-21-

585 40 12
                                    

"လာ ကို! Nam ခွံ့ကျွေးမယ် "

"ရတယ် Nam သက်တောင့်သက်သာနေပါ နေလည်းကောင်းတာ မဟုတ်ဘဲနဲ့ "

"Nam က ခွံ့ကျွေးချင်လို့ကို "

"Nam ပင်ပန်းနေပါ့မယ် "

"ဘာမှမဖြစ်ပါဘူးဆို ဟင့် "

မျက်နှာ ညှိုးညှိုးငယ်ငယ်နဲ့ မျက်ရည်တွေပါ ရစ်သိုင်းလာပြီမို့ Win လည်း ခပ်မြန်မြန်ဘဲ ခေါင်းညိတ်ပေးလိုက်၏။

"အင်း သဘော သဘော "

Win ခန္ဓာကိုယ်ကို ထူမတ်လိုက်ပြီး Nam ခွံ့ပေးလာတဲ့ ဆန်ပြုတ်ကို သောက်ရန် ပြင်လိုက်၏။Phi Nani ကို လှမ်းကြည့်တော့ ပြောစရာရှိနေသည့်နှယ် မတ်တပ်ရပ်ကာ ကြည့်နေတာကြောင့်

"ကိုကြီး လာလေ "

"အင်း Win လေး "

Win လှမ်းခေါ်တော့ Phi Nani က ဘေးနား လာဝင်ထိုင်၏။တစ်ခုခုကို ပြောချင်နေသည့်ဟန်ကြောင့် Win လည်း Phi Nani နဲ့ စကားပြောဖို့ ဟန်ပြင်လိုက်၏။

"ကိုကြီး "

"အင်း Win လေး "

"ဟို ပြောစရာရှိနေတာလား ပြောလေ "

"Nam ရှောင်ပေးရမလား Phi "

"ရတယ် Nam "

"Nam လည်း သက်တောင့်သက်သာ နေပါ နေကောင်းတာမှ မဟုတ်ဘဲ "

"အင်း ကို ဒါနဲ့လေ "

Nam က ပြောရခက်နေဟန်၊ အားနာနေဟန်ကြောင့် ဘာကိစ္စလည်းဆိုတာ Win ရိပ်မိသွားပြီး အိပ်ကပ်ထဲ အဆင်သင့်ထည့်ထားတဲ့ bank Card ကို ထုတ်ပေးကာ

"သြော် ဒီမှာ ကဒ် ဒီနေ့ဆေးဖိုးသွင်းရအုံးမှာ မှတ်လား "

"ဟုတ်တယ် ကို "

"မလိုက်ပေးတော့ဘူးနော် Nam ဘာသာ သွားလို့ဖြစ်ရဲ့လား"

"ဖြစ်တယ် ကို Nam ဖြေးဖြေးချင်းဘဲ သွားလိုက်မယ် Phi Nani နဲ့ စကားပြောနှင့်ကြအုံးနော် "

Nam က ထထွက်သွားတော့ Nani က ခပ်ယဲ့ယဲ့ပြုံးမိ၏။အစီအစဥ်ကို လက်ဝါးရိုက်ထားတဲ့သူတွေမို့ ဘာမှမဖြစ်မှန်း သိနေသူပီပီ ပိုက်ဆံလိမ်တောင်းနေတာ မြင်တော့ ရယ်ချင်မိသား။Win လေးကလည်း ဆရာဝန်တစ်ယောက်ဖြစ်ပြီး တုံးလွန်းလိုက်တာ။ ဒါမှမဟုတ် Nam အပေါ်မှာ စိတ်မကုန်သေးလို့များ အလိုလိုက်အလျော့ပေးထားသလား။

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now