အပိုင်း ၄

439 31 0
                                    

S.K။
    ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
    အပိုင်း(၄)
   
    မိုးထိတောင် က မိုးနင်းကျောင်းတော် ဖြစ်ပါတယ် ဟန်မူရာ ပိုင်ဆိုင်ထားတဲ့ ကျောင်းတော်ပါကျောင်းတော် ရဲ့ပင်မတည်နေရာက ရေတွတ်မရအောင်ကို ကျယ်ဝန်းလှတဲ့ ခြံဝန်းကြီး တစ်ခုလုံးပဲ ဖြစ်ပါတယ်။
   
    ချန်ပေ တစ်ယောက် တကယ်ကိုမယုံကြည်နိုင်စွာ အံ့သြတကြီး အဆောက်ဦးကြီးတို့ကို ငေးကြည့်နေမိသည်။
   
    "ဟိဟိ.. ဘယ်လိုထင်လဲ အရမ်းကျက်သရေ ရှိတယ်မလားး ဒါကရဲ့ကျောင်းတော်ပဲ အမည်က မိုးနင်းဟိန်းကျောင်းတော် လို့ခေါ်တယ် ဒီလောကကြီးရဲ့ အနယ်နယ်အရပ်ရပ် ကနေ ဒဏ္ဍာရီလာ သားရဲတွေ ပညာလာရောက်သင်ကြားတဲ့ ကျောင်းတစ်ကျောင်းပေါ့။"
   
    ဟန်မူရာ ကဝင့်ကြွားစွာဂုဏ်ယူလို့မဆုံး သူမ ကျောင်းတော် အကြောင်းကိုသူကို အားပါးတရ ဖောက်သည်ချနေပါတယ် သူမကျောင်းတော် ကမည်သည်မျှ ကျက်သရေရှိပြီး ဘယ်လောက်ထိ အနုလက်ရာမြောက်တယ် အကြောင်း ဟာအမျိးမျိုးကိုစုံ နေတာပဲ ချန်ပေ နားငြီးလာသည်။
   
    ခေတ္တအကြာမှာတော့ သူတို့ကပင်မဂိတ်တံခါးနားကို ရောက်ရှိပြီးသူမကလေထဲမှာ ပျံသန်းရာကနေ ဆင်းသက်သွားလိုက်ပါတယ် ထိုအခါ တံခါးဂိတ်ကြီးက အလိအြလျောက်ကို ဘေးဖက်သို့ ဖွင့်လျစ်လို့လာပါတယ်။
   
    တံခါးကြီး၏ ကြားမှာတော့ ကျယ်ပြန့်သော အကွာဝေးဖြင့် ကျောင်းတော်ရင်ပြင်ထိကို ရောက်တဲ့ ကျောက်တုံးခင်းလမ်းကြီးတစ်ခုကိုမြင်နေရသည် ချန်ပေ ကိုချပြီးသူမက မပျံသန်းတော့ပဲ ထိုလမ်းကြီးမှာ ငြိမ်ညောင်းစွာ လျှောက်လှမ်းနေတော့ပါတယ်။
   
    ဟန်မူရာ က ချန်ပေ ကိုခေါ်တယ် သူမနောက်ကို သူလိုက်သွားပါတယ် အတန်ကြာလျှောက်လှမ်းပြီးနောက်မှာတော့ အင်မတန်မှကျယ်ပြန့်တဲ့ ရင်ပြင်ကြီးတစ်ခုကို မြင်လိုက်ရသည်။
   
    ရင်ပြင်ကြီး အလည်မှာ အရမ်းလှပြီးထူးခြားတဲ့ ရေပန်းကြီးတစ်ခုက တည်ရှိနေပါတယ် ရင်ပြင်ကြီးရဲ့ ထောင့်တိုင်းမှာတော့ စာသင်ခန်း အဆောင်တော်တွေ အများကြီးရှိနေသည်။
   
    ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ပါးစပ်အဟောင်းသားဖြင့် ချန်ပေ မြို့ရောက်တောသားပမာ ငေးကြည့်မိတယ် အဲဒါကဘယ်လောက်ကြည့်ကြည့်မရိုးနိုင်တဲ့အလား လွန်စွာကိုမျက်စိပဒေသာ ဖြစ်လှပါတယ်။
   
    "ဟီဟီ.. အဲလောက်ထိလဲ ငေးမနေနဲ့ အကြည့်လွန်းပြီး မျက်လုံးလဲကျွတ်ထွက်သွားဦးမယ်.. လာငါနောက်လိုက်ခဲ့ နင့် စာသင်ခန်းကို လိုက်ပြမယ်.."
   
