-16-

719 49 11
                                    

"ပြောပါအုံး အဲ့ဒါဘယ်သူလဲ "

"သားမသိပါဘူး မေမေရာ "

အိမ်ထဲရောက်တာနဲ့ မေမေက မေးလာတာကြောင့် ဆရာဝန်လေးလည်း ဇွတ်ကို ငြင်းရတော့၏။အပြင်ကို မသိမသာ ကြည့်တော့ ဟိုလူကြီး မရှိတော့ချေ။

"မသိတာ ဟုတ်ရဲ့လား သားရယ် ဟိုက ကလေး ကလေးနဲ့ ပြီးတော့ စိတ်ကောက်နေတာဆို "

"မဟုတ်ပါဘူးဆို မေမေရာ "

"ကိုကို ဒီရက်ပိုင်း အသည်းကွဲသလို ဖြစ်နေတာ အဲ့လူကြီးကြောင့် ဖြစ်မယ် မေမေ "

"ဟာ မဟုတ်ဘူးလို့ "

အတင်းဝိုင်းမေးနေကြ၍ ရှက်ရမ်းရမ်းကာ ပြန်အော်နေတော့၏။စိတ်ဆိုးနေသေးတယ် ဒီလူကြီးကို သူ မသိဘူး။
သိလည်း မသိချင်ဘူး။ဘာဖြစ်လို့ လိုက်လာသလဲ မသိပေမယ့် ကိုယ့်ကို မယုံဘူးဆိုတဲ့ အသိက ဝမ်းနည်းစေ၏။သို့ပေမယ့် ဒီအထိ လိုက်လာတယ်ဆိုတဲ့အသိက ကြည်နူးစေ၏။လိုက်လာမယ်လို့ တွက်ထားပြီးသားဆိုပေမယ့် ဒီလောက်မြန်မယ် မထင်ထားချေ။

"ဟော ဟော ကြိတ်ပြီးပြုံးနေတယ် မေမေရေ "

"Mick မင်းနော် "

"ဟန်ဆောင်နေသေးတယ် ကိုကိုရာ အဲ့လူကြီး ရောက်မလာခင်အထိ လဒမှိုင် မှိုင်နေပြီးတော့ "

"အငယ်ကောင် အေး ဖေဖေလာရင် တိုင်မှာ မင်းကို "

"ကိုကို့ကိုလည်း တိုင်မှာ! "

"ကဲ ကဲ ညီအစ်ကိုနှစ်ယောက် ထမင်းစားဖို့ လုပ်ကြတော့ သား Win ညကျရင်တော့ မေမေ မေးတာ ဖြေရမယ်နော် "

"သား မဖြေသေးလို့ရလား မေမေ "

"ဘာလို့လဲ "

"မသေချာသေးတဲ့အရာတစ်ခု သား ဘာမှမပြောချင်သေးလို့ "

"ဟုတ်ပြီ အဲ့တော့လည်း သားပြောချင်တဲ့အချိန် မေမေ နားထောင်ပေးမယ် ဟုတ်ပြီလား "

"ဟုတ်ကဲ့ မေမေ "

အစွန်အဖျားကို အပို့ခံထားရတဲ့ ကာလက မပြီးသေးတာကြောင့် ပြန်ရောက်နေတာ အကြောင်းကြားပြီး ဆေးရုံကိုလည်း မသွားဖြစ်။ ထုံးစံအတိုင်း ဆေးရုံအုပ်က ဖုန်းဆက်ကာ နားပူအောင် ဆူပူကြိမ်းမောင်းပေမယ့် ဆရာဝန်လေးက လူလည်ကျကာ ဖုန်းကို စပီကာဖွင့်ကာ ချထားရင်း မုန့်ထိုင်စားနေလိုက်၏။သူ့ဘာသာပြောပြီး မောသွားတော့ ဖုန်းချသွားတော့၏။ စိ​တ်အခြေအနေ အဆင်ပြေရင် ပြန်သွားမယ်လို့ ပြောတာကို လူကြီးတွေက တကယ်နားပူတာ။

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now