END

1.6K 56 28
                                    

သစ်ပင်များ အုပ်ဆိုင်းနေသော တောတွင်းတနေရာ၊ တစ်နည်းအားဖြင့် မြွေမျိုးနွယ်စု စခန်းချရာနေရာ။

"သတင်းပို့ပါတယ် Tora ခေါင်းဆောင်က ရဟတ်ယဥ်နဲ့ ဆင်းလာတယ်လို့ ကြားပါတယ် "

"ဘာ!!! "

"ပြီး ပြီးတော့ တိုက်ပွဲက ကျွန်တော်တို့ မျိုးနွယ်ဘက်က ပူးပေါင်းပြီး တိုက်ပေးတဲ့သူတွေလည်း အကုန်ကျကုန်ပါပြီ "

"တောက်! Bright ဆိုတဲ့ကောင်က သိပ်အစွမ်းထက်နေတယ်ပေါ့ "

မြွေမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်ဟန်တူသူက ပြောလာတဲ့စကား။ တစ်ခြားသူတော့မဟုတ်။ဆေးရုံမှာ ဆရာဝန်လေး ကြည့်ပေးခဲ့တဲ့ အစာအဆိပ်သင့်တယ်ဆိုတဲ့ လူနာပင် ဖြစ်၏။ ဆေးရုံကို တက်နေရတဲ့ အကြောင်းအရင်းကလည်း ဆရာဝန်လေး လာမယ်ဆိုတာ ကြိုသိထားတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

"အဟက်! ငါတို့ဆီမှာ အဖိုးတန်လေး ရထားတာဘဲ "

"ဘာလဲ "

"ဟိုမှာလေ ဆရာဝန်လေး Win က ခေါင်းဆောင်ရဲ့ ကြင်ယာဖက်ဘဲ "

"အဟက်! "

Ring နဲ့ ထိုသူက Win တို့ဘက်ကို ကြည့်ကာ အပြန်အလှန် ပြောနေကြတဲ့စကား။ နောက်ထပ်ရောက်လာတဲ့ တစ်ခြား မျိုးနွယ်စုဝင်တွေက တစ်ခုပြီးတစ်ခု တင်ပြပြီးတဲ့အချိန်မှာတော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ မျက်နှာဟာ တ​ဖြေးဖြေးမိုးမှောင်ကျလာတော့၏။ထိုသူက Ring ရဲ့ လည်ပင်းနားက အင်္ကျီစကို ကြမ်းကြမ်းတမ်းတမ်း ဆွဲကိုင်ကာ

"တောက်! Ring မင်းပြောတော့ မျိုးနွယ်စုအကြောင်း သိပါတယ်ဆို အခုတော့ ဘယ်လိုဖြစ်ရတာလဲ "

"အဲ့ဒါက အဲ့ဒါက "

မြင်တွေ့နေရတဲ့ အခြေအနေတွေကြောင့် ဆရာဝန်လေးမှာ ဒီလူတွေ တစ်ခုခု ဖြစ်နေပြီမှန်း ရိပ်မိလိုက်ပြီ။ သေချာပေါက် ရှုံးနိမ့်ကြတာ နေမှာပေါ့။ အခုမှ သွေးပျက်နေကြတဲ့ အခြေအနေ။ ကြည့်နေတဲ့ အချိန်အတွင်းမှာဘဲ ထိုခေါင်းဆောင်က Ring ကို ဆွဲကိုင်ထားရာကို လွှတ်ချကာ ဆရာဝန်လေးတို့ ဖမ်းချုပ်ထားရာဘက်ကို ခြေလှမ်းကျဲတွေနဲ့ လျှောက်လာ၏။သူလာရာ လမ်းတစ်လျှောက်မှာလည်း မြွေနှစ်ကောင်က လူးလွန့်ကာ ပါလာ၏။

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Onde histórias criam vida. Descubra agora