"နာမည်! "
"သြော် Win metawin "
ပန်းနုရောင် နှုတ်ခမ်းဖျားက နာမည်ကို ထုတ်ပြောလိုက်တဲ့အချိန် နှလုံးသွေးတွေ ရပ်တန့်သွားသလို ဖြစ်တာ ဘာကြောင့်ပါလဲ။အခုမှ မြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို စိမ်းမနေဘဲ ဆယ်ဘဝလောက်ဆက်တိုက် ရင်းနှီးနေ ခဲ့သလိုမျိုးနဲ့ ။မင်းနဲ့ ကိုယ် ဘယ်သံသရာတကွေ့မှာ ကြုံဆုံခဲ့ဖူးပါသလဲ။
"ခေါင်းဆောင် ကျွန်တော်တို့ ပြန်ဆုတ်မှ ဖြစ်မယ် သူတို့တွေ ဝိုင်းလာရင် ကျန်တဲ့သူတွေ ထိခိုက်ကုန်လိမ့်မယ် "
"အင်း! "
သူ့နာမည်ကျ ပြန်မပြောဘဲ Win ကို စိုက်ကြည့်နေတဲ့သူက သူ့တပည့် စကားလာပြောမှ လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။ ဒီလူနဲ့ ရင်းနှီးနေသလို ဖြစ်နေတာကရော ဘာကြောင့်လဲ။ သူ့မျက်နှာကို ကြာကြာစိုက်ကြည့်မိရင် မွန်းကျပ်လာတာကရော ဘာကြောင့်လဲ။ စိတ်တွေရှုပ်ထွေးနောက်ကျိလာပြီး တစ်စုံတစ်ခုကို အသည်းအသန် သိချင်တဲ့ ခံစားချက်က အရှိန်အဟုန်ဖြင့် ဖြစ်တည်လာ၏။
"သူ့ကို ခေါ်ခဲ့ "
"ဟမ်! "
"တကယ် တကယ်လား ခေါင်းဆောင်! "
ဓားစားခံအနေနဲ့ ခေါ်သွားမယ့်ပုံစံပြောနေတာကြောင့် Mike မှာ ခေါင်းဆောင်ဖြစ်သူကို တအံ့တသြ ပြန်မေးမိ၏။ခေါင်းဆောင်က ခက်ခဲတဲ့အခြေအနေမှာတောင် တစ်ခြားသူတွေကို ဓားစားခံလုပ်လေ့မှ မရှိတာ။ယခုလို ဆေးရုံကို ဝင်စီးရတာလည်း အခြေအနေ တစ်ခုကြောင့်လေ။
"သူက ဧည့်သည်ဆရာဝန်မို့ ခေါ်သွားလို့မရပါဘူး! "
တားလာတဲ့ ဆေးရုံက သူတွေ။ ခေါ်သွားခံရမယ့်သူကတော့ အခုထိ အခြေအနေကို နားမလည်သေးသည့်ဟန် ဟိုကြည့်ဒီကြည့်။
"ငါတို့နေရာရောက်ရင် ပြန်ပို့ပေးမှာ "
ခေါင်းဆောင်က စိတ်မရှည်တော့တဲ့ ပုံစံဖြင့် ပြောလာတော့၏။စကားများများပြောရတာ မကြိုက်ပါဘူးဆို။
"ဟို! "
"ဆေးရုံအုပ် ဒီကအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ သိတယ်မှတ်လား! "
VOUS LISEZ
ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/