"ဟင်!!! "
မနက်အိပ်ယာနှိုးလာတော့ ဆရာဝန်လေးရဲ့ လက်တစ်ဖက်ဟာ တစ်စုံတစ်ယောက်ထံ ထွေးဆုပ်ခံထားရတာမို့ အံ့သြသွားရ၏။တစ်ညလုံးဒီအတိုင်းနေနေခဲ့သလား။ခုံပေါ်မှာတင် ဆရာဝန်လေးရဲ့ လက်ကို ကိုင်ထားရင်း ငုတ်တုပ်အိပ်ပျော်နေတဲ့သူက အပူအပင်ကင်းတဲ့ ကလေးတစ်ယောက်လို။မျက်လုံးအိမ်ကို ဖိပိတ်ထားတဲ့ မျက်တောင်စိပ်စိပ်လေးတွေ ကြည့်မိလိုက်ချိန်မှာတော့ ဆရာဝန်လေး ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်ရ၏။မနက်ခင်းစောစောကို သူ့မျက်နှာကို ကြည့်မိလို့ ယူကြုံးမရသလို ဖြစ်လာမယ့်ခံစားချက်ကြီးကို Win မခံစားချင်။
"ဒီနေ့ အိမ်မက် မမက်ပါလား "
ထူးထူးဆန်းဆန်းပါဘဲ။ စိတ်ကို ဂယောက်ဂယက်ဖြစ်စေမယ့် အိမ်မက်တွေ ဒီည ဆရာဝန်လေးဆီ ရောက်မလာခဲ့ဖူးဘဲ။ကိုင်ထားတဲ့လက်ကို အသာအယာဆွဲဖြုတ်ရင်း ထရပ်လိုက်သည့်တိုင်အောင် ခေါင်းဆောင်ဟာ နိုးမလာသေး။အပြင်က ရာသီဥတုကလည်း မိုးတွေ သည်းထန်နေတုန်း။ မုန်တိုင်းက တော်တော်နဲ့ ရပ်ဟန်မပေါ်။ဆေးရုံက လူတွေရော အဆင်ပြေရဲ့လားမသိ။ ဦးကြီးတို့ရော စိတ်ပူနေမလားဘဲ။ မေမေတို့ရော အဆက်အသွယ်မရလို့ စိတ်ပူနေကြမလား။
"ကောင်လေး! "
"အမေ့!!! "
အတွေးလွန်နေတဲ့သူက ခေါ်သံသဲ့သဲ့ကိုတောင် လန့်ပြီး တုန်ယင်သွားရှာ၏။
"sorry ကိုယ်! မင်းအဲ့နားမှာ ရပ်နေတာ ကြာပြီမို့လို့ "
"နည်းနည်း အတွေးလွန်သွားလို့ "
"အင်း! "
"နိုးပြီလား လူကြီး! ခုနက အိပ်ပျော်နေတာနဲ့ "
"အင်း! "
"ညက ဒီမှာဘဲ အိပ်ပျော်သွားတာလား "
"အင်း! "
"အားနာလိုက်တာ! "
ခပ်တိုးတိုးရေရွတ်ရင်း အနားကို လျှောက်လာတဲ့ဆရာဝန်က မျက်နှာမသစ်ရသေးသည့်တိုင်အောင် ဆံပင်လေး ထိုးထိုး ထောင်ထောင်နဲ့ ချစ်စရာကောင်းနေ၏။
"ခင်ဗျားအဆောင်ပြန်တော့လေ ကျွန်တော့်ဘာသာနေလို့ အဆင်ပြေပါတယ်! "
YOU ARE READING
ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/