-1-

4.4K 108 19
                                    

"မသေခင် တောင်းဆုပြုချင်တာရှိလား... ဆုတောင်းချင်တာရှိလား..."

ချစ်ရသူကို မပိုင်ဆိုင်ရ၊ ချစ်ခွင့်လည်း မရမှတော့ ဆုတောင်းတွေက အရေးကြီးသေးလို့လား...ဒါဆိုရင်တော့ အသက်နဲ့ လောင်းကြေးထပ်ပြီး ဘဝဆက်တိုင်း ဆုံဆည်းခွင့်ရဖို့ဘဲ တောင်းဆုပြုချင်တယ်..သတ်လိုက်.... သတ်ပစ်လိုက်... ခင်ဗျားချစ်မိလို့ အပြစ်ပေးတဲ့အနေနဲ့ သတ်တာဆို ဒီကကောင်က မက်မက်မောမော ခံယူသွားမှာ..ခင်ဗျား ဘယ်နှစ်ဘဝ သတ်နိုင်မလဲ...နောက်ထပ် ဆယ်ဘဝလား ဆယ့်ငါးဘဝလား...ဘဝဆက်တိုင်းလား...ဒါဆိုရင်တော့ ခင်ဗျားနဲ့ ကျွန်တော် ဘဝဆက်တိုင်း ဆုံဆည်းခွင့် ရအုံးမှာဘဲ...သတ်ပစ်လိုက်စမ်းပါ။

စကားတစ်ခွန်းမှ မဆိုဘဲ စိတ်ထဲကနေ ပေါက်ကွဲထွက် မတတ် အော်ဟစ်နေမိတဲ့ စကားလုံးတွေ။ဆုတောင်းချင်တာ ရှိလားတဲ့။ သေခါနီးလူက ဘာများဆုတောင်းနိုင်အုံးမှာလဲ.. တစ်ခုဘဲ သတ်တဲ့သူ သေပစ်လိုက်ဖို့ အမိန့်ပေးတဲ့သူက ချစ်ရတဲ့သူ ဖြစ်ဖို့ဘဲ..။ အရူးတစ်ယောက်လို ဘေးနားမှာ တွယ်ကပ်သမျှ ပြန်ရလိုက်တာ သေခြင်းတရားဆိုပေမယ့် ရှိနေခွင့်ရခဲ့တဲ့ အခိုက်အတန့်လေးက ကြည်နူးစရာ။မှုန်ဝါးဝါး အမြင်အာရုံထဲက ငေးကြည့်ခဲ့ဖူးတဲ့ မျက်ဝန်းလေးတွေ၊ နှုတ်ခမ်းလှလှလေးတွေကို မြင်ရမယ်အထင်နဲ့ စူးစိုက်ရှာဖွေမိတယ်။ အဆုံးထိကို ရက်စက်သောဘဲ အရှင်သခင်ရယ်... နှလုံးသားအရှင်သခင်ရယ်လို့ သိပြီးနောက်ပိုင်း ဒီကကောင်က ဘာများ ထိခိုက်အောင် လုပ်တာရှိခဲ့လို့လဲ... ဂုဏ်သိက္ခာကျဆင်းမှာစိုးလို့ အခွင့်အရေးရရင်တောင် လက်ဖျားနဲ့ မတို့ဝံ့ခဲ့တဲ့ ကောင်ပါ...ဒါကိုတောင် ဒါကိုတောင်မှ။

"သတ်လိုက သတ်! "

ပြတ်ပြတ်သားသား ထွက်လာတဲ့အသံဟာ အရှင်သခင်ရဲ့ နှလုံးသားကို ကျိုးပဲ့စေသောဘဲ....ဒီလမ်းရွေးရင် ဘာဖြစ်မယ်မှန်း သိရက်နဲ့ ရွေးချယ်ခဲ့ရသလား မောင်မင်းရယ်...ကိုယ်တော့်အနားမှာ သက်ဆုံးတိုင် ခစားနေပါရော့လား...။
နယ်စားမင်းရဲ့ ကိုယ်ရံတော်ဟာ ကိုယ်ရံတော်တွေထဲမှာ အရဲရင့်ဆုံး သတ္တိအရှိဆုံးသူပါ။လက်ရုံးရည်ရော၊ နှလုံးရည်ရော ပြည့်စုံလွန်းတာမို့ ကိုယ်ရံတော်ခေါင်းဆောင်ဆိုတဲ့ ဘွဲ့ရာထူးကို လျင်လျင်မြန်မြန်နဲ့ ရရှိခဲ့တာ။နယ်စားမင်းအတွက်ဆိုအသက်ပါပေးဖို့ အဆင်သင့်ရှိနေသူရဲ့ တစ်ခုထဲသော အမှားဟာ လှပလွန်းပြီး ရက်စက်လွန်းတဲ့ နယ်စားမင်းကို ချစ်မိခဲ့တာဘဲ။နီးနီးကပ်ကပ်နေခွင့်ရခဲ့တာကိုဘဲ စိတ်အစဥ်က သာယာခဲ့လေသလား...အရှင်သခင်ရဲ့ သာမန်ထက် ကျော်လွန်​နေတဲ့ အလှအပတွေကို စုံမက်ခဲ့လေသလား မခွဲခြားနိုင်ပေမယ့် နယ်စားမင်းကို ချစ်မိတဲ့သူ ယောက်ျားသားတွေရဲ့ သွားရာလမ်းဟာ သေလမ်းတစ်ခုထဲ။

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now