အခန်း(၁၆၁) ငါတောင်းပန်ပါတယ်။
"နျန်နျန် .....? "
ရင်းနှီးနေသော ခေါ်သံတစ်ခုကိုကြားလိုက်ရသည်နှင့် ဝမ်နျဲ့နျန် မတ်တပ်ပြန်ရပ်ပြီး သူက ကြမ်းပြင်ပေါ်လဲကျနေတဲ့သူကို သံသယဖြစ်စွာ စိုက်ကြည့်လိုက်သည်။ အရက်နံ့သည်လည်း သူ့နှာခေါင်းထဲ တိုးဝင်လာခဲ့သည်။
'ထိုသူက ကုယျန်ရှန်း ဖြစ်နေခဲ့သည်။...' ဝမ်နျဲနျန်က ကုယျန်ရှန်းကို တွဲထူပြီး နံရံတွင်ပေးမှီကာ ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်သည်။ သူတို့အနားတွင် ဘယ်သူမှတော့ ရှိမနေပေ။
ကုယျန်ရှန်းက သူ့အရှေ့တွင်ရှိနေသည့်သူကို ရီဝေစွာငေးကြည့်နေရင်း ဝမ်နျဲ့နျန်ရဲ့လက်ကို ရုတ်တရက် ဖမ်းဆွဲထားလိုက်သည်။
"ငါ တောင်းပန်ပါတယ် ...။ နျန်နျန် .... မင်း လား။ မင်း ငါ့ကို ခွင့်လွှတ်လိုက်ပြီလား။ မင်း .... မင်း ငါ့ကို ခွင့်လွှတ်လိုက်ပြီလား။ ___" ကုယျန်ရှန်းက ဝမ်နျဲ့နျန်ရဲ့လက်ကို လွှတ်မပေးဘဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း တောင်းပန်ပါတယ်' ဆိုသည့် စကားကိုသာ တဖွဖွရွတ်နေခဲ့သည်။
"မင်း ဒီကို ဘယ်သူ့နဲ့ လာတာလဲ။ ရှောင်လီလား။ သူ့ကို လာကြိုခိုင်းလိုက် "
ဝမ်နျဲ့နျန်ရဲ့မျက်တောင်ဖျားလေးတွေက မသိသာစွာလှုပ်ခါလျက် ကုယျန်ရှန်းလက်ထဲမှ သူ့လက်ကို ခက်ခက်ခဲခဲပြန်ဆွဲထုတ်ရင်း ပြောလိုက်သည်။
"မဟုတ်ဘူး ... ငါ ဘယ်သူ့နဲ့မှ လာတာ မဟုတ်ဘူး။ ငါ မင်းကိုပဲ ချစ်တာ။ ငါ တစ်ခြားသူတွေနဲ့ လာတာ မဟုတ်ပါဘူး ....။"
ဝမ်နျဲ့နျန်က သူ့လက်ကိုဆွဲထုတ်ပြီး လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။ ဒါကိုမြင်တော့ ကုယျန်ရှန်းက ချက်ချင်းမတ်တပ်ထရပ်ပြီး ဝမ်နျဲ့နျန်ကိုနံရံ၌ ဖိတွန်းကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။
"မသွားပါနဲ့ .... ငါ့ကို မထားခဲ့ပါနဲ့ ..."
"ငါ့ကိုလွှတ် ကုယျန်ရှန်း .... မင်း မူးနေပြီ ... ငါ့ကို လွှတ်ပေး "
ထိုစဉ်၌ သိပ်မဝေးတဲ့ သီးသန့်အခန်းထဲမှ လူတစ်ချို့ထွက်လာပြီး အသံကြောင့် ဝမ်နျဲ့နျန်တို့ဘက်ကို လှည့်ကြည့်လာကြသည်။
VOUS LISEZ
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Roman d'amourသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့