-8-

702 56 14
                                    

"အင်း..."

အပျင်းကြောဆန့်ကာ နိုးလာတဲ့ ဆရာဝန်လေးကြောင့် ခေါင်းဆောင်မှာ ဆုပ်ကိုင်ထားတဲ့ လက်တွေကို ဖြေလွှတ်ပေးလိုက်၏။တစ်ညလုံးနိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ လက်လွှတ်လိုက်တိုင်း လိုက်စမ်းနေတဲ့ ဆရာဝန်လေးကြောင့် လက်ကလေးတွေကို သေချာဆုပ်ကိုင်ပေးလိုက်မှ အသက်ရှုမှန်မှန်နဲ့ အိပ်ပျော်သွားတာ။

"ဟင် လူကြီး "

"အင်း နိုးပြီလား "

"နိုးပြီ ညက ဒီမှာဘဲ အိပ်လိုက်ရတာလား "

"အင်း "

"အားနာလိုက်တာ "

ဆရာဝန်လေးက မျက်နှာလေး ညှိုးညှိုးငယ်ငယ်ဖြင့် အားနာဟန်ပြု၏။လူကြီးက စိုက်ကြည့်နေရုံကလွဲပြီး ဘာအမူအယာမှ မပြ။ပြီးမှ နူးညံ့ချိုသာတဲ့ အသံဖြင့် ဆရာဝန်လေးကို မေးလာ၏။

"သက်သာရဲ့လား "

"သက်သာပါတယ် "

လူကြီးရဲ့ အမေးကို ပြန်ဖြေကာ ကိုယ်ပေါ်မှာ လွှမ်းခြုံထားတဲ့ စောင်ကို ဖယ်ခွာကာ ထဟန်ပြု၏။

"အိမ်မက်က တကယ်မမက်ဘူးဘဲ လူကြီးလက်ကို ကိုင်ပြီး အိပ်ရင် အိမ်မက်မမက်ဘူး "

"ဟင် ဘာဖြစ်လို့လဲ "

ဆရာဝန်လေးဆီက ဆီမန်းမန်းသလို ခပ်တိုးတိုးအသံဖြင့် ရေရွတ်နေတာ​ကြောင့် ခေါင်းဆောင်က မကြားရတာကြောင့် မေးလာ၏။

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး "

"မင်းက ဒီလိုဘဲ ရေရွတ်နေတတ်သလား "

"တိတ်တိတ်လေး နေရမှာ ပျင်းလို့လေ "

ခပ်တည်တည် ဖြေတော့ လူကြီးရဲ့ မျက်ခုံးတွေ ပင့်တက်သွား၏။တစ်ချိန်လုံး ဆူညံနေတာဘဲ ပြောပြော လှုပ်လှုပ်ရွရွ လုပ်နေတယ်ဘဲ ပြောပြော ငြိမ်ငြိမ်လေးကို မနေချင်တာ။ဒါပေမယ့်လေ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာတော့ ငြိမ်ငြိမ်လေး မှေးစက်နေချင်တယ်။

"မျက်နှာသစ်ပြီးရင် တစ်ခုခုစားပြီး ဆေးသောက်ရမယ် "

"ကောင်းသွားပြီလေ "

"မကောင်းသေးဘူး ကိုယ်နည်းနည်းနွေးနေသေးတယ် "

"ကောင်းသွားပြီလို့ "

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now