-4-

848 63 11
                                    


"ကိုယ်ရံတော်လား ! ကိုယ်ရံတော်က အရှင်သခင်ကို သဘောကျနေခဲ့တာလား "

အိမ်မက်က လန့်နိုးလာချိန်မှာ အတွေးပေါင်းများစွာနဲ့ ဆရာဝန်လေးရဲ့ စိတ်အစဥ်ဟာ ရှုပ်ထွေးနှောက်ကျိသွား၏။ အိမ်မက်တွေက ဘာကိုပြောချင်နေတာလဲ။ သူကသာ အရှင်သခင် ဖြစ်ခဲ့တယ်ဆို ကိုယ်ရံတော် ခေါင်းဆောင်က ဘယ်သူလဲ။ အရှင်သခင်က ကိုယ်ရံတော် ခေါင်းဆောင်ကို ပြန်မချစ်ခဲ့ဖူးလား။ ကိုယ်ရံတော် ခေါင်းဆောင်ကရော အချစ်ကို မထုတ်ဖော်ခဲ့ဖူးလား။
(ဒီနေရာမှာ ဆရာဝန်လေးရဲ့ အိမ်မက်တွေက တဝက်တပျက်နဲ့မို့ပါ ခေါင်းဆောင်လို ရှင်းရှင်းလင်းလင်း မြင်မက်တာ မဟုတ်ပါဘူး ဒါကြောင့် သူ့စိတ်ထဲ မတင်မကျတွေ ဖြစ်နေတာ ဒါပေမယ့် နှစ်ယောက်လုံးကတော့ တစ်ဖက်ကလူရဲ့ မျက်နှာကို အိမ်မက်ထဲမှာ ရှင်းရှင်းလင်းလင်း မတွေ့ကြသေးပါဘူး )

"အာ မုန်တိုင်းတွေ တိုက်နေပြီဘဲ အေးလိုက်တာ! "

"ရေချိုးရင် ကောင်းမလား! "

မတင်မကျစိတ်နဲ့ တစ်ယောက်ထဲ တွေးလိုက် ရေရွတ်လိုက်နဲ့ အိပ်ယာထဲက မထွက်ဖြစ်။အိပ်ပျော်သွားတဲ့ အချိန်လေး ခဏကို ထိုအိမ်မက်က မက်လာတာ။ဒေါသတကြီး အော်ဟစ်နေတဲ့ ပုံရိပ်က အတွေးထဲ စိုးမိုးနေ၏။ကိုယ်ရံတော်ရဲ့ တောင်းပန်တိုးလျှိုးသံတွေ။သက်ပြင်းဖွဖွချကာ မရည်ရွယ်ပါဘဲ လည်ပင်း​က မွေးကထဲပါလာတဲ့ ဒဏ်ရာကို လက်ဖြင့် ဖွဖွ စမ်းသပ်မိ၏။စိတ်အစဥ်ဟာ ကြည်လင်တယ်လို့ မရှိတော့။

"ရေချိုးဖို့ ရေနွေးလုပ်ထားပါတယ် ဆရာဝန်လေး ပြီးရင် ခေါင်းဆောင်က ထမင်းစားဖို့ စောင့်နေပါတယ် "

"ဟမ်! "

"လိုအပ်တာရှိရင် ပြောပါ အပြင်မှာ ရှိနေပါတယ် "

ပြောပြီး ထွက်သွားတဲ့ Mike။ ဘာတွေ ယူလာတာလည်းလို့ စပ်စုမိတော့ စောင်ထူထူတွေအပြင် အဝတ်အစားထူထူထဲထဲတွေ။အအေးကြောက်တယ်ပြောလို့ အနွေးထည်တွေ ယူလာပုံရ၏။ရေချိုးကန်ရောက်တော့ ဘေးပတ်ဝန်းကျင်ကို စပ်စုကြည့်လိုက်သေး၏။ရေချိုးကန်က မှန်နံရံတွေနဲ့ ကာရံထားပြီး ကောင်းကင်ကိုတောင် မြင်နေရတာ ဖြစ်၏။မုန်တိုင်းကြောင့် သစ်ပင်တွေ ယိမ်းနွဲ့လှုပ်ရှားနေပုံတွေ၊ မိုးစက်တွေ ကခုန်နေပုံကို အတိုင်းသား မြင်နေရ၏။ဘယ်လိုတွေတောင် မှန်နံရံတွေနဲ့ ခေတ်မှီနေတာ ။သူတို့မျိုးနွယ်စုက တော်တော်စိတ်ဝင်စားဖို့ ကောင်းတာဘဲ။

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now