အပိုင်း (17)

Start from the beginning
                                    

အခု အင်အားကြီး ဝိဉာဉ် အကြောင်း ဆက်အုံးစို့။ ထိုလူက စီးခုန်ချီမြန် ကို ပုန်ကန်တော့မယ့် ပုံပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ထိုကော အမျိုးသား လေးကို သူရဲ့ တစ်ဦးတည်းသော ဖြစ်ချင်ဟန်ပဲ။ တကယ်လို့သာ သူ့ကို ဝါးမျိုချင်တယ် ဆိုရင် သူ့ရဲ့ ဆန္ဒ တစ်ခု ကို ဖြည့်ဆည်း ပေးရမှာပဲ ဖြစ်တယ်။

သူကလည်း အရင်ဘဝ က ပန်းပွင့်တွေ ကြား လူးလွင့်ပြီးသား ဖြစ်လို့ ဒီဘဝ မှာတော့ ပန်းပွင့်တွေ မလိုချင်တော့ပေ။ မသေခါနီးလေး ဒွိလိင် ဖြစ်တဲ့ ကောအမျိူးသား လေးနဲ့ စက်ယှက် ​ဘူးတာ မလို့ ဒီအင်အားကြီး ဝိဉာဥ် ရွေးချယ်ထားတဲ့ သူကို စိတ်ထဲ ထည့်နိုင်တာပဲ ဖြစ်တယ်။

မဟုတ်လို့ ကတော့ အခက်တွေ့ အုံးမှာပဲ။ တဖြေးဖြေးနဲ့ သူ့ဝိဉာဥ် ကို အားဖြည့်ပြီး တော့ အခုချိန်မှာတော့ သူပြန်ကောင်းလာပြီ မလို့ ထို အင်အားကြီး ဝိဉာဥ် ကို မသိစိတ် ပင်လယ်ထဲမှာ ချုပ်နှောင် ထားနိုင် ခဲ့ပြီပဲ ဖြစ်တယ်။

ကျိူးချီဟာ ပင်လယ်ကြီး တစ်ခု မှာ ရောက်နေပြီး တော့ လူမရှိတဲ့ ကျွန်းအငယ်လေး ပေါ်မှာ သောင်တင် နေခဲ့တယ်။ ကျွန်းလို့သာ ပြောပေမယ့် အုန်းပင်လေး ၂ ပင်သာ ရှိပြီးတော့ ဘေးနားက ပင်လယ် ရေတွေက ဘောင်ဘင် ခတ်နေခဲ့တယ်။

အစောလေး ကတင် သူ့ရဲ့ ကောင်လေးကို ပွေ့ချီပြီးတော့ အိပ်ယာဝင်ခဲ့တာလေ။ နိုးလာတော့ သူက ကျွန်းပေါ်တောင် ရောက်​နေပြီ။ သူ့ကို မေ့ဆေး ခတ်တယ် ဆိုရင်လည်း ဒီလောက် မြန်မြန် ကြီးတော့ ပင်လယ်ထဲကို ရောက်လာနိုင်မှာ မဟုတ်ဘူးလေ။

ထူးဆန်းတာက သူရေမဆာတာပဲ။ ပင်လယ်ရေ ထဲမှာ ဆားတွေ ပါတာကြောင့် ပင်လယ်လေ တိုက်ရင် လေတိုက်ခံ ရသူအဖို့ ရေငတ် ကြတယ်။ ပြောရရင်လည်း ဒီနေရာကြီးက လေလည်း မတိုက်ပေ။ သူက အိမ်မက် မက်နေတယ် ထင်ပြီးတော့ ကိုယ့်ဘာသာကို ဆိတ်စွဲ ကြည့်လိုက်တယ်။

အား!

နာတယ်ဟ! !

ကျိုးချီ တစ်ယောက် အဖြေရှာနေစဥ်မှာပဲ သူနဲ့ အတော်တူတဲ အမျိုးသား တစ်ယောက် က ကျွန်းပေါ်မှာ ပေါ်မှာ ပေါ်လာတာ ကိုတွေ့လိုက်ရတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now