အပိုင်း ( 12)

Start from the beginning
                                    

ထိုအခါမှ ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့ အလှလေး သုံးယောက်က မျက်နှာတော်လေးတွေ ကြည်သာ သွားကြလေတယ်။

အပြင်ဘက်က ကောတွေနဲ့ မိန်းမပေါင်း များစွာ ဟာ တစ်ဦးတည်းသော ' ဝမ် ' ဘွဲ့ ရထားတဲ့ စီးခုန်ချီယာ့ရဲ့ ကလေးကို မွေးပေးကြချင်ပေမယ့် သူတို့ကတော့ မမွေးပေး ချင်ကြတာ သိသွားခဲ့ရင် နေရာလဲ ပါရစေလို့ ပြောကြမှာ အမှန်ပါပဲ။

ဒါပေမယ့် လီချိန်ဟွာက အနည်းငယ် မျက်မှောင် ပြန်ကြုတ် ပြီးတော့ ပြောလာခဲ့တယ်။

'' ဝမ်ရယ်က ကျွန်တော် တို့ကို ရှင်းလင်းအောင် ဖိတ်ခေါ်မှတော့ ကျွန်တော် ဖုံးကွယ် မထားတော့ပါဘူး။ ဧကရာဇ်က ကျွန်တော့်ကို ဝမ်ရယ်ရဲ့ သွေးသားကို မွေးစေချင်တယ်တဲ့။ ပြီးတော့ ကျွန်တော့်မှာလည်း ရွေးချယ်စရာ မရှိလို့ သဘောတူခဲ့ရတယ်။ ''

လီချိန်ဟွာရဲ့ စကားကို ကြားတော့ ထန်ချီ လန့်သွားလေတယ်။

ဒါပေမယ့် လီချိန်ဟွာက ဆက်ပြီးပြောတယ်။

'' ကျွန်တော် မျိုးကတော့ အရှင့်ရဲ့ ကလေးကို မမွေးပေးချင်ဘူး လို့တော့ မဆိုလိုဘူးပေါ့။ ဒါပေမယ့် အရှင်က အရှင့်ရဲ့ ဆက်ခံသူက ကြင်ယာတော်ကြီး ထန်ရဲ့ သွေးသားဖြစ် ရမယ်ဆိုမှတော့ ကျွန်တော်မျိုးလည်း အဲ့အမိန့်တိုင်း မလိုက်နာတော့ဘူး။ ''

''ဒါဆို မင်းကဘယ်လို ဖြစ်ချင်တာလဲ? ''

'' ကျွန်တော်မျိုးက ချမ်းသာတဲ့ ဘဝမှာ သက်တောင့် သက်သာ နေချင်ပါတယ်။ ''

ချီယာ့ မျက်ခုံးပင့်သွားလေတယ်။

'' ငါ့အမတော် က ကလေးကို မြင်ချင်နေတာ မဟုတ်လား။ မင်းက ဘယ်လိုလုပ် မှာတဲ့လဲ။ တော်ဝင်သွေးသား လားဆိုတာကို စစ်ဆေးလို့ ရတဲ့ မှော်ကျောက်တုံး ရှိတယ်နော်။ ''

အခန်းထဲက လူလေးယောက်ခမျာ စုပေါင်းစဥ်းစား နေပေမယ့် အဖြေထွက်မလာပါချေ။ ထိုအချိန်မှာပဲ ထန်ချီရဲ့ အသံလေး ထွက်လာခဲ့တယ်။

'' တော်ဝင်သွေးက အရှင်တစ်ယောက်ပဲ ရှိတော့တာ မဟုတ်ဘူးလေ။ တော်ဝင်မင်းသားကြီး ရှိသေးတယ်မဟုတ်လား''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now