အပိုင်း ၆

319 25 0
                                    

S.K။
    ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
    အပိုင်း(၆)
   
    ချန်ပေ နွယ်ကြိုးကိုရှောင်တိမ်းပြီးနောက် ကြောင်ရပ်မနေရဲပေ ထိုကြောင့် အားကိုယူမာန်ကိုတင်း နောက်ကျသည့်ခြေဒေါက်သစ္စာဖောက် ဟု စိတ်ထဲတည်မှတ်ကာ မနောင့်နဲ့တင်ပါး တစ်သားတည်းကြအောင် အရူးအမူး ကို ထွက်ပြေးလိုက်ပါတယ်။
   
    သူလုပ်ရပ် ကကျောင်းသား တွေကိုပိုပြီး မသင်္ကာစရာဖြစ်စေခဲ့သည် ..
   
    "ဟော.. ဟိုမှာထွက်ပြေးသွားပြီ ခွေးကောင် စောက်သုံးကိုမကျ လိုက်တာကွာ..ဘောမှပဲ.. "
   
    ကျောင်းသား တစ်ယောက်က ချီတိုက်ကွက်ကို အသုံးပြုလိုက်တဲ့ကောင်ကို ထဆဲလိုက်ပါတယ် ဟိုကောင်ကလည်း ထောင်းခနဲ့ ဒေါသထွက်လာပါတယ်။
   
    "ဘာကွ ဟေ့ကောင် မင်းဘာပြောလိုက်တယ် ခွေးကောင် ဟုတ်လား ဘောပဲလေ မ.အ.လ ကောင် _င်ခံလိုက်..!!"
   
    အဲတစ်ယောက် ကလည်း မခံဘူးချက်ချင်း ပြန်ဆဲပါတယ်။
   
    "ဘာကွ ခွေးကောင် မင်းငါ့ကိုဆဲတာလား ဘောပဲကွာ မင်းကိုငါကြောက်မယ် ထင်နေတာလား သေလိုက်လေ..!"
   
    အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်က ရန်စောင်းကြပြီး တခဏအတွင်းပဲ။
   
    အခြင်းခြင်း ဆဲဆိုကြိမ်းမောင်းရင်း သူတို့တွေထ နပန်းလုံး လိုက်ပါတယ် အဲဒါကြောင့် ချန်ပေ နောက်ကိုလိုက်နေတဲ့ ကောင်တွေက အသော နည်းပါးသွားသည်။
   
    သူက အဲဒီဖြစ်တဲ့ အခွင့်ရေးကို ရယူပြီးအဝေးဆုံးကို မှုန်ကုတ်နေအောင် ထွက်ပြေးလိုက်ပါတယ်။အတန်ကြာတော့သူတို့အားလုံးကို မျက်ခြည်ပျက် လောက်ပြီ ထင်ရ၏။
   
    ချန်ပေ။
    ".အံ မ လေးး.. မောလိုက်တာကွာ.. ဟူ.ဟူ..ဟာဟာ.. ငါရေတော်တော်ဆာနေပြီဟေ့.. ရေသွားသောက်ဦးမှပဲ.."
   
    အမောတကော နဲ့ အသက်ကို အလုအယက် ရှူရင်း သူရေသွားသောက်ဖို့ မကမ်းမလမ်းက စမ်းချောင်းဆီကို ပြေးသွားလိုက်တယ်။
   
    သူထွက်ပြေးခဲ့တာ အသကုန်ဖြစ်တာကြောင့် ဘယ်နေရာကို ရောက်ရှိသွားပြီလဲဆိုတာ သူကိုယ်တိုင်တောင် လုံးဝမသိတော့ပါဘူး။
   
    တားမြစ်နေရာ။
   
    ဟူသော အနီရောင်စာလုံးကြီးဖြင့် ဆိုင်းဘုတ်ကို ထွက်ပြေးခဲ့စင်က ကျော်ဖြတ်ခဲ့တာကိုလည်း ချန်ပေ လုံးဝမသိပါဘူး။
   
    ရေကရှည်ရှည်ဝေးဝေး မရှာရပါဘူး အတန်လျှောက်လှမ်းပြီးနောက် အေးမြသော သွင်ပြင်ဟန်ရှိတဲ့ စမ်းချောင်းတစ်ခုကို သူမြင်တွေ့လိုက်ရပါတယ်။
   
    "ဟန်ကျတာပဲဟေ့. ရေကသောက်ရမ်းကြည်လင် နေတယ်ဟ.. ငါ့ကိုယ်မှာလဲ ချွေးတွေ နဲ့ဆိုတော့ ရေချိုးဦးမှပဲကွာ.. "
  
    ကိုယ်ပေါ်ရှိအဝတ်စား အကုန်လုံးကို ချွတ်ချလိုက်တယ် အဝတ်စားတို့ကို ကြိုးကွင်းပမာ ဝေ့ရမ်း လိုက်ပြီး အနားက ခြုံပင်ပေါ် ပစ်တင်လိုက်ပါတယ်။
   
    ဗြမ်းး..(ရေထဲကျသံ)
   
    ပေါ့ပေါ့ပါးပါး လွတ်လွတ် လပ်လပ် ပဲ ချောင်းထဲကိုခုန်ဆင်းလိုက်ပါတယ် ရေကအတော့ကို အေးမြပြီး ချိုးရတာ အလွန်ကို သက်သောင့်သက်သာ ဖြစ်ကာ နေလို့ထိုင်လို့ ကောင်းသွားသည်။
   
    အတော်ပျော်ရွှင်နေတာကြောင့် ချန်ပေ သတိတောင်ကိုယ်နဲ့ပါ မကပ်ခဲ့တော့ဘူး..
   
