အခန်း(၁၈၃) မင်း သူ့ကို ဝမ်နျဲ့နျန်နဲ့ ခြိမ်းခြောက်လို့ ရတယ်

2.2K 330 9
                                    

အခန်း (၁၈၃) မင်း သူ့ကို ဝမ်နျဲ့နျန်နဲ့ ခြိမ်းခြောက်လို့ရတယ်


အိမ်၏ခန်းမအတွင်း ဝင်သွားသည်နှင့် လုယွင်ဘေးတွင် ဒူးထောက်ထိုင်နေသည့် ကုလင်ကို ကုယျန်ရှန်း ဦးစွာ တွေ့လိုက်ရသည်။

"အမေ ပြန်ရောက်ပြီလား။" ကုယျန်ရှန်းက ဒူးထောက်နေသော ကုလင်ဘေးတွင် ရပ်၍ လုယွင်ကို နှုတ်ဆက်လိုက်သည်။

"မင်း ... မင်း ဘယ်လိုလုပ်ပြီး ဒဏ်ရာတွေ ရခဲ့တာလဲ။ ဘယ်သူ လုပ်တာလဲ။" လုယွင်က ကုယျန်ရှန်းကို ကြိမ်းမောင်းဖို့ ခေါင်းမော့လိုက်ပေမယ့် သူမြင်လိုက်ရသည့် မျက်နှာပေါ်က ဖူးယောင်နေသော ဒဏ်ရာများနှင့် ပုခုံးပေါ်က ပတ်တီးစည်းထားသော ဒဏ်ရာကြောင့် မှင်သက်သွားခဲ့သည်။

"ချင်မိသားစုက ကျွန်တော့်ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားတယ်။ သူတို့ ကျွန်တော့်ကို သတ်ချင်နေကြတယ် " ကုယျန်ရှန်းက သူ့အနောက်တွင် ရပ်နေသော ကျိုးယွမ်ဖုန်းကို လှည့်ကြည့်ပြီး မျက်မှောင်ကြုပ်၍ ပြန်ဖြေလိုက်သည်။

" သူတို့လက်ထဲမှာ ဓားတွေကိုင်ထားကြတာနဲ့ ကျွန်တော်လည်းမရှောင်နိုင်ဘဲ ဒဏ်ရာရခဲ့တယ်"

ဓားဖြင့် တိုက်ခိုက်ခံရသည်'ဟူသော စကားကိုကြားသည်နှင့် လုယွင်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

"မင်း က... ဓားနဲ့ တိုက်ခိုက်ခံခဲ့ရတယ် ? ။ ချင်မိသားစုက ဒီလိုကိစ္စကို ဘယ်လိုများ လုပ်နိုင်ရတာလဲ။"

လုယွင်က ကုယျန်ရှန်းကို သူ့ဘေးနားသို့ ဆွဲခေါ်ပြီး ဓားဖြင့် တိုက်ခိုက်ခံထားရသည့် ပုခုံးပေါ်မှ ဒဏ်ရာကို စစ်ဆေးကြည့်ကာ ဆရာဝန်ပြောခဲ့သည့် စကားများကို မေးမြန်းနေသည်။

ဘေးတွင် ဒူးထောက်ကာထိုင်လျက်ရှိနေသည့် ကုလင်က သူ့ရှေ့ရှိ လုယွင်ကို ဝမ်းနည်းအားငယ်စိတ်များဖြင့် ကြည့်နေခဲ့သည်။ ထိုအကြည့်များ၌ အထီးကျန်ခြင်းလည်း ထင်ဟပ်နေပြီး ကိုယ်ပိုင်ခံစားချက်များကို ထိန်းချုပ်ဖို့ လက်သီးကို ဆုပ်ထားရင်းပင် ခေါင်းကို ငုံ့ထားခဲ့သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now