၄၁ မှ ၄၅

174 19 0
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၄၁)

တံခါးပွင့်လာတော့ ချောမောတဲ့ လူရွယ်တစ်ယောက် ကအခန်းထဲကို ဝင်ရောက်လာခဲ့၏..

အဲချိန် အခန်းထဲ ဝင်ရောက်လာတဲ့ သူက ဟန်မူရာ ကိုအမြင်ကပ်စွာ စိုက်ကြည့်လိုက်ကာ..

"ကပ်ပါးမ ဘယ်မလဲ ငါ့ရဲ့ ဆရာ အမှတ်တံဆိပ်.."ဟု ချန်ပေ ပြောဆိုလိုက်ပါတယ်..

ချန်ပေ စကားကြောင့် အခန်းထဲက ဆိုဖာပေါ်မှာထိုင်နေတဲ့ ဆရာမ ဖြစ်သူက မယုံကြည်နိုင်စွာ ချန်ပေ ကိုစိုက်ကြည့်မိတော့သည်။

သူမ ဘဝတစ်သက်၌ ကျောင်းအုပ်ကြီး ဆန်းယူ ကိုထိုလိုမျိုး ရိုင်းစိုင်းစွာ ပြောဆိုရဲသော သူကား တစ်ခါမှကို မမြင်ဖူးသေးပါဘူး..

သူမတို့ရဲ့ ကျောင်းအုပ်ကြီးက အရမ်းကို ဆတ်ဆတ်အထိမခံတဲ့သူလည်း ဖြစ်ပါတယ်..

သူမကို တစ်စုံတစ်ယောက် ကွယ်ရာမှာ မလေ့မခန့် ပြောလိုက်ရုံနဲ့တောင် ထိုလူကို မရမကလိုက်ရှာပြီး ကြောက်စရာ ကောင်းစွာ ဆုံးမတတ်သည်..

ယခုတော့ ဘယ်ကမှန်းမသိတဲ့ ကောင်လေး တစ်ယောက်က သူမကိုတောင် ပေါ်တင် ရိုင်းစိုင်းစွာ ပြောနေပြီးလား ကြည့်ရတာ အဲကောင်ကတော့ အသက်မရှင် ချင်တော့ဘူးလား..

ဟု သူမ၌ တွေးမိသွားသည်..

ဟန်မူရာ က ချန်ပေ ၏ စကားကြားသော်လည်း သူမက စိတ်မဆိုးပါပေ..

ပြောရရင် သူမတောင်မှ ကိုယ်ကို ကပ်ပါးမ ဟု တောင် ထင်နေပြီ မဟုတ်ပါလား..

ဘဝပေါင်းများစွာ ချန်ပေ နောက်ကို လိုက်လာတော့ သူမကိုယ်သူမတောင် ကပ်ပါးမ ဟုထင်နေခဲ့ပြီလေ..

အဲဒါကြောင့် ကပ်ပါးမ ဟူသော အခေါ်ဝေါ်က သူမနဲ့အလွန်ပင် ရင်းနှီးနေခဲ့ပါပြီ..

"အာ.. ဟုတ်သားပဲနော် ငါနင့်ကို ဆရာ တံဆိပ် မပေးရသေးဘူးပဲ.."

ချန်ပေ ပြောမှ သူမ ကသတိရ သွားပါတယ်..

"ဆောရီနော်.. ရော့ဒီမှာ ယူလိုက်.."

ဟန်မူရာ လက်ကိုရမ်းလိုက်၍ ငွေရောင် တံဆိပ် တစ်ခုကို ထုတ်ယူလိုက်ပါတယ်..

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now