    သူမကပြောဆိုလိုက်တယ် ဟန်မူရာ ချန်ပေ အံ့သြနေတဲ့ ထိန်းရင်းသူမနောက်ကို လိုက်သွားသည် သူမကသူကို စာသင်ခန်း တစ်ခန်းဆီကိုခေါ်သွားနေတာပါ သူတို့က ခန်းနားလှတဲ့ စာသင်ခန်းပေါင်းများစွာ ကို ကျော်ဖြတ်လာခဲ့တယ်။
   
    နောက်ဆုံးတော့ တော်တော်ဟောင်းနွမ်းနေတဲ့ စာသင်ခန်းတစ်ခုကို ရောက်ရှိလာခဲ့တယ် စာသင်ခန်းနံပတ်က F.A 01 ပါစာသင်ခန်း တံခါးသစ်သားတောင်ဆွေး နေ၏ အခန်းထဲကို သူအသာအကဲရှုကြည့်တော့ မသုံးတော့တာ နှစ်ပေါင်းများစွာ ကြာပြီမှန်းမသိတဲ့ ခုံတွေတန်းစီ ကာရှိနေတယ်။
   
    အဲဒါပေမယ့် အဲခုံတွေက ဖုန်တွေတက်ညိနေပြီး အခန်းတစ်ခုလုံးကလည်း ပင့်ကူအိမ်တွေနဲ့ ပြည့်နှက်နေသည် စာသင်ခန်းကို ကြည့်ရင်းအသောကို စုတ်ပြတ်လိုက်တဲ့ စာသင်ခန်းဟု ချန်ပေ တွေးမိသွားသည်။
   
    "ဟုတ်ပြီ.. ဒါက.. နင် ရဲ့စာသင်ခန်းပဲ.!!"ဟု
   
    ရုပ်တရက် ဟန်မူရာက ချန်ပေ ကိုကြည့်ကာ ပြောလိုက်ပါတယ် တစ်ခါတည်းကိုပဲ သူ စိတ်တစ်ခုလုံး တင်းမာသွားပါတယ် ..
   
    "ဘာကွ.. ဟန်မူရာ မင်းဘာအချိုးချိုးတာလဲကွ ငါ့ကိုဒီကို အတင်းကျပ်ခေါ်လာပြီး ဒီလိုဟောင်းနွမ်းအစုတ်အပဲ့ စာသင်ခန်းမှာ စာလာသင်ခိုင်းတယ်ပေါ့ ဟုတ်လားး မင်း ကွာ.. ဒီအခန်းကိုမြင်တာနဲ့ ဘယ်သူက ငါ့တပည့်ဖြစ်ချင်တော့မှာလဲဟ ခုံတွေလဲကြည့်အုံး လေတစ်ချက်မှုတ်လိုက်တာနဲ့ အခန်းတစ်ခုလုံး ဖုန်တေနဲ့မွန်ထူသွားနိုင်တယ် "
   
    ချန်ပေ မခံမရပ်နိုင်စွာ ခံပြင်းပြီးပြောဆိုမိသည် ဟန်မူရာ ကပခုံးတွန့်ပြလိုက်တယ် သူမ မျက်နာပေးကလဲ သောသော အမြင်ကပ်စရာကောင်းလာတယ်။
   
    ".အင်းး နင့်အပြောကတော့ မဆိုးပါဘူး ဒါမယ့် နင့် ဆီကနေလဲ ငါက သိပိပြီးမျော်လင့်မထားပါဘူး ဒါကြောင့်. နင်ရဲ့စာသင်ခန်းက ဒီအခန်းပဲ ကဲကဲ နင် အချိန်ရှိခိုက်လုံးလစိုက်ပြီး သန့်ရှင်းရေးပါရေ လုပ်ထားအုံး နင် တပည့်ရမရကတော့ နင့်အစွမ်းစပေါ် မူတည်တယ်.. ဟီးဟီး ကံကောင်းပါစေ. .. ငါသွားပြီးနော် ကိစ္စတစ်ခုခုရှိရင် ရုံးခန်းကိုလာလိုက်။"
   
    သူမ သူကိုအထင်သေးလှောင်ပြောင် စောင်းပြောပြီးတော့ ထွက်သွားခဲ့ပါတယ် ချန်ပေ တော်တော်စိတ်တိုလာတယ် အခန်းထဲက ခုံတွေအပေါ်ကို ဒေါသပုံချင်လာမိတယ် ဒါပေမယ့် သူမလုပ်ခဲ့ပါဘူး။
   
    သူမှာအဲဒါတွေပဲ ရှိတာမလား အဲဒါတွေသာ ပျက်ဆီးသွားရင် သူဘယ်ကနေသွားယူရမလဲဟ အဲနောက်သူမအပေါ် မကျေနပ်တာတွေကို ပါးစပ်ကနေ ပွစိပွစိ ရေရွတ်ရင်း စာသင်ခန်းကိုသာ သန့်ရှင်းရေးလုပ်လိုက်တော့သည်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now