အခန်း(၁၉၄)မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ရတာကို ငါသဘောကျတယ်

2.6K 421 54
                                    

အခန်း(၁၉၄) မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ရတာကို ငါသဘောကျတယ်

"မကြောက်နဲ့နော် နျန်နျန်... မင်း အိပ်ပျော်နေတာပါ ... ငါ မင်းကို ဆေးရုံခေါ်သွားမယ်"

ကုယျန်ရှန်းက တုန်တုန်ယင်ယင်ဖြင့်ပင် သွေးတို့လွှမ်းခြုံနေသော ခန္ဓာကိုယ်တစ်ခုကို ပွေ့ဖက်ချီလိုက်သည်။ ထိုအချိန်လေး၌ ဝမ်နျဲ့နျန်လက်ထဲမှ ပစ္စည်းတစ်ခုက သူ့ဘေးနားရှိ သွေးအိုင်ထဲသို့ ပြုတ်ကျလာခဲ့သည်။

'ထိုအရာက ဂီတနုတ်လည်ဆွဲလေးဖြစ်ပြီး .. အခု သွေးများဖြင့် ရဲရဲနီနေခဲ့သည်မှာ ... သူ၏ပိုင်ရှင်ဖြစ်သူအတိုင်း တစ်ထပ်တည်းပင်။'

ထိုလည်ဆွဲကို ငေးစိုက်၍ ကြည့်နေခဲ့သည့် ကုယျန်ရှန်းသည်လည်း ကွဲအက်နေတဲ့ ဆွဲသီးလေးအတိုင်း စိတ်ဝိဉာဉ်တို့ ပြိုလဲကျနေခဲ့သည်။

__Black Lotus__

အရေးပေါ်ကုသဆောင်၏ အပြင်ဘက် ခုံတန်းပေါ်၌ လက်ထဲကိုင်ထားသည့် လည်ဆွဲကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည့် လူတစ်ယောက်ထိုင်နေသည်။ သူ့ရဲ့ မဂ်လာဝတ်စုံအဖြူရောင်က သွေးကွက်များဖြင့် အနီရောင်သို့ ပြောင်းလဲနေသည်။

"အဆင်ပြေပါတယ် ... မင်း ဘာမှမဖြစ်ပါဘူး။ မင်း တကယ် ဘာမှမဖြစ်ပါဘူး။..."

ခံစားချက်တို့က ဆောက်တည်ရာမရဖြစ်လျက် .. မျက်ဝန်းနီနီတို့ကိုသာ အုပ်ကာ၍ ကုယျန်ရှန်း ငြိမ်သက်စွာ ပြိုလဲကျနေခဲ့သည်။ သူ့တစ်ကိုယ်လုံးက မိုးရေတို့ စိုရွှဲနေပြီး အမြဲလိုလို ထင်ဟပ်နေခဲ့သည့် မာန်'ဟူသည်လည်း ဘယ်ဆီပင် မသိ ပျောက်ဆုံးနေခဲ့သည်။

ကုလင်လည်း ကုယျန်ရှန်း၏ဘေးနား၌ ဘာစကားမှမပြောဘဲ ရပ်နေခဲ့သည်။ ဒီအချိန်၌ သူ့စကားတွေလည်း အရာရောက်မှာ မဟုတ်မှန်း သိနေတာကြောင့် အရေးပေါ်ခန်း၏ တံခါးကိုသာ စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

"ကုလင် .... ငါက သူ့ဘဝမှာ ရှိမလာသင့်တဲ့ သူလား။ ငါ __ ပျောက်ကွယ်သွားသင့်လား။"

"အကို ? " ကုလင်မှင်သက်နေခဲ့သည်။

"သူ့ကို အမြဲတမ်း နာကျင်အောင် လုပ်နေတဲ့သူက ငါပဲ။ ငါက သူ့ကို ကာကွယ်ပေးချင်တဲ့ အချိန်တိုင်း၊ ငါက သူ့ကို ပျော်စေချင်တဲ့ အချိန်တိုင်း ... တကယ်တမ်း သူရခဲ့တာက ငါ့ကြောင့် ဖြစ်တဲ့ နာကျင်မှုတွေပဲ" ဆို့နင့်စွာ ထွက်ပေါ်လာသည့် ထိုစကားတို့က ကြေကွဲမှုအပြည့်နှင့် အက်ရှရှပင် ကုယျန်ရှန်း ပြောလာသည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now