၃၁ မှ ၃၅

Começar do início
                                    

အရိုးတွေကလည်း အက်ကွဲလို့ သူ့မျက်နာတစ်ခုလုံးအက်ရာကြောင်းတွေနဲ့ပြည့်နှက်သွားသည်။

ဒီမန် အခြေနေကအရမ်းကိုဆိုးနေပြီ သူကအချိန်မရွေး အသက်ပျောက်တော့မယ်။အနေထားကိုရောက်နေပါပြီ။

ချန်ပေ သူ့ကိုစိတ်ပူနေမိသည် အဲဒါကြောင့် ကောက်ကျိုင်း ကို အမိန့်ပေးကာ ဒီမန် ဆီကိုသွားလိုက်တော့တယ်။

အနားရောက်တော့..

"ကိုသေမင်းး.. ခင်ဗျား အဆင်ပြေရဲ့လားး.."ဟု

ချန်ပေ မေးမိသည် သူ စကားကိုကြားတော့ ဒီမန် က ဘာမှမပြောဘူး သူကိုပြုံးပြပါတယ်။သူ့ရဲ့ အပြုံးကခါတိုင်းနှင့်မတူပါဘူး နွေးထွေးမှုတွေ ရောစွတ်လို့ထားသည်။

သူ့အပြုံးကနောက်ဆုံးနှုတ်ဆက်သော အပြုံးနဲ့တောင်တူညီပါတယ်။ချန်ပေ ရင်ထဲမှာ ဘာကြောင့်မှန်းမသိ မသက်မသာ.ခံစားလိုက်ရသည်။

ထိုနောက်..

"ကောင်းကောင်း ရှင်သန်သွားပါ ကောင်လေးး..။ မင်းးက ဒီလောကကြီးတစ်ခုလုံးး ရဲ့..အ..ရှင်..သ..ခ.."

ဒီမန် က ဖျော့တော့စွာ စကားကိုတောင်ဆုံးအောင် မပြောလိုက်နိုင်ဘူး။သူကအငွေ့အဖြင့်ပျောက်ကွယ်သွားပါတယ်။

ဂျိမ်းး~!

ချန်ပေ ကျောက်ရုပ်ဖြစ်သွားပြီ သူ၏ စိတ်အလျင်တို့က ရပ်တန့်သွားပြီ သူ ရဲ့တစ်ဦးတည်းသော သူငယ်ချင်းက ပျောက်ကွယ်သွားပြီ။

သူသဆုံးတိုင်းအမြဲတွေ့နေရတဲ့ သူငယ်ချင်း သူ ကြောင့်ဒေါသထွက်တိုင်း အမြဲဆဲဆိုနေသော သူငယ်ချင်း သူရဲ့ တစ်ဦးတည်းသော သူငယ်ချင်း!! ပျောက်ကွယ်သွားခဲ့ပြီ ရှိတော့ဘူး မရှိတော့ဘူး ဒီလောကကြီးက သူ့ အတွက် အဓိပ္ပါယ်မဲ့သွားပြီ။

"ဘာကြောင့်လဲ၊...ဘာကြောင့်လဲ!! ၊ ဘာလို့.ငါကို..ဒီလိုလုပ်ရတာလဲ၊.. ငါရဲ့တစ်ဦးတည်း သူငယ်ချင်းကိုမှ ဘာလို့.. ယူသွား လိုက်တာလဲ.. ဘာ့ကြောင့်လဲ!!! ဘာလို့လဲ...~~~"

ဂျိန်းးအုန်းးး...

ရုပ်တရက်။

လောကကြီးတစ်ခုလုံး တုန်လှုပ်သွားပြီ နေကြယ်ကြီးတောင် မှိန်ခါသွားခဲ့ပြီ။
တင်းးးဝုန်းးး..!

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Onde as histórias ganham vida. Descobre agora