အခန်း(၁၈၂) စန္ဒရားထပ်မတီးနိုင်အောင် သူ့လက်ကို ချိုးပစ်ခဲ့။

2.8K 391 19
                                    

 အခန်း(၁၈၂) စန္ဒရားထပ်မတီးနိုင်အောင် သူ့လက်ကို ချိုးပစ်ခဲ့။

အနောက်မှနေ၍ တစ်စုံတစ်ယောက် ချဉ်းကပ်လာတာကို သတိထားမိတော့ ကုယျန်ရှန်း ထိုသူဘက်သို့လှည့်လိုက်ပြီး တစ်ဖက်သူလက်ထဲ ကိုင်ထားသည့် ဓားကိုပါ မြင်လိုက်တဲ့အခါ ကိုယ်ကို တစ်ဖက်သို့ စောင်း၍ ရှောင်လိုက်သည်။

သို့ပေမယ့် ခန္ဓာကိုယ်မှ ဆစ်ကနဲနာကျင်သွားရမှုကို အမှတ်မထင် ခံစားလိုက်ရပြီး ဓားတစ်လျှောက်စီးကျနေသော သွေးများက မြေကြီးပေါ်သို့ တစ်စက်'စက်နှင့် ကျနေခဲ့သည်။

"မင်း " ဓားကိုကိုင်ထားသည့်သူမှာ သူ့အရှေ့တွင်ရပ်နေသော ကုယျန်ရှန်းကို တအံ့တဩနှင့် ကြည့်နေခဲ့သည်။

တစ်ဖက်သို့ ကိုယ်ကိုစောင်း၍ ရှောင်လိုက်ပေမယ့် ဓားက ကုယျန်ရှန်းရဲ့ ဘယ်ဘက်လက်မောင်းအတွင်းသို့ ဦးစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ဝတ်ထားသော အက်ျီအနက်ရောင်ကြောင့် လက်မောင်းမှ သွေးနှင့် ဒဏ်ရာကို မမြင်ရပေမယ့် ဓားတစ်လျှောက်နှင့် လက်မောင်းမှ စီးကျလာသော သွေးများကိုတော့ မြင်နိုင်သည်။

ကုယျန်ရှန်းက သူ့လက်မောင်းမှ ဒဏ်ရာကို စောင်းကြည့်လိုက်ပြီး မျက်ဝန်းအကြည့်များသည်လည်း ချက်ချင်း အေးစက်ခက်ထန်ကာ မျက်နှာတစ်ခုလုံး မဲမှောင်သွားခဲ့သည်။ ထိုအမူအရာ ထိုအကြည့်ဖြင့် သူက ဓားကိုင်ထားသောသူကို ပြန်ကြည့်လိုက်သည်။ Tim က ဓားကိုရှေ့သို့ ချိန်ရွယ်ပြီး အနောက်သို့ ဆုတ်နေခဲ့သည်။

"Tim ... မင်း ဘာလုပ်နေတာလဲ။ သူ့ကို သတ်လိုက်လေ !"

လည်ပင်းအညှစ်ခံထားရသော ယောက်ျားက ထိုအဖြစ်အပျက်ကို အခွင့်ကောင်းယူကာ ရုန်းထွက်ပြီး မြေကြီးပေါ်တွင် လဲကျနေသော သူကို ဆွဲထူကာ Tim ရှိရာဘက်သို့ သွားခဲ့သည်။ သူက Tim လက်မှဓားကို ဆွဲယူပြီး ကြောက်မက်ဖွယ်ကောင်းစွာ ပြောခဲ့သည်။

"ငါ ဒီနေ့ မင်းကို သင်ခန်းစာပေးပြမယ်။ ငါ့ကိုများ ဒီလို ဆက်ဆံရဲတယ် ပေါ့လေ။"

"ငါလည်း ကိစ္စကို ကြီးကြီးမားမားဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး။ ဒါပေမယ့် အခုက မင်းကိုယ်တိုင် ကိုယ့်သေတွင်း ကိုယ်တူးလိုက်ပြီဆိုတော့ မင်းကို ရဲလက်ထဲအပ်ဖို့လည်း မလိုတော့ဘူးပေါ့။ " ကုယျန်ရှန်းက စိတ်ပျက်လက်ပျက်နှင့်ပင် ပြန်ပြောလိုက်သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Hikayelerin yaşadığı yer. Şimdi keşfedin