-24-

614 42 16
                                    

မျိုးနွယ်စုနယ်မြေဆီ ခြေချလိုက်ထဲက စိမ်းသက်မနေတဲ့ အငွေ့အသက်တွေက လွှမ်းခြုံလာ၏။ဒီနေရာ ဒီဒေသမှာ ဒီလူနဲ့ အမှတ်တရတွေ ရှိခဲ့ဖူးတာမို့ ပြန်လည်ခြေချတဲ့အချိန်မှာလည်း ရင်ခွင်ငယ်မှာ တလှပ်လှပ်ပါဘဲ။ချစ်ခဲ့ရတယ်။ မြတ်နိုးခဲ့ရတယ်။ ဂရုစိုက်မှုတွေကြား ပျော်ဝင်ခဲ့ရ၏။ မနာလိုမှုတွေကြားထဲ ချစ်ခြင်းတရားတွေက ဝင့်ဝင့်ထည်ထည်ရှိခဲ့ကြ၏။

"ကလေးလေး "

ခရီးပန်းလို့ နွမ်းနယ်နေပုံပေါက်တဲ့ ဆရာဝန်လေးဟာ စကားမပြောဘဲ ခပ်ဆိတ်ဆိတ်ဖြင့်သာ မယ်မယ့်အဆောင်ဘက်ကို လျှောက်လှမ်းနေတာမို့ ခေါင်းဆောင် လက်ထဲက အထုတ်တွေကို ခေါင်းဆောင်ငယ်တွေဆီ ပေးလိုက်ပြီး ကလေးလေးကို ခေါ်လိုက်၏။

"ကိုယ့်ဆရာဝန်လေးရေ "

ခေါ်သံကြားသော်ငြားလည်း လှည့်မကြည့်လာဘဲ ရှေ့ကိုသာ ရှေုးရူကာ လျှောက်နေ၏။

"ကိုယ့်အစိမ်းနုရောင်လေး "

ခြေလှမ်းကျဲတွေနဲ့ အမှီလျှောက်သွားရင်း လက်ကလေးတွေ ဆွဲယူလိုက်တော့ နှုတ်ခမ်းတွေ စူထော်နေတဲ့ပုံနဲ့ လှည့်ကြည့်လာ၏။မျက်စောင်းတွေပါ ထိုးလာတာကြောင့် အသဲယားကာ ပါးပြင်ပေါ်ကာ မှဲ့ကလေးဆီ လက်လှမ်းတော့ တစ်ဖက်ကို ရှောင်တိမ်းသွား၏။

"ဟော စိတ်ကောက်တာ မပြေသေးဘူးလား ကိုယ့်ကလေးလေးက "

"ဘယ်သူလဲ ကိုယ့်ကလေးလေးဆိုတာက "

"ဒီက ဆရာဝန်လေးပေါ့ "

"ဘယ်သူလဲ ဆရာဝန်လေးဆိုတာက "

"ဆရာဝန်လေးက ဟောဒီက Win metawin လေးပါဗျာ "

"Win metawin ကရော ဘယ်သူလဲ "

"Win metawin က ကိုယ့်အသက်လေးဗျာ "

ပြောလည်းပြော ကောက်လည်း ပွေ့လိုက်တော့ သူ့လည်ပင်းကို အလန့်တကြား လှမ်းဖက်လာ၏။နဖူးလေးကို ငုံ့နမ်းတော့ ဘေးပတ်ဝန်းကို ကြည့်ပြီး မျက်နှာလေးကို သူ့ရင်ဘတ်ထဲ တိုးဝင်ကာ ဖွက်လာ၏။အသည်းယားစရာလေး။ခန္ဓာကိုယ်လေးကို အသာအယာဖျစ်ညှစ်တော့ သာယာတဲ့ရယ်သံလေးတွေက ပန်းနုရောင်နှုတ်ခမ်းလေးကနေ ထွက်ကျလာ၏။သူ့မှာ ချစ်လိုက်ရတာတွေ။

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Wo Geschichten leben. Entdecke jetzt