-22-

629 45 12
                                    

"ကိုယ့်ခံစားချက်တွေ လစ်လျူရှု့ခံရတိုင်း သူများတွေရဲ့ ချစ်ခြင်းတွေကို လိုက်ဖျက်ဆီးတာက ပျော်ဖို့ကောင်းတာဘဲလား "

"ဟင် မင်း မင်း ဘာစကားပြောတာလဲ "

အံ့သြကြီးစွာဖြင့် အထိတ်တလန့် လှည့်ကြည့်ရင်း စကားဆိုတော့ မြင်ကွင်းထဲ ဝင်လာသူက အရပ်ရှည်ရှည်ဖြင့် အမြဲတမ်း အပြုံးချိုချိုတွေကိုသာ ဆင်မြန်းထားတဲ့သူသည် သိပ်ချစ်ခဲ့ရတဲ့ သူ။ လူရည်ချွန် စာမေးပွဲတွေ ဖြေပြီး ကမ္ဘာ့အမြင့်ဆုံး တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့သူ။ တစ်နည်းအားဖြင့် သူ ဘယ်လောက် အောက်ကျခံခံ သူ့အချစ်တွေကို အဆုံးထိ လစ်လျူရှုပစ်ခဲ့တဲ့သူပင်။

"မင်း!!! "

လက်ညှိုးထိုးကာ မျက်လုံးအစုံ ပြူးကျယ်နေသူသည် သရဲတဘက်တွေ့သည့်နှယ်။ သူကသာ ကမ္ဘာတွေပျက်ကာ လောင်မြိုက်နေလည်း ပါးချိုင့်ရေးရေးနှင့် အပြုံးပွင့် ဆင်မြန်းထားသူကတော့ အမြဲတမ်းအေးချမ်းနေသည့်နှယ်။ စိတ်တွေလှုပ်ရှားကာ ဆေးရုံခန်းထဲက ထွက်ပြေးဟန် ပြင်တော့ Win လေးရဲ့ သက်ဆိုင်သူက လက်မောင်းတစ်ဖက်ကနေ လှမ်းဆွဲကာ တားမြစ်လာ၏။

"လုပ်ရင်ရာ လုပ်ပြီး အဲ့လိုပြေးလို့ရမလား "

" မင်းတို့ကို ကြောက်လို့ မဟုတ်ဘူး ငါ့လုပ်ရပ်တွေကို ရှောင်လွဲဖိူ့လည်း မဟုတ်ဘူး ငါက ငါက "

ရှေ့ဆက်ပြောဖို့ ခက်နေတဲ့သူကို ထားခဲ့ကာ လက်ထဲမှာ ဖမ်းချုပ်ထားတဲ့ သူကို Mike ဆီ လွှဲပေးရင်း လွမ်းနေခဲ့ရတဲ့ ကိုယ့်ရဲ့ အစိမ်းရောင်ယုန်ပေါက်လေးဆီ တိုးကပ်သွားလိုက်၏။ဆရာဝန်လေးကတော့ ရုတ်တရက်အခြေအနေကို အံ့သြနေတဲ့ပုံပင်။

"ဘာတွေ ဖြစ်နေတာလဲဟင် လူကြီး "

ခုနကထိ Phi Nani တို့နှင့် စကားများနေတာကြောင့်ရော လူကြီးက တကူးတက အဖွဲ့လိုက်ကြီးနဲ့မို့ ဆရာဝန်လေးစိတ်ထဲ တစ်မျိုးတမည် ဖြစ်သွား၏။

"ဘာတွေဖြစ်နေတာလဲဆိုတာ ပြောပြရရင် ကလေး ခံစားရမယ် ထင်တယ် "

"ဟင် ဘာလို့လဲ "

"အွန်း ဘယ်ကနေ စပြောရမလဲ! ကဲ ငါရှင်းပြပေးရမလား Nam မင်းကိုယ်တိုင် ဝန်ခံမလား "

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now