အပိုင်း (14)

Start from the beginning
                                    

လူတစ်ယောက်မှာ ကိုယ်စားပြု ကြယ်အများကြီး ရှိဖို့က မလွယ်ပါပေ။ အမှန်အတိုင်း ပြောကြကြေး ဆိုရင် အထီးကျန်ကြယ်၊ အမှိုက်ကြယ် နဲ့ သွေးနတ်ဆိုး ကြယ်ဆိုတာက အဆိုးဝါးဆုံး ကြယ်တွေ ဖြစ်ပြီးတော့ ကိုယ်စားပြုခြင်း ခံရသူတွေ ကလည်း အဆုံးမှာ ဆိုးယုတ်တဲ့ သူတွေ ဖြစ်သွားတာ ချည်းပဲ ဖြစ်လေတယ်။

ဒါကြောင့် တော်ဝင် မင်းသားကြီးက သူ့ရဲ့ အငယ်ဆုံး သားလေး ကို ဆိုးယုတ် သူ လက်ထဲ မထည့်ပေး လိုပေ။ ဒါ့အပြင် သူက တော်ဝင် မင်းသားကြီး ဖြစ်တာမလို့ မွေးကတည်းက သူ့ရဲ့ သားဟာ ကောမှန်း အဖြစ်မှန် ဖော်ပြီးနောက် စေ့စပ်ချင် သူတွေ ပေါလာခဲ့လေတယ်။ ဒါပေမယ့် ဆရာတော်ကြီးက ထိုကံကောင်းခြင်းတွေဟာ သာမန်လူတွေ အပေါ် ဆိုးကျိူးသက်ရောက် နိုင်တယ်လို့ သိပြီးနောက် ဘယ်သူမှ လာပြီး မစေ့စပ်လိုကြတော့ပေ။

အဆင့်အတန်းမြင့်ချင် ကြပေမယ့် သူတို့ရဲ့ သားတွေ ကို မသေစေလို သလို ကံလည်း မဆိုးစေလိုပေ။ တစ်ချို့ မယုံတဲ့သူ၊ အဆင့်အတန်း မက်မောသူတွေ ရှိကြပေမယ့် ကလေးလေး ကိုတွေ့ပြီးတဲ့နောက် ဘေးဒုက္ခတွေ အမျိုးမျိုး ရောက်ကုန်လို့ ဘယ်သူမှ မစေ့စပ်နိုင်ကြတော့ပေ။

စီးခုန်မေ့ဟွားလေးက ကောအမျိူးသားလေး ဖြစ်လို့ ကောတစ်ယောက် ဖြစ်တဲ့ စီးခုန် ချီမြန် က အရမ်းကို ချစ်လေတယ်။ ဒါကြောင့် နန်းတွင်းထဲကို အမြဲခေါ်ပြီး ဆော့ကစား လေ့ရှိတယ်။

တစ်နေ့ မေ့ဟွားအသေးလေးက သူ့ရဲ့ အလှပဆုံး အပြင်အဆင်တွေနဲ့ နန်းတော်ချိန်ဝင်ချိန်မှာ မျက်နှာက ပေသလူးနေတဲ့ သူနဲ့ ရွယ်တူလောက် ရှိမယ့် ကလေးလေးကို တွေ့လိုက်ရတယ်။

အမြဲတမ်း အငယ်ဆုံးလေးလို ဆက်ဆံ ခံ​နေရတဲ့ မေ့ဟွားပေါက်စလေးက အကြီးတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် သူ့ခမည်းတော်က အဆိပ်မိသွားလို့ ကလေး ထပ်မရနိုင်တော့ဘူး လေ။ ဒါကိုတော့ မေ့ဟွားလေး နောက်မှ သိလာမှာပါ။

အခုတော့ သူ့ထက်တောင် ငယ်ပုံပေါ်တဲ့ ကလေးကိုတွေ့တော့ သူအရမ်းကိုကျေနပ်သွားတယ်။ အကြီးဖြစ်ချင်တဲ့ သူ့ရဲ့ ဆန္ဒလေး ပြည့်စေဖို့ အတွက် ထိုကလေးလေးကို လက်လေး ကမ်းပေးကာ ဝမ်းကွဲ အမတော် ဧကရာဇ် ဆီသွားပြီးတော့ ထိုကလေးကို သူ့ဆီ ပေးဖို့ရာ တောင်းဆိုခဲ့တယ်လေ။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now