-15-

698 55 11
                                    

"မေမေ ကိုကိုက ဘာဖြစ်လာတာလဲ "

"မသိတော့ပါဘူး သားငယ်ရယ် ပြန်ရောက်ထဲကဘဲ စကားလည်းမပြော မေးလို့လည်း မရနဲ့ "

"အသည်းများကွဲလာတာလား "

"သွားတာ ဘယ်လောက်ကြာသေးလို့တုန်း သားငယ်ရဲ့ "

"အင်းနော် သား သွားမေးကြည့်အုံးမယ် "

"မေးကြည့်ကြည့်ပါအုံး သားရယ် "

Mick တစ်ယောက် ပြန်ရောက်ထဲက တစ်မှိုင်မှိုင်တထွေထွေ ဖြစ်နေတဲ့ အစ်ကိုဖြစ်သူ တိကုဆရာဝန်လေးရှိရာ အခန်းဆီသို့ တက်လာခဲ့လိုက်၏။

"ကိုကို "

ပြတင်းပေါက်မှာ မတ်တပ်ရပ်ကာ ငေးနေတဲ့ ကိုကိုက သူ့ခေါ်သံကို ကြားပုံမပေါ်။

"ကိုကို "

"ဟင်! "

"ဘာတွေ ငေးနေတာလဲ "

"ဘာမှမဟုတ်ပါဘူး "

"ငိုနေတာလား "

"ဘယ်သူက ငိုနေလို့လဲ "

"ကိုကိုလေ မျက်နှာပေါ်မှာ မျက်ရည်တွေနဲ့ "

အဲ့တော့မှ ရှက်ရွံ့ဟန်ဖြင့် မျက်နှာပေါ်က မျက်ရည်တွေကို ပွတ်သပ်ပစ်ကာ ကုတင်ပေါ် သွားတက်ထိုင်၏။Mick သက်ပြင်းချရင်း အနားဝင်ထိုင်ကာ အစ်ကိုဖြစ်သူကို နှစ်သိမ့်ရတော့၏။

"ဘာဖြစ်လာမှန်းတော့ မသိပေမယ့် ကိုကိုရာ ကိုကို့ဒီလိုပုံစံက ကျွန်တော်တို့ကိုလည်း ပိုပြီး စိတ်မကောင်းဖြစ်စေတယ်လေ "

"ငါ့ဘာသာ ဖြစ်တာကို "

"ကိုကို့ဘာသာဖြစ်နေပေမယ့် မေမေဆို မကြည့်ရက်လို့တဲ့ "

"နားငြီးတယ် "

Mick ပါးစပ်ကလေးပိတ်သွားရ၏။တစ်သက်လုံး သူ ပေါက်ပေါက်ဖောက်သမျှ ခံလာရတာကို အခုနည်းနည်းပြောရသေးတယ် နားငြီးတယ်တဲ့။ကိုယ်ချင်းစာလေလို့ ပြောချင်ပေမယ့် ဝေဒနာခံစားနေသူကို မကြည့်ရက်တာမို့ ဘာမှမပြောလိုတော့။စိတ်ပြေလက်ပျောက် အပြင်ကို ခေါ်ထုတ်ဖို့ဘဲ တွေးလိုက်ရတော့၏။

"မြို့ပြင်က ကြာကန်မှာ ကြာပန်းတွေ ပွင့်နေပြီ သွားကြည့်ချင်လား"

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Where stories live. Discover now