အပိုင်း (၄)

Start from the beginning
                                    

ဒါမှသာ ကျိုးချီက ရေကို တစ်ငုံ နှစ်ငုံ သောက်ပြီးတော့ စကားစပြောလာတယ်။

'' ထန်းရှို့ရှို့ (ဦးလေး)  ၊ ခများက ကျွန်တော်ကို ဘာမှ မလုပ်ပေးပဲ ဘာလို့ လက်နှစ်ချောင်း လာထောင်ပြ နေရတာလဲ။ သူများတွေသာ ကျွန်တော် ရဲ့ နေရာမှာဆို ဒေါသထွန်းလွန်းလို့ ပြန်ပြီး တောင် ကိုမာ ဝင်သွားလိမ့်မယ်''

ဟုတ်ပါတယ်။

အဖိုးအို ပုံပေါက်နေတဲ့ ဆရာဝန်ကြီးက ကျိူးချီရဲ့ အိုမီဂါဖေဖေ ဘက်ကဝမ်းကွဲ အမျိုးတော်တဲ့ ဦးလေး ကြီး ဖြစ်ပြီးတော့ အယ်ဖာ ကျိူးချီရဲ့ အော်တစ်ဇင် ရောဂါ ကုသရေး မှာ တစ်စိတ် တစ်ပိုင်း ပါဝင် ရသူပါ။

သူက ကျိုးချီဟာ အော်တစ်ဇင် ဖြစ်နေတာကြောင့် ပြန်မဖြေဘူး လို့ထင်ခဲ့ပေမယ့် သူ့တူ ရဲ့ ထူးဆန်းတဲ့ အကြည့်အောက်မှာ သူ့တူက ပြန်ကောင်း လာတာ လား ဆိုပြီးတော့ တွေးမိလေတယ်။

နောက်တော့ အရင်ကထက် သုံးဆ လောက်ပိုများတဲ့ စကားတွေ တစ်သီကြီး ထွက်လာတာဖြစ်တဲ့ အပြင် ' ထန်း ရှို့ရှို့ ' လို့ အခေါ်ခံ လိုက် ရတာကြောင့် ဆရာဝန်အိုကြီး ခမျာ မျက်ရည်တွေ တောင် လည်သွားခဲ့ပါတယ်။

'' ရှောင်ကျိူး သားလေး ပြန်ကောင်းလာပြီပေါ့ ကွာ။ ဟားဟား ကောင်းတယ် ကောင်းတယ်ဟေ့ သူ့မိဘတွေကို ဖုန်းဆက်စမ်းကွာ ''

ဘေးနားက သူ့ရဲ့ လက်ထောက် နဲ့ တူတဲ့ ဆရာဝန်က ဘေးကနေ ပြောလိုက်တယ်။

'' ဆက်ပြီးပါပြီ ဆရာ။ သူ့မိဘတွေနဲ့ အဖိုးအဖွားတွေ က လမ်းမှာ လာနေပါပြီ။ ''

ထိုချိန် ကုတင် ပေါ်က ကျိုးချီက ဖြူစင်တဲ့ မျက်နှာလေးနဲ့ လှမ်းပြောလေတယ်။

'' ဦးလေးကြီး ကျွန်တော့်ရဲ့ စေ့စပ်ထားသူ ကိုလည်း ဆက်ပြီးပြီလားဟင် ''

ဦးလေး ကြီးလို့ ခေါ်ခံ လိုက်ရတဲ့ အသက် ၂၅ နှစ်အရွယ် ဆရာဝန်ခမျာ အေးခဲ သွားလေတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ကျင့်ဝတ်နဲ့ အညီ မျက်မှန်ကို ပင့်တင်ကာ ခေါင်းခါ ပြလိုက်တယ်။

'' ကျွန်တော်တို့ ဆေးရုံမှာ မင်းမိဘတွေ ရဲ့ ဆက်သွယ်ရေး အချက်အလက်တွေ ပဲ ရှိပါတယ်။ မင်းရဲ့ စေ့စပ်သူ နံပါတ် မရှိတဲ့ အတွက်ကြောင့် ခေါ်ပေးလို့ မရပါဘူး။ မင်းရဲ့ ဆက်သွယ်ရေး ဆက်ကို သုံးပြီးတော့ ခေါ်ဖို့ကိုသာ ငါ အကြံ ပြုချင်တယ် ''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now