-30-

678 28 9
                                    

"ဘာတွေ မှိုင်နေတာလဲ Mike "

မျက်နှာထားတည်တည်နဲ့ Mike က ခံစားချက်တွေကို မျက်နှာပေါ်မှာ မထုတ်ပြတတ်တဲ့သူမျိုး။ အဲ့လိုလူက သက်ပြင်းခဏခဏချကာ ငိုင်နေတာမို့ ခေါင်းဆောင် မေးလိုက်မိခြင်းဖြစ်၏။ မျက်ဝန်းတွေက ညှို့ညှို့မှိုင်းမှိုင်းဖြင့် ရည်းစားပူမိနေသည့်နှယ်။ ဒါကိုဘဲ ဟန်ဆောင်ဟာ မျက်နှာကို တည့်တည့်မကြည့်ဘဲ ရှောင်လွှဲပစ်ရင်း ဖြေလာသည်က

"ဘာမှမဖြစ်ပါဘူး ခေါင်းဆောင် "

"ငါ့ကို မဖုံးကွယ်ချင်စမ်းနဲ့ Mike စစ်ပွဲကိုတောင် မစိုးရိမ်တဲ့လူက ဘာတွေများ စိုးရိမ်စရာရှိနေလဲ "

"ကျွန်တော် "

"အင်း "

"ဘာမှမဟုတ်တော့ဘူး "

"ပြောစမ်းပါ "

"မပြောချင်ပါဘူး ခေါင်းဆောင်ရယ် "

"အဲ့ဒါဆိုလည်း မ​ပြောနဲ့ "

"ကျွန်တော် သဘောကျတဲ့သူက ကျွန်တော့်ကို ငြင်းလိုက်တယ် "

"ဆရာဝန်လေး Top Tap ကလား "

ခေါင်းဆောင်မေးမိတော့ ဘယ်လိုလုပ်သိတာလဲဆိုတဲ့ အကြည့်နဲ့ ကြည့်လာ၏။မသိနိုင်ရိုးလား ဘဝတစ်လျှောက်လုံး Mike ဘက်က ရောရောထွေးထွေးနေဖူးတာ ဘယ်သူများရှိခဲ့လို့လဲ။ ခေါင်းတော့ ပြန်မညိတ်ပြပေမယ့် သက်ပြင်းသဲ့သဲ့ချ၏။ ခေါင်းဆောင်လည်း တပည့်ဖြစ်သူ မျက်နှာကို ကြည့်ကာ သက်ပြင်းခိုးရှိုက်ရင်း အကြောင်းအရင်းကို မေးမိ၏။

"ဘာလို့ငြင်းတာတဲ့လဲ "

"သံယောဇဉ်တော့ ရှိပေမယ့် မချစ်ဘူးတဲ့ ပြီးတော့ တစ်စုံတစ်ယောက်ကို ချစ်လို့ ဖြစ်ပေါ်လာမယ့် လွမ်းခြင်းဆွေးခြင်းတွေကိုတောင် မခံစားနိုင်ဘူးတဲ့ "

"ချစ်ရမှာ ကြောက်နေပုံဘဲ "

"ပြီးတော့ သူက ဒီလိုမျိုး ဆေးကုပြီးဘဲ သူ့ဘဝကို မြှုပ်နှံသွားချင်တာတဲ့ တကယ်ချစ်တယ်ဆိုရင် သူ့ဘဝလေးကို မနှောက်ယှက်ပါနဲ့တဲ့ ခေါင်းဆောင် "

"အင်း! ဒီလိုဆိုတော့လည်း ဘယ်တတ်နိုင်မလဲ Mike ရာ! အချစ်ဆိုတာ ပိုင်ဆိုင်ခွင့်ရဖို့မှ မလိုတာ သူပျော်နေတာလေးကို ကြည့်ခွင့်ရနေရင်လည်း ဒါက ချစ်ခြင်းမေတ္တာဘဲလေ "

ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/Tempat cerita menjadi hidup. Temukan sekarang