    မကြာခင်မှာပဲ။
   
    သူ့ဆီတစ်ရွေ့ရွေ့နဲ့ တစ်စုံတစ်ရာ ကချည်းကပ် လာတာကိုတောင် မသိသေးဘူး။
   
    ချန်ပေ နဲ့ ၉ ပေအကွာမှာတော့ ရေထဲမှာအရိပ်တစ်ခုက ဖြေးဖြေးခြင်း ကူးခပ် လာပါတယ် အဲဒါက ကိုယ်တုံးလုံးဖြင့် ကိုယ်အောက်ပိုင်းက ငါးကဲ့သို့အမြှီးရှိနေပါတယ်။
   
    ယင်း၏ အရေပြားက ငါးကဲ့သို့ပမာ ချောကျိနေ၏ ဖြူဖွေးနေသော အသားရေက ကြည်လင်လှတဲ့ ရေထဲမှာရောင်ပြန်လက်နေပါတယ်။
   
    ပင်လယ်ပြာကြီးလို သန့်စင်သော မျက်လုံးကိုပိုင်ဆိုင်ထား၍ အဝါဖျော့ရောင်တောက်ပတဲ့ ဆံနွယ်ကရေထဲ လူးခါနေပါတယ် ပိတုန်းရောင်ရှိတဲ့ နားရွက်ဖောက်တွင်းရလျက်။
   
    အဲအကောင်က ရေသူမ တစ်ယောက် ဖြစ်နေပါတယ် သူမ၏ကိုယ်ပေါ်၌ မည်သည့်အဝတ်စားမျှ မရှိပါဘူး မိမွေးတိုင်ဖမွေးတိုင် ပါပဲ။သူမကသူဆီကိုကူးခပ်လာပါတယ်။
   
    သူမ မျက်လုံးထဲက အင်မတန်မှပြင်းပြလေသော စူးစမ်းလိုခြင်းအကြည့်တွေနဲ့ လင်းလက်နေပါတယ် ခဏအကြာသူမ ချန်ပေ ကိုမြင်လိုက်ရသည်။
   
    သူမလုံးဝတစ်ခါမှမမြင်ဖူးသော အကောင်ဖြစ်တာကြောင့် သူမ ခေတ္တကြောင်အမ်းသွားပါတယ် အဲနောက် ချန်ပေ ဆီကိုအသာ ကူးခပ်လာတော့တယ်။
   
    ချန်ကေ ကလည်း လွတ်လွတ်လပ်လပ်ပဲ ရေကူးနေတာပါ သူမကဖြေးဖြေးလာခြင်းနေတာကို တကယ်မသိပါဘူး မသိဘူးဆို သူသီချင်းညည်းရင်း ရေချိုးနေတာကို။
   
    ဘယ်ညာလက်ယက်ကန် လုပ်ကာကူးခပ်နေတာပါ ရုပ်တရက် သူ လက် ကအမည်မသိ အရာတစ်ခုခုကို သွားဆုပ်မိကိုင် လိုက်တယ် အဲဒါ ကအလွန်ကိုနူးညံ့လှပါတယ်။
   
    သူကမျက်လုံးမှိတ်ထားတာကြောင့် ဘာဆုပ်မိလိုက်မှန်း ကိုမသိပါဘူး လက်ကအလိုလို နေရင်း စမ်းညစ်ကြည့်မိသွားတယ် ။
   
    ".အ!!!?"
   
    ရုပ်တရက် ညည်းသံတစ်ချက်ထွက်လာပါတယ် ချန်ပေ စိတ်ထဲမိုးကြိုးပစ်ခံရသလို ခံစားလိုက်မိတယ် ဤနေရာမှာတခြားတစ်ယောက် ရှိနေတယ်ပြီးတော့ သူက မိန်းကလေး။
   
    သူရဲ့ မှိတ်ထားတဲ့မျက်လုံးကို ချက်ချင်းထဖွင့်လိုက်တော့ အင်မတန်မှချောမောလှတဲ့ မျက်နာလေးက သူရဲ့အမြင်အာရုံတစ်ခုလုံးကို ဆွဲဆောင်သွားသည်။
   
    နို့နှစ်ရောင်ရှိတဲ့အသားရေနဲ့ ထိုမျက်နာလေးက အင်မတန် မှချောလှလွန်းပါတယ် ပြီးတော့ ရှက်ရွံ့ဟန်လေးက ထိုမျက်နာလေးပေါ်မှာ စိုးမိုးလို့ထားပါတယ်။
   
    သူမက ရေသူမ တစ်ယောက်ဖြစ်နေခဲ့ပါတယ် အဲဒါက ကျင်ကျ နဲ့ပထမဦးဆုံးဆုံတွေ့တဲ့ အခိုက်တန့်ဖြစ်ပါတယ်

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now