အပိုင်း (30)

Start from the beginning
                                    

ငါမင်းသားရဲ့ မောင်နှမ တွေနဲ့ အမတ်တွေရဲ့ ကလေးတွေက နန်းတွင်းစာကြည့်ဆောင် ကို ဧကရာဇ် ခွင့်ပြုမှ ဝင်ခွင့်ရတာလေ။ ဒါပေမယ့် ဝမ်းကွဲမင်းသားတွေ ကတော့ အသက် ၂ နှစ် ပြည့်တိုင်း နန်းတွင်းစာကြည့်ဆောင် ကို တစ်နေကုန် ပို့ခံ ရပြီပဲ။

ငါလူး !

ငါမင်းသားက ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားတွေ မပြောလိုပါဘူး။ ဒါပေမယ့် ဘယ်လိုမှကို သည်းမခံ နိုင်ဘူးလေ။

ဦးရီးတော် ဧကရာဇ်နဲ့ ဖခင်ပေ့ တို့အပြင် ကျန်တဲ့ ဖခင် ၂ ယောက် ကလည်း အတူတူပဲ သူတို့ရဲ့ ဇနီးသည်တွေနားပဲ ကပ်ချင်​နေတာ။ အဲ့ထဲမှာ အဆိုးဆုံးက ဦးရီးတော် ဧကရာဇ်ပဲ ။ ကလေးတွေကို ၂နှစ်သား အရွယ် ကစပြီး ပညာသင်ခိုင်းတာ ဟုတ်မှန်ပေမယ့် ငါလူးမလို့ ၆လ ပဲ ရှိသေးတဲ့ ဝမ်းကွဲ မင်းသားလေးကို ငါမင်းသားကို ထိန်းခိုင်းတယ်လေ။

ညီလာခံမှာလည်း တိုးတက်အောင် ဆောင်ရွက် ရတဲ့အပြင် တော်ဝင်စာကြည့်ဆောင်မှာလည်း ကြီးကြပ် ရသေးတယ်။ အိမ်တော်က်ို ပြန်ရောက်လာတော့ မောင်နှမ တွေကို ထိန်းကျောင်းရတယ်။

ငါမင်းသားရဲ့ ဘဝဟာ တကယ်ကို သနားစရာ လေးပါ။ တစ်ခါ ကဆို ကောညီလေးကို စာရေးနည်း သင်ပေးနေတုံး အမွှာ ညီလေး နှစ်ယောက် က ပြေးလာပြီး ငိုယို ပြီးပြေးလာကြ လေတယ်။

အဲ့အချိန်တုံး ကဆိုရင် ငါမင်းသား သေမတက် ထိတ်လန့်ပြီး ဒေါသ ထွက်ခဲ့တာ။

ငါမင်းသားရဲ့ ညီတော်လေးတွေကို ဘယ်သူ အနိုင်ကျင့် ရဲသလဲ လို့ပေါ့။

နောက်ဆုံးမှာ သိလိုက်ရတာက ဖခင် ဟွမ်တဲ့လေ။ သူတို့ကိုမချစ်ပဲ မယ်မယ် ကိုပဲ ချစ်တယ်လို့ ပြောလို့ ငိုတာ မှန်းလည်း သိရော ညအချိန်ရောက်တဲ့ အခါ ငါမင်းသားကော ကောညီငယ်လေးပါ ကိုယ့်ဖခင်ကို ကိုယ် မေးကြည့် ကြလေတယ်။

သေချာတာပေါ့။

နောက်နေ့ကျတော့ မောင်နှမ လေးယောက်လုံး ဖက်ငိုခဲ့ ရတယ်လေ။

နောက်ဆုံးတော့ သူတို့ကို မချစ်တဲ့ ဖခင်တွေကို လက်စားချေ ဖို့ရာ သူတို့ရဲ့ မယ်မယ်နားကို တက်နိုင်သမျှ ကပ်ကြလေတော့တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now