အခန်း(၁၈၈)ကုယျန်ရှန်း မင်းက တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။

2.1K 348 37
                                    

အခန်း(၁၈၈) ကုယျန်ရှန်း မင်းက တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်

"ထွက်သွား ... ငါ့နာမည်ကို မခေါ်နဲ့ .. စိတ်ပျက်စရာကောင်းတယ် !"

ဝမ်နျဲ့နျန်က ကုယျန်ရှန်းရဲ့လက်ကို ပုတ်ထုတ်ပြီး မတ်တပ်ရပ်လိုက်သည်။

ကုယျန်ရှန်းက ဝမ်နျဲ့နျန်နှင့် ခြေတစ်လှမ်းအကွာတွင် နောက်ဆုတ်ရပ်နေလိုက်ပြီး "မင်း အမေရဲ့ နှစ်ပတ်လည်နေ့ ရောက်တော့မှာကိုသိလို့ ... သူ့ကို တွေ့ချင်တာနဲ့ လာခဲ့တာပါ။ " အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။

ဝမ်နျဲ့နျန်က အုတ်ဂူကျောက်တိုင်ရှေ့တွင် ချထားသော လီလီပန်းကို ကောက်ယူပြီး ကုယျန်ရှန်းထံသို့ ပစ်ပေါက်လိုက်သည်။

"မလိုအပ်တာမို့လို့ ကျေးဇူးပြုပြီး ဒီနေရာကနေ ထွက်သွားပေးပါ။"

"မင်း အခုလေးတင် ပြောခဲ့တဲ့ စကားကို ငါ ကြားခဲ့တယ်။ မင်း ငါ့ကို ချစ်နေသေးမှန်း သိရလို့ ငါ အရမ်းပျော်တာပဲ။ ဒါပေမယ့် အခုတော့ ... ငါ တောင်းပန်ပါတယ်။ ငါ တောင်းပန်ပါတယ် နျန်နျန် ... ငါ ရှေ့ဆက်လို့ မဖြစ်သေးဘူး။..." ကုယျန်ရှန်းက ခေါင်းငုံ့ပြီး လေးလေးနက်နက်နှင့် ပြောလိုက်သည်။

"မင်း ကစားတာကို ဘာမှမသိဘဲ ခံလိုက်ရတဲ့ ငါ့ပုံစံကိုကြည့်ရတာ ပျော်ဖို့ ကောင်းလား။ ချန်းလုံအန်း ငါ့ကို ဟာသလုပ်နေတာကို မင်း ကြည့်နေခဲ့တယ် မလား။ "

ကုယျန်ရှန်းက မိုးဖွဲကြောင့် စိုစပြုလာပြီ ဖြစ်တဲ့ ဝမ်နျဲ့နျန်ရဲ့ ဆံပင်နှင့် အဝတ်အစားကို ကြည့်လိုက်သည်။ ထို့နောက် သူ့အပြင်ဝတ်ကိုအလျင်အမြန်ချွတ်ပြီး ရှေ့သို့တိုးကာ တုန်ရီနေသော ဝမ်နျဲ့နျန်၏ကိုယ်ပေါ်၌ လွှမ်းခြုံပေးထားလိုက်သည်။

"ငါ မင်းကို မကစားရပါဘူး။ မင်းအတွက်ထားတဲ့ ငါ့ခံစားချက်အားလုံးက အစစ်အမှန်ပါ။ ငါ့နဲ့ ချန်းလုံအန်းက လွန်ခဲ့တဲ့ရက်တုန်းက ပြန်တွေ့ခဲ့တာပဲ။ ငါတို့ က ..."

"ဆက်မပြောနဲ့တော့" ဝမ်နျဲ့နျန်က ကုယျန်ရှန်းကို တွန်းထုတ်ပြီး လွှမ်းခြုံပေးထားသည့် အပြင်ဝတ်ကိုလည်း မြေကြီးပေါ်သို့ လွင့်ပစ်လိုက်သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Место, где живут истории. Откройте их для себя