-13-

659 51 19
                                    

ကြာကန်ကို ဖြတ်လိုက်လာတဲ့ လတ်ဆတ်တဲ့ လေနုအေးတွေရယ် ကြာပန်းရနံ့ရယ်ကို ရလိုက်တော့ Top Tap တစ်ယောက် Win ကို သတိရသွား၏။ဒီကောင်က ကြာပန်းအနံ့ကို သိပ်ကြိုက်တာလေ။ကျောင်းတက်တုန်းကဆိုရင် ကြာပန်းပွင့်ချိန်ဆို မြို့ပြင်မှာ ရှိတဲ့ ကြာကန်ကို စက်ဘီးနဲ့ သွားနေကြ။ပြီးရင် ကြာပန်းတွေကို တစိမ့်စိမ့်ကြည့်ပြီး ကြာပန်းရနံ့ကို ရူတယ်တဲ့လေ။

"ဒီကို Win လာပြီးပြီလား "

ဆရာဝန်ပေါက်စလေး မေးလာတော့ Mike မှာ ရေကန်ထဲသို့ ဆရာဝန်လေး Win ပြုတ်ကျသွားတဲ့ အဖြစ်အပျက်အချို့က ခေါင်းထဲ ပြန်ရောက်လာ၏။

"ရောက်ပြီးပါပြီ "

"သြော် ထင်တော့ထင်သား သူက ကြာပန်းဆို သဘောကျတယ်လေ "

ဆရာဝန်လေး Top Tap ကပြုံးရင်း ဟိုဟိုဒီဒီ လိုက်ကြည့်နေ၏။သူငယ်ချင်းနှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက်သိပြီး ရင်းနှီးချစ်ခင်နေကြတာက သူ့အတွက် အားကျစရာတစ်ခုလို။Mike မှာ ဘဝတစ်လျှောက်လုံး သူငယ်ချင်းဆိုတာ မရှိခဲ့။ခေါင်းဆောင်ကိုဘဲ အစ်ကိုလို တစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုး ပေါင်းခဲ့ရတာ။

"သူငယ်ချင်းရှိတာ.....ကောင်းလား "

"ဟင်! "

ဘေးကလူစကားကြောင့် Top Tap မော့ကြည့်လိုက်မိ၏။ဘယ်လိုစကားကြီးပါလိမ့်။ မဟုတ်မှ ဒီလူ့မှာ သူငယ်ချင်း မရှိခဲ့တာလား။

"ကောင်းလားဆိုတော့ စိတ်တူကိုယ်တူနဲ့ မနာလိုစိတ် ကင်းတဲ့ သူငယ်ချင်းဆိုရင်တော့ သူငယ်ချင်းရှိတာ ကောင်းတယ် အဲ့လိုမှ မဟုတ်ဘဲ သူငယ်ချင်းအမည်ခံပြီး တစ်ချိန်လုံး လိုက်ပြိုင် ကြိတ်မနာလို ကိုယ့်အကြောင်းကို သူများကို မဟုတ်တာတွေ လိုက်ပြော အဲ့လိုသူငယ်ချင်းမျိုးဆိုရင်တော့ တစ်ယောက်တည်းနေတာက ပိုကောင်းလိမ့်မယ် "

"သြော်! "

"ခင်ဗျားမှာ သူငယ်ချင်းမရှိရင် ကျွန်တော်သူငယ်ချင်း လုပ်ပေးမယ်လေ "

" ဘယ်လိုသူငယ်ချင်းမျိုးလဲ "

"ကျုပ်ဆိုရင်တော့ သူငယ်ချင်းကောင်း ဖြစ်မှာမဟုတ်ဘူး ဘာလို့ဆို ကျုပ်က စောက်ကျင့်မကောင်းဘူး "

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now