-12-

682 51 17
                                    

ရုတ်တရက်ကြီး အချစ်ကို ဘယ်လိုခံယူထားလဲ မေးလာတဲ့ လူကြီးကြောင့် ​ဖြေမိဖြေရာ ဖြေခဲ့ပြီးမှ ငါ ဒီလိုတွေ ခံစားနေရတာလားဆိုတဲ့ အတွေးဝင်လာသလို လူကြီးဆီ ပျော်ဝင်နေတဲ့ သူ့စိတ်ကိုလည်း ကောင်းစွာသိရှိသွား၏။သို့ပေမယ့် လူကြီးဆီမှာက နှလုံးသားပိုင်ရှင်ရှိလို့နေ၏။အဟင်း...ဒါက နည်းနည်းတော့ ရင်နာစရာကောင်းပေမယ့်ပေါ့ ။ရုတ်တရက်!!!....

နောက်ဘဝ မဟုတ်ရင်လည်း သံသရာတကွေ့မှာ ပြန်ဆုံကြမယ် ကိုယ်ရံတော်ခေါင်းဆောင်! အဲ့ဒီအချိန်ကျရင်တော့ ကိုယ်တော်က ပိုချစ်ပေးပါ့မယ်"

နားထဲဝင်လာတဲ့ အရှင်သခင်ရဲ့ ကတိပေးစကားသံတွေ။ဆရာဝန်လေးလည်း ယောင်ယမ်းကာ နားနှစ်ဖက်ကို လက်ဖြင့် ပိတ်လိုက်မိ၏။ဟင့်အင်း အရှင်သခင်ရဲ့ ဖြစ်တည်မှုကို သူမေ့ထားတာ။သူသာ အရင့်အရင်ဘဝတွေက အရှင်သခင် ဖြစ်ခဲ့ပါစေအုံး။ကိုယ်ရံတော်ကို ဘယ်လောက်ဘဲ သဘောကျခဲ့ပါစေအုံး အခုဆရာဝန်လေးဘဝကို ရောက်နေပြီ။သူ လူကြီးကိုဘဲ ရင်ခုန်တယ်။လူကြီးဆီမှာဘဲ ပျော်ဝင်တယ်။ မသိချင်ဘူး အရှင်သခင်နဲ့ ပတ်သက်မှုတွေကို။သူ့ဘဝနဲ့ဆိုင်ခဲ့ပါစေအုံးတော့ သူရဲ့နှလုံးသား စေညွှန်းရာက မျိုးနွယ်စုခေါင်းဆောင်ဆီမှာဘဲ။သို့ပေမယ့်လည်း....

"နည်းနည်းတောင် သံယောဇဉ်မရှိဘူးလား ခင်ဗျားရယ် "

သက်ပြင်းကြိတ်ချကာ ခပ်တိုးတိုး ရေရွတ်ရင်း ညကအကြောင်းကို ပြန်စဉ်းစားမိတော့ သူ့မျက်နှာထက် အပြုံးတွေ ဖြစ်ထွန်းလာပြန်၏။ညက အဲ့ကွပ်ပျစ်ပေါ်က တစ်ညလုံး စကားထိုင်ပြောခဲ့ကြတာ မဟုတ်လား။

"ရူးနေတာလား "

"ဟမ်! "

"အရှေ့မှာလည်း ဘာမှမရှိဘဲနဲ့ မဲ့လိုက် ပြုံးလိုက်နဲ့လေ သရဲကပ်နေတာလား "

"Top Tap! "

အော်ရင်း လက်မောင်းကို တဖြန်းဖြန်းရိုက်တော့လည်း ရယ်ကာ ငြိမ်ခံနေတော့တာဘဲ။ဒီဆရာဝန်ဟာ သူ့ကို ဖဲ့ဖို့များ မွေးဖွားလာလားမသိ။

"ဒီနေ့ပြန်ရမှာလား "

"မနက်ဖြန်မှ ထင်တယ် "

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now