အခန်း(၁၉၉)ပျောက်နေတဲ့ ကုယျန်ရှန်းက နောက်ဆုံး ပြန်ပေါ်တယ်

2.8K 454 34
                                    

အခန်း(၁၉၉)ပျောက်ကွယ်နေတဲ့ ကုယျန်ရှန်းက နောက်ဆုံးပြန်ပေါ်လာတယ်

ဝမ်နျဲ့နျန်က သူ့ထံကမ်းထားသော လက်ကိုခနမျှစိုက်ကြည့်နေခဲ့ပြီး လက်ကိုမြှောက်ကာ ထိုလက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ရှေ့တွင် မတ်တပ်ရပ်နေသောသူ ကို မော့ကြည့်ခဲ့သည်။

"ကု ယျန်ရှန်း ..."

သို့ပေမယ့် သူ့ရှေ့တွင်ရပ်နေသော ရင်းနှီးလှသည့် မျက်နှာတစ်ခုကို မြင်ပြီးနောက်မှာ ဝမ်နျဲ့နျန်၏ မျက်ဝန်းထဲတွင် လင်းလက်နေသည့် ရောင်စဉ်တို့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

"အကို နျဲ့နျန် ... အကို အဆင်ပြေရဲ့လား။ " ကုလင်က ဝမ်နျဲ့နျန်ကို စိုးရိမ်တကြီး ကြည့်၍ မေးလိုက်သည်။ သူ့လက်တွင်ကိုင်ထားသည့် ကုတ်ကိုလည်း ဝမ်နျဲ့နျန်ကိုယ်ပေါ်၌ လွှမ်းခြုံပေးခဲ့သည်။

ကုလင်က ဝမ်နျဲ့နျန်ကို တစ်ချိန်လုံး ဂရုတစိုက် စောင့်ကြည့်နေခဲ့တာဖြစ်သည်။ ယခုတွင်လည်း ဝမ်နျဲ့နျန် လမ်းကြားဘက်မောင်းသွားတာ မြင်ပြီး စိုးရိမ်သည်နှင့် အနောက်မှ လိုက်လာခဲ့ခြင်းဖြစ်သည်။

ဝမ်နျဲ့နျန်က သူဆုပ်ကိုင်ထားတဲ့ ကုလင်ရဲ့လက်ကို လွှတ်ပြီး ခေါင်းငုံ့ကာ ဘာစကားမှ မပြောတော့ချေ။

"အကို နျဲ့နျန်၊ မိုးရွာတော့မယ် ထင်တယ် ... ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးမယ် " ကုလင်က မှောင်ရိပ်ကျလာသော ကောင်းကင်ကိုကြည့်ပြီး ပြောလိုက်သည်။

"ကုလင် ... မင်း လည်း သိတယ် မလား။ မင်းတို့ အားလုံး သိကြတယ်.. ငါ တစ်ယောက်တည်းပဲ မသိတာ။ ငါ့ကို နတ်သမီးပုံပြင်ထဲမှာ ပေးနေဖို့ လုပ်ခဲ့ကြတာလား။ "

သက်ပြင်းသာ ချရင်း ကုလင်လည်း ဝမ်နျဲ့နျန်၏ရှေ့တွင် ထိုင်ချလိုက်သည်။ " တကယ်တော့ နတ်သမီးပုံပြင်ထဲမှာနေတာက အကို့ကို ပျော်ရွှင်စေပြီး နာကျင်မှုနဲ့ ဝေးစေတယ် လေ ... ။ "

ဝမ်နျဲ့နျန်က တစ်ဖက်တွင် ကန့်လန့်ဖြတ်၍ရပ်ထားသော ကုလင်မောင်းလာသည့် အမဲရောင်ကားကို ကြည့်လိုက်သည်။

"ချင်မိသားစု ကိစ္စကလည်း ငါ့ကြောင့်လား ...။ သူ ငါ့ကို တစ်ခုခုဖုံးကွယ်ထားခဲ့တယ် မလား။ ကုလင် မင်း ငါ့ကို အကုန်လုံး ပြောပြပါ " ဆို့နင့်၍ ပြောလာခြင်းပင်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now