အပိုင်း (15)

Start from the beginning
                                    

ကြင်ယာတော်တွေကို ပို့တဲ့ အဖွဲ့ ပြန်ရောက်လာတဲ့ အချိန်ထိ သူမူးရူးနေတုံးပဲ။ ညီလာခံလည်း မတက်နိုင်တော့ သလို ရာထူးပါ စွန့်ချင်းစိတ်တွေ ပေါ်လာခဲ့တယ်။ တကယ်လို့ သူသာ ဧကရာဇ် ဖြစ်ခဲ့ရင် သူ့ချစ်ရသူ လေးဟာ သူနဲ့ မဝေးသွား ဘူးလို့ အတွေး ဝင်မိလေတယ်။ အစက ထိုကဲ့သို့ တွေးမ်ချိန်မှာ ဧကရာဇ်ကို သစ္စာမဖောက် ဖို့ သူ့ရဲ့ အသိတရားက ပြောနေပေမယ့် ကြာလာတော့ သူမခံနိုင်တော့ပေ။

သူ့စိတ်တွေ ယိမ်းယိုင်လာတယ်။ သူဟာ နိုင်ငံတော် အတွက် အကျိုးပြုခဲ့ပေမယ့် သူ့အတွက် တကယ်များ ဘာတွေ ပြန်ရခဲ့သလဲ လို့တွေးမိလာတယ်။

ကိုယ်ချစ်ရသူ ကိုမှ မပိုင်ဆိုင်နိုင်မှတော့ သူဟာ ကြီးကျယ်တဲ့ ဗျူဟာမှုး ပထမ အဆင့် စစ်သူကြီးဖြစ် အုံးတော့ ဘာတွေများ အသုံးကျအုံး မှာတဲ့လဲ။

ထိုအတွေးတွေကို လက်ခံလိုက်တာနဲ့ သူဟာ ခြေထောက်ကို ပြန်ကုသထားလို့ သက်သာ နေတဲ့ ခြေထောက်တွေနဲ့ တွန်းကုလားထိုင် ပေါ်ကနေ ထလိုက်တယ်။

ပြီးတော့ သူ့ရဲ့ လက်အောက် ငယ်သား တစ်ယောက် ကို လှမ်းခေါ်လိုက်တယ်။

'' အထဲကို ဝင်လာခဲ့''

သူ့ရဲ့ လက်အောက် ငယ်သား က သူ့တို့ရဲ့ စစ်သူကြီး ပြန်ကောင်း သွားတာကိုတွေ့တော့ အလွန်ကိုပျော်ရွှင် သွားလေတယ်။

ဟုတ်ပါတယ်။

ပေ့လန်ကျင်း တစ်ယောက် သူ့ရဲ့ ခြေထောက်တွေ တကယ် အများကြီး ကြီးကြီးမားမား ဒဏ်ရာ မရသွားပေမယ့် ရသွားဟန်ဆောင် ခဲ့တာ ပဲ ဖြစ်တယ်။

ဒါကြောင့် သူ့လက်အောက်က လူတွေ ကတောင်မှ သူတစ်ကယ် ကျိုးကန်းသွားတယ် ဆိုတာကို ယုံကြည်နေကြတာ ပဲ ဖြစ်လေတယ်။ အခုဝင်လာတဲ့ သူက သူ့အပေါ် အရမ်းကို သစ္စာရှိတဲ့ လက်အောက်ခံ လူ ဖြစ်တဲ့ အတွက် သူ့လျှို့ဝှက် ချက် ကိုပြ သလိုက်တာပဲ ဖြစ်တယ်။

'' ငါ့အိမ်တော် ထဲက နန်းတွင်းက သူလျှိုတွေကို သိပြီးပြီလား''

ထိုအခါ ထိုငယ်သားက ဒူးထောက်ကာ ပြောလေတယ်။

'' စစ်သူကြီး အမိန့်တိုင်း စုံစမ်းပြီးလို့ သိပြီးကြောင်းပါ။ ပြီးတော့ သူတို့တွေကို ပင်မ အိမ်တော်ဝင်းနဲ့ ဝေးရာမှာ တာဝန်တွေ ကိုလွဲပြောင်း ပေးထားပါတယ်။''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now