-7-

762 53 4
                                    

"စစ်ဆေးကြည့်ပါအုံး! "

ခေါင်းဆောင်ပွေ့ချီရာအတိုင်း ငြိမ်ငြိမ်လေးပါလာတဲ့ ဆရာဝန်လေးဟာ ပတ်ဝန်းကျင်ကို မသိမသာလေး စူးစမ်းကြည့်နေမိ၏။ခေါင်းဆောင်က ကုတင်ပေါ်တင်ပေးပြီး သူ့ကုတ်အင်္ကျီ အရှည်ကြီးကို လွှမ်းခြုံပေးလာ၏။

"အစိမ်းရောင်မဟုတ်ပေမယ့် အေးနေမှာစိုးလို့ ခဏ ဝတ်ထားပါ"

"အာ...ဟုတ် "

ဒီအချိန်မှာ အရောင်ရွေးနေရင်တော့ မဟုတ်သေးဘူးမှတ်လား။ဒါပေမယ့် ခေါင်းဆောင်က ဆရာဝန်လေးဟာ အစိမ်းရောင်ကိုဘဲ မက်မက်မောမော ရှိလှတာကို သတိထားမိပုံရ၏။ဆရာဝန်လေးလည်း ရောက်နေတဲ့ အခန်းရဲ့ အပြင်အဆင်ကို ခေါင်းလေးလည်တဲ့အထိ စပ်စုမိတော့ အခန်းကျယ်တစ်ခုဖြစ်ပြီး ခေတ်မှီဆေးကိရိယာတွေအပြင် ဆရာဝန်ဖြစ်ဟန်တူတဲ့ ပုဂ္ဂိုလ်တွေဟာလည်း လေးငါးဦးထက်မနည်းပါဘဲ။ ဒီမျိုးနွယ်စုဟာ တကယ့်ကို သူတို့နေထိုင်ရာ အရပ်မှာ တသီးတသန့်နဲ့ အဆင့်တန်းမြင့်မြင့်။

"ဘာမှစိတ်မပူနဲ့ သူတို့က ကျွမ်းကျင်ပညာရှင်တွေချည်းဘဲ UK ကနေ ပါရဂူဘွဲ့ယူလာတာ "

"ဟင်..မဟုတ်ပါဘူး ဒီအတိုင်း! "

ဆရာဝန်လေး ဟိုကြည့်ဒီကြည့်နဲ့ စပ်စုနေခြင်းအပေါ် စိတ်ပူလို့ လိုက်ကြည့်နေတယ်လို့ ထင်သွားတာကြောင့် ဒီလူတွေအပေါ် ဆရာဝန်လေး အားနာစိတ်တွေ ဝင်လာရ၏။နေစမ်းပါအုံး ဒီလူကြီးက ဒီလောက်တောင် လူအကဲခတ်ညံ့တာလားလေ။

"Mike! "

"ဟုတ်ကဲ့ ခေါင်းဆောင် "

"ကြာကန်ထဲကို တွန်းချခံရတယ်လို့ ပြောတယ် သေချာစစ်ဆေးပေးပါ "

"ဟုတ်ကဲ့ ခေါင်းဆောင်! "

Mike က ဆရာဝန်လေးဆီ တစ်ချက်လှမ်းကြည့်ကာ အပြင်ပြန်ထွက်သွား၏။ဆရာဝန်က မသိချင်ယောင်ဘဲ ဆောင်နေလိုက်၏။

"ကျွန်တော် ဘာမှမဖြစ်ပါဘူး ဆေးတွေလည်း စစ်စရာမလိုပါဘူး အားလုံးကောင်းတယ် သိလား "

ရုတ်တရက်ထပြောတာကြောင့် စစ်ဆေးရန်လုပ်နေသူတွေက ကိုယ်ရှိန်သတ်ကာ ခေါင်းဆောင်ဆီ လှမ်းကြည့်၏။ခေါင်းဆောင်က အကြည့်စူးစူးတို့ဖြင့် ကြည့်ကာ...

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now