့်က ပိုစူးရှလှပါတယ်။သူမက စုစု ပြောတာကိုမယုံကြည်ပါဘူး။
   
    "နင် ကပြောမပြချင်ပေါ့.ရတယ်..ဒီနေရာကနေထွက်သွားလိုက်တော့..အဲဒါဆိုရင် နင့် ကိုငါမတိုက်ခိုက်တော့ဘူး.. နင် သာထွက်မသွားလို့ကတော့.. ငါနင် ကိုတိုက်ရလိမ့်မယ်။"
   
    "ဟိ.. နင် ကငါ့ကို ခြိမ်းခြောက်နေတာလား..ဒီမှာ ဗစ်တိုးရီးယား အခုအခြေနေက အရင်လိုမဟုတ်တော့ဘူး ဆိုတာ နင် မသိသေးဘူးလား အရင်တုန်းက.. နင် ဆိုရင်တော့ ငါ ဒီကနေ ထွက်သွားချင်ထွက်သွားလောက်မယ်..အခုကတော့ မဟုတ်တော့ဘူး ငါဒီနေရာကနေ ထွက်မသွားဘူး အဲတော့ နင် ဘာလုပ်မှာလဲ။"
   
    စုစု ကသူမကိုစကားဂရုမစိုက်ပဲ ပြန်လည့်စိုက်ကြည့်ကာ တုန့်ပြန် ပြောဆိုလိုက်သည် ဗစ်တိုးရီးယား ကဘာမှပြန်မပြောပါဘူး သူမကိုသာ စေ့စေ့စိုက်ကြည့် နေလိုက်တော့တယ်။
   
    ထိုချိန် သူမကိုယ်နာမှာဝိုင်းယံထားတဲ့ အနက်ရောင်မြူခိုးတွေက သိပ်သည်းစွာ စုစည်းလာခဲ့တော့သည် ထိုနောက် ယင်းမြူခိုးတွေက သူမတစ်ကိုယ်လုံးကို ဖုံးလွှမ်းခဲ့ပါတယ်။
   
    "နင် ကပေးထားတဲ့အခွင့်ရေးကို.. အသုံးမချနိုင်တာ အသောသနားစရာကောင်းတာပဲ..စုစု နင် ဘာသာ နင် အဆိပ်ဧကရီ ဖြစ်ဖြစ် မိစ္ဆာနတ်ဘုရား ဖြစ်ဖြစ်.. ငါဂရုမစိုက်ဘူး.. ငါကိုရန်စလာရင်တော့ အသက်ကိုဖပ်နဲ့ထုပ်ထားလိုက်တော့။"
  
    တစ်ကိုယ်လုံးသို့လွှမ်းခြုံထားတဲ့ မြူခိုးကြားကနေ ဗစ်တိုးရီးယား ၏ အေးတိအေးစက် ခံစားချက်မဲ့သောအသံက ဖြာထွက်လာခဲ့သည်။
   
    သူမစကားကြားတော့ စုစု ရင်ထဲမှာထိန်းချုပ်ဖို့ မဖြစ်နိုင်သော ကြောက်ရွံမှုတွေက တစ်ဟုန်ထိုးမြင့်တက်လာပါတယ် သူမက ဗစ်တိုးရီးယား ယခင်နှင့်ယှဉ်ရင် ကောင်းကင်နဲ့မြေကြီး လို အားနည်းသွားတာကို သိနေပေမယ့်။
   
    သူမကြောက်မိနေတုန်းပဲ ဖြစ်ပါတယ် ဗစ်တိုးရီးယား ကအဘယ်ကြောင့် သူမတို့လို မိစ္ဆာနတ်ဘုရား ထဲမှာခေါင်းဆောင်ဖြစ်နေရတာလဲဆိုတာ သူမအခုထိမမေ့နိုင်သေးပါဘူး။
   
    ဗစ်တိုးရီးယား အနေဖြင့်သူမတို့ထဲမှာ အသန်မာဆုံးမဟုတ်ပါဘူး သူ့မက အပြတ်သားဆုံးနဲ့ အရက်စက်ဆုံးဖြစ်တာကြောင့် ခေါင်းဆောင်ဖြစ်နေတာပါ တစ်ချိန်တုန်းက ကောင်းကင်ကြီးကို အာခံပြီး မီးတက်ရှို့ဖို့ ပထမဆုံး တွေးတဲ့သူက ဗစ်တိုးရီးယား သာဖြစ်ပါတယ်။
   
    "ဂလု"

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now