အိပ်နေရင်း စိတ်ထဲမှာ တစ်စုံတစ်ယောက် စိုက်ကြည့်နေသလို ခံစားချက်ကြောင့် ဆရာဝန်လေး လူးလွန့်ကာ နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ကုတင်ဘေးက ခုံမှာ ထိုင်ရင်း သူ့ကို စိုက်ကြည့်နေတဲ့ လူကြီး။ ရုတ်တရက်မို့ လန့်သွားမိတာ အမှန်ဘဲ။အပြင်မှာ မှောင်ပြီးတိတ်ဆိတ်နေပုံထောက်ရင် သူ တော်တော်ကြာကြာ အိပ်လိုက်မိတယ်ထင်၏။
"နိုးသွားလား ကလေးလေး "
"လူ လူကြီး! "
"အင်း လန့်သွားတာလား "
"ဟင့်အင်း ရုတ်တရက်ဆိုတော့ ဒါနဲ့ ဘာလုပ်နေတာလဲ ဟင်"
"ကလေးကို ထိုင်ကြည့်နေတာလေ "
"ဘာဖြစ်လို့လဲ "
"ပျောက်သွားမှာ စိုးလို့ "
ထိုင်ကြည့်ကာ ပြောလာသူ၏ စိတ်ဝယ် ဘယ်လောက်တောင် စိုးရိမ်ကြောင့်ကြမှုတွေ များနေလိုက်သလဲ။
"ကျွန်တော် ဘယ်မှ မသွားပါဘူး လူကြီးရဲ့ "
"ကလေးလေး "
"ဗျာ "
"ကိုယ် မင်းကို ဖက်လို့ရမလား "
"အာ...ရ ရတယ်လေ "
စကားဆုံး,ဆုံးချင်း ဆွေ့ခနဲ ကုတင်ပေါ် ရောက်လာကာ တင်ပါးလွှဲထိုင်လိုက်ပြီး ဆရာဝန်လေးကို သူ့ရင်ခွင်နဲ့ အနီးဆုံးဆီ ဆွဲယူလိုက်၏။ဆရာဝန်လေးကလည်း ကျောပြင်တွေကို ပြန်လည်ဖက်တွယ်ရင်း ခပ်ဖွဖွပုတ်ပေးလိုက်တော့ ခေါင်းဆောင်က သူ့ပုခုံးတွေပေါ် ခေါင်းမှောက်လာ၏။လူကြီး တစ်ခုခုဖြစ်နေတာ သေချာနေပြီ။ အမြဲတမ်း အရှိန်အဝါအပြည့်နဲ့ လူက ကိုယ့်ရှေ့မှာ အရုပ်ကျိုးပျက်လို ပုံစံဖြစ်နေတာကို ဆရာဝန်လေး တကယ်အဆင်ပြေမနေ။ အမြဲတမ်းမျက်နှာထားတည်ကြည်စွာနဲ့ မျိုးနွယ်စုကို အုပ်ချုပ်နေရတဲ့လူမှာ ဘယ်လိုမျိုး အဆက်အခဲတွေ ရှိနေသလဲ။
"လူကြီး! "
"ဗျာ "
"ဘာတွေဖြစ်နေလဲဟင် "
ရင်ခွင်ထဲမှာ ဆရာဝန်လေးအမေးကို ခေါင်းဆောင် Bright တစ်ယောက် ဘယ်လိုဖြေရမှန်း မသိ။ ချစ်သူကို စိတ်ချမ်းသာစေချင်တဲ့ ဆန္ဒဘဲ ရှိနေတော့ စိတ်မချမ်းမြေ့စရာ စိတ်ညစ်စရာတွေကို မပြောပြလို။သက်ပြင်းတစ်ချက်ချရင်း ရင်ခွင်ထဲကာနေ ထုတ်ကာ မျက်နှာနုနုလေးကို သူ စိုက်ကြည့်နေမိ၏။အရင်တုန်းကတော့ စိုက်ကြည့်လိုက်ရင် ယူကြုံးမရတဲ့ ခံစားချက်တွေ ဖြစ်ပေါ်ခဲ့ပေမယ့် အခုတော့ဖြင့် အေးချမ်းခြင်းတွေသာ ကြီးစိုးနေ၏။ပါးပြင်ပေါ်က မှဲ့နက်ကလေးဆီ အနမ်းဖွဖွပေးအပ်လိုက်ရင်း
YOU ARE READING
ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/