အပိုင်း ( 20)

Începe de la început
                                    

စီးခုန်ချီမြန်က အတော်အတန်ကြာအောင် တွေးတော နေပြီးခါမှ တော်ဝင် ​မြေအောက် အကျဥ်းထောင် ကို သွားခဲ့လိုက်တယ်။ အဲ့နေရာမှာ သူမရဲ့ အမွှာ ဖြစ်တဲ့ စီးခုန်ချီလန် ကို ချုပ်နှောင်ထားတာ ပဲ ဖြစ်လေတယ်။

အိမ်ရှေ့စံ စီးခုန်ချီလန် ကို လွန်ခဲ့တဲ့ ဆယ်နှစ် က နန်းချ ခဲ့ပြီးတော့ ချုပ်နှောင်ထားခဲ့တာ ပဲ ဖြစ်လေတယ်။ မယ်တော် ဧကရီက သာ မတောင်းဆိုခဲ့ရင် ချီမြန်က သေချာပေါက် ချီလန် ကို သတ်ပစ်ခဲ့မှာ ပဲ ဖြစ်လေတယ်။

ထိုနန်းတွင်း တိုက်ပွဲအတွင်းမှာ ချီလန်က ချီမြန်ကြောင့် ခြေထောက်မှာ ဒဏ်ရာ ရသွားပြီးတော့ မတ်တပ်မရပ်နိုင်တော့ တာပဲ ဖြစ်တယ်။ ပြီးတော့ ချီမြန်ထက် စာရင် ချီလန်က နဂိုကတည်းက ထီးနန်းကို စိတ်ဝင်စားတဲ့ သူ မဟုတ်တာကြောင့် ဆက်ပြီးတော့ ရှင်သန်ခွင့်ပေးထားတာ ပဲ ဖြစ်တယ်။ ပြီးတော့ ချီလန် က အငယ်ဆုံးလေး ချီယာ့ကို အတော်ချစ်တာကြောင့် သူသာ သူမ လက်အောက်မှာ ဘာပြဿနာမှ မရှာရင် သူမကလည်း သူမရဲ့ မောင်လေးကို သူ့လိုမျိုး ချုပ်နှောင်ခြင်း မပြုပဲ ကောင်းကောင်း ပစားပေး မယ်လို့ ကတိပေးခဲ့တယ်။ တကယ်လည်း ကတိတည်ခဲ့ ပါတယ်။

အမှောင်ထဲက လုပ်ကြံတာက လွဲလို့ပေါ့လေ။ အများပြည်သူတွေ ရဲ့ ရှေ့မှာတော့ သူမဟာ အကောင်းဆုံး ဧကရာဇ် တစ်ပါးပါပဲ။ တစ်ချိန်က အိမ်ရှေ့စံ ဖြစ်ခဲ့တဲ့ သူဟာ စီးခုန်ချီလန် ဆိုတာ ဘယ်သူမှ သတိမရတော့ပါပေ။ တစ်ချို့သော သူတွေက လွဲလို့ပေါ့လေ။

ဆယ်နှစ်တာ ချုပ်နှောင်ထားတယ် ဆိုပေမယ့် ဒုတိယ အစီအစဥ် ချန်ထားဖို့ အတွက် စီးခုန် ချီလန်ကို သေသေချာချာလေး စောင့်ရှောက်ပေးထားပါတယ်။ သူ့ရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတာ က လွဲလို့ အစေခံ၊ အပျိူတော်၊ ကောင်းမွန်တဲ့ အစားသောက်၊ အဝတ်အထည်နဲ့ နေရာထိုင်ခင်း ကောင်းကောင်းမှာ ထားထားတာ ပဲ ဖြစ်လေတယ်။

ခြေထောက်ကတော့ ဘယ်လိုမှ ပြန်ကု မရတာကြောင့် လက်တွန်း ကုလားထိုင်လေး ပေါ်မှာပဲ ထိုင်နေရတယ်လေ။ အမှန်တော့ ရုပ်ပြောင်းဆေး တစ်လုံးအတွက် အမှတ်တန်ဖိုးက ခြေထောက်ပြန်ကောင်းအောင် လုပ်တဲ့ဆေးနဲ့ တန်ဖိုးညီမျှ ပေမယ့် ချီမြန်က မဝယ်ပေးခဲ့ပါဘူး။ ဒါကြောင့် ကုသမှုနည်းပညာ မထွန်းကားတဲ့ ထိုနေရာမှာတော့ ဒုက္ခိတ ဖြစ်ရုံ က လွဲလို့ တစ်ခြား လမ်းမရှိပါချေ။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Unde poveștirile trăiesc. Descoperă acum