အပိုင်း (22)

Start from the beginning
                                    

စီးခုန်ချီယာ့က ထိုဘေးကနေ မနားတမ်း လိုက်ပြောနေတဲ့ ကုန်းကုန်းကို လှည့်ပြီးတော့ ပြောလိုက်တယ်။

'' တိတ်တိတ်နေစမ်း ရှောင်လွီ။ ငါကိုယ်တော်က ဧကရီကို တွေ့ချင်လို့လေ။ ဘယ်မှာမှ ကံဆိုးမှုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဆိုတော့ မောင်မင်း ပါးစပ်ကို မပိတ်ထားရင် မောင်မင်းရဲ့ ခေါင်းကနေ ကိုယ်နဲ့ ဝေးရာရောက်တော့မယ်''

ထိုအခါမှသာ အပါးတော်မြဲ ပါးစပ် ပိတ်သွားလေတယ်။

'' မင်းတို့တွေ အပြင်ကို ထွက်သွားကြ''

စီးခုန်ချီယာ့ တစ်ယောက် ဝေ့ကြည့်လိုက်ပြီး အစေခံတွေ အကုန်လုံး ကို အခန်းထဲကနေ ထွက်သွားခိုင်းလိုက်တယ်။ ထန်ချီလေးက ဧကရီ ခေါင်းဆောင်း ဖို့ပဲ ကျန်တော့တယ်။

ထန်ချီလေးကို ကြည့်လိုက်တဲ့ အခါ ကိုယ်ဝန်ဆောင် မှည့်လေးကို ဖော်ထားပြီးတော့ ပုခုံးလေးပေါ် တင်ထားတဲ့ အပြင် ဧကရီတစ်ယောက်ရဲ့ လက်ဝတ်ရတနာ တွေ ဝတ်ထားတဲ့ ကလေးလေးက အရမ်းကို ချစ်စရာ ကောင်းလေတယ်။

ချီယာ့က ကလေးလေး ရှေ့မှာ ရပ်လိုက်တယ်။ ထန်ချီလေး က ထပြီးတော့ အရိုအသေပေးဖို့ လုပ်လိုက်ပေမယ့် ကိုယ်ပေါ်က အဝတ်အစားတွေက လေးလံနေတာကြောင့် ထလိုက်တာ ယိုင်သွားလေတယ်။

ထန်ချီလေးကို ချီယာ့က လှမ်းဖမ်းလိုက်ပြီးတော့ ရယ်မောလိုက်တယ်။

'' ဟားဟား ကျန်း ဧကရီ လေးရဲ့ အဝတ်တွေက အရမ်းကို လေးနေသလား ဟင် ''

'' ဟင့်....ဟင့်အင်း မလေးပါဘူး။ အရှင့်ကို ဒီဧကရီ က ဂါဝရ ပြုပါတယ်''

'' ထပါကွာ။ ကျန်းဆီလာပါအုံး ''

ထန်ချီက ချီယာ့ရဲ့ ရင်ခွင်ထဲကို ဝင်ထိုင်ရင်း အဖတ်ခံလိုက်တယ်။ ချီယာ့က သေးသေးလေးကို ဖက်ပြီးတော့ ကျောလေးကို ပုတ်ပေးနေခဲ့တယ်။

'' ကျန်းကို ချစ်သလား ဧကရီ''

အချိန်အတော်ကြာ ပြီးတဲ့နောက် တိတ်ဆိတ်မှုကို ချီယာ့က စပြီးတော့ ဖြိုခွဲလိုက်တယ်။

'' ဟုတ်ကဲ့ ''

'' ကျန်းရဲ့ ဧကရီ ဖြစ်ရတာ တကယ် ပင်ပန်းမှာနော် ''